-->
×

Warning

JUser: :_load: Unable to load user with ID: 29




 


 


 


 





 


 


 


 



 

သြစတေးလျ နိုင်ငံရဲ့ ကြော်ငြာရေးရာ ဥပဒေများ

 


 


 


 

 

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

 

>>> Unicode <<<

 

သေဆုံးသွားပြီဖြစ်သော Audrey Hepburn ကို ပြန်လည်သရုပ်ဆောင်ခိုင်းထားတဲ့ Galaxy ကြော်ငြာ

----------------------

 

လူငယ်ကြိုက် သရေစာမုန့်ကြော်ငြာဖြစ်သော Galaxy ချောကလက် ကြော်ငြာမှာ Audrey Hepburn ကို ပြန်လည်အသက်သွင်းကာ သရုပ်ဆောင်ခိုင်းထားပါတယ်။

 

Audrey Hepburn ကို Monkey Puzzle အဖြစ်လူသိများပြီး ၁၉၅၀ ခုနှစ်တွေရဲ့အမျိုးသားများသည်းသည်းလှုပ်အားပေးကြတဲ့ မင်းသမီးတစ်လတ်ပါ။

 

သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Breakfast at Tiffany's , Roman Holiday , My Fair Lady , Sabrina ( 1954) စတဲ့ဇာတ်ကားများဟာ တစ်မူထူးခြားခဲ့ပါတယ်။

 

Audrey Hepburn ဟာ ၁၉၉၃ မှာကတည်းက ကင်ဆာရောဂါ ကြောင့် သေဆုံးခဲ့ပြီးပါပြီ ။

 

သို့ပေမဲ့ Galaxy ချောကလက် ကြော်ငြာမှာ သူမအနေနဲ့ Full Body CGI နှင့်ပြန်လည် ပါဝင်ခဲ့ပါတယ်။



Audrey Hepburn ရဲ့ ရှိစဉ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံများ video ကိုပြန်လည်အသုံးပြုထားကာ ကာလာသွင်း CGI effect ထည့်ထားတယ်သိရပါတယ်။

 

စီးကရက္ သမ

 

ကြော်ငြာ လေးကို ကာလာ ကို စိတ်ကူးယဉ်ဆန်တဲ့ အရောင်ဖြစ်တဲ့ အဝါရောင်များများ ထည့်သွင်းထားပြီး ပုံဖော်ထားပါတယ်။

 

ကြော်ငြာ ဇာတ်လမ်းလေးက တော့ Hollywood မှ Classic ရုပ်ရှင်တွေရဲ့ Fairy Tale ဇာတ်လမ်းဆန်ဆန် , ကားလမ်းပိတ်နေလို့

 

လိုရာ ခရီး မရောက်တဲ့ မင်းသမီးလေးကို မင်းသားလေးက ကားပေါ် ခေါ် တင်ကာ လိုရာ ခရီး လိုက်ပို့ ဟန် ရိုက်ပြပုံဖော်ထားပါတယ်။


Creative Director ကတော့ Paul Brazier ဖြစ်ပြီး , ကြော်ငြာ ရဲ့ အသံ ပိုင်းဆိုင်ရာ အတွက် Wave မှ ဖန်တီးထားတယ်သိရပါတယ်။

 

ထိုကြော်ငြာရဲ့ ဒါရိုက်တာက Daniel Kleinman ဖြစ်ပြီး အင်္ဂလန်နိုင်ငံရဲ့ BBDO ကြော်ငြာအေဂျင်စီမှ ဖန်တီးပုံဖော်ထားတယ်သိရပါတယ်။

 

ယခုလတ်တလော မှာ ကြော်ငြာများ ရုပ်ရှင်များတွင် ယခင် Classic ရုပ်ရှင် အပိုင်းမှ ၁၉၅၀ ခုနှစ်တွေဆီက မင်းသားမင်းသမီးများကို

 

Full body CGI ဖြင့် ပြန်လည်အသက်သွင်းသရုပ်ဆောင်ခိုင်းတာမျိုးတွေတွေ့ရတယ် ဒါကလည်း Classic ပရိသတ်အတွက်သတင်းကောင်းပါပဲ။

 

Source From Bustle

Myanmar Advertising Directory 

Read times
Rate this item
(0 votes)