-->
×

Warning

JUser: :_load: Unable to load user with ID: 29


Super Bowl ရဲ့ အပျံစားကြော်ငြာများ ( Part 1 )

Super Bowl

 



 

Generation X, Y , Z

 


 


 


 



 

Netflix ရဲ့ ပြောင်းလဲရမည့်ဗျူဟာ

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

 


 


 


 


 


 


 


 


 

 


 




 

<<< Unicode >>>

 

Super Bowl

 

Super Bowl ဆိုတာ ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကလေး ၊ လူကြီး နဲ့ ဆယ်ကျော်သက်များပါ မကျန် အားပေးတဲ့ အမေရိကန် ဘောလုံးပြိုင်ပွဲပေါ့..... အဆိုပါပြိုင်ပွဲမှာကြော်ငြာထည့်မည့်လူတွေကလည်း အပြိုင်အဆိုင်ပေါ့ ။

 

Marketing သမားတွေအတွက် ဆို ထို Super Bowl မှ ကြော်ငြာ ထည့် ခြင်းဟာ Generation X, Y , Z သုံးခုလုံးလုံးမှာ အကျိုးသက်ရောက်မှု့ရှိမယ်လို့ AdForum ရဲ့ ပြော ပြချက်အရ သိနိုင်ပါတယ်။

 

Generation X, Y , Z

 

Generation X ဆိုတာက အသက် ၅၀ ကျော်မှ ၆၀ ကျော်အပိုင်းအခြား လောက်ရှိတဲ့ Generation တစ်ဆက်လောက်ကို ဆိုလိုတာပါ။

 

Generation Y ဆိုတာကတော့ အသက် ၃၀ မှ ၄ဝ ကျော်အပိုင်းအခြား ရှိတဲ့ Generation တစ်ဆက်ပါ။

 

Generation Z ဆိုတာ ကတော့ အသက် ၂၀ ကျော်တွေနဲ့ ဆယ်ကျော်သက်တွေကိုဆိုလိုတာပါ။

 

ပြောရရင်တော့ National Football League (NFL) အမေရိကန် အမျိုးသားဘောလုံးကစားပွဲ ကို အမေရိကန်မှာ မကြည့် တဲ့ သူရှားပါတယ်

 

ဒါ့ကြောင့် လဲ Super Bowl ဟာ အမေရိကန်နိုင်ငံ ရဲ့ လူကြည့် အများဆုံး television broadcasts တစ်ခုရယ်လို့နာမည်ကျော်ကြား ပါတယ်။

 

ှSuperbowl ကို စောင့် မျှော်ကြည့် ရှု့ သူများထဲ တွင် အမေရိကန် နိုင်ငံသားတိုင်းသာ မက ထင်ရှား ကျော်ကြားတဲ့ ဆယ်လီဘရစ်တီများ ပါပါဝင်တယ်သိရပါတယ်။

 

ကြော်ငြာ ရှင်တွေက သူတို့ Product ရဲ့ လူစိတ်ဝင်စား မှု့ ကို ထို လူကြည့် များတဲ့ Super Bowl က နေတစ်ဆင့် တည်ဆောက်ကြပါတယ်။

 

ယခုနှစ် Super Bowl ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၃ ရက် ( ယနေ့ ) တွင် ဖလော်ရေဒါမှာရှိတဲ့ Hard Rock Stadium မှာ ကျင်းပါ့ပါတယ်။

 

ထိုအဆိုပါ SuperBowl ကို ကြည့်ရှု့ သူ ၁၀၀ မီလီယံ သန်းချီ နှစ်တိုင်းရှိတယ်လို့ သိရပါတယ်။

 

Ad Age ရဲ့ ပြောကြားချက်အရ ၃၀ စက္ကန့် ကြော်ငြာစာ နေရာလေးကို ၅ . ၆ သန်း မီလီယံ ကုန်ကျပါသတဲ့ .......

 

ထို သို့ ကုန်ကျငွေကို ကြော်ငြာ ထည့်မှတော့ ဆင်တစ်ကောင်လုံးဝယ်ပြီး ချွန်းဖိုး မတတ်နိုင်လို့မှ မရတာ တကယ့် ထင်ရှားကျော်ကြားသော ဆယ်လီ ဘရစ်တီ တွေကို ပဲ အသုံးပြု တော့ မှာပေါ့။

 

Super Bowl ကြော်ငြာ ရိုက်တဲ့ ဆယ်လီ တွေကတော့ Chris Evans, Sam Elliott နှင့် John Krasinski တို့ လို တကယ့် Cele အကြီးစားတွေပါဝင်စသရုပ်ဆောင်ထားပါတယ်။

 

ဒါ့အပြင် အချို့ ကြော်ငြာ တွေမှာ ၁၉၈၀ လောက်က နာမည်ကြီး ထိတ်လန့် ကြောက်မက်ဖွယ်ရာ Shining တို့လို Horror ဇာတ်ကာမျိုးကို ဟာသ ဆန်ဆန် ကြော်ငြာ ပြန်လည်ရိုက်ကူးထားတာတွေ့ရပါတယ်။

 

Chris Evans ဆိုတာ ကတော့ Marvel ရဲ့ နာမည်ကြီး Captain America မင်းသားဖြစ်ပြီး Hollywood ရဲ့ A- List စာရင်းဝင်မင်းသားတစ်ဦး ဖြစ်ပါတယ်။

 

Hollywood Reporter ရဲ့ ပြောဆိုချက်အရ Chris Evans ရဲ့ ကြော်ငြာကြေး ဟာ အခြား မင်းသားများထက် ၅ ဆ များတယ်လို့ သိရပါတယ်။

 

Amazon ၏ ဈေးကွက် မာယာ

 

Sam Eilliot တို့ လိ ုအော်စကာဆု ဇကာတင်စာရင်းဝင်မင်းသားကြီး ကလည်း ထို Super Bowl ကြော်ငြာ မှာပါဝင်ပါတယ်။

 

The Office ဇာတ်လမ်းတွဲတွေရဲ့ A Quiet Place ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ မင်းသားချော John Krasinski က အဆိုပါ Super Bowl ကြော်ငြာ မှာ ပါဝင်ပါတယ်။

 

ကဲ Super Bowl ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ ကြော်ငြာလေးတွေကို ကြည့်ရင်း သုံးသပ်ကြည့်ရအောင် ..........

 

Doritos ကြော်ငြာ ( The Cool Ranch )

 

Doritos ကတော့ လူငယ်တွေနဲ့ဆယ်ကျော်သက်တွေကြိုက်တဲ့ သရေစာမုန့် ဆိုတာ လူတိုင်းသိပြီးသားပါ အဆိုပါမုန့် ကြော်ငြာဆိုမှာ တော့ လုပ်ငန်းရှင်ပြစ်မှတ်ထား တာ က Generation Z တွေကိုပေါ့။

 

ဒါပေမဲ့ Super Bowl က အရွယ်သုံးပါးမရွေးကြည့် တာ ဆိုတော့ Generation X အတွက် Sam Eilliot ကိုအဓိက ထည့်ထားသလို ဆယ်ကြော်သက်တွေသိပ်ကြိုက်တဲ့ Old Town Road က အဆိုရှင် Lil Nas X အဓိက ထား ကြော်ငြာ ထဲထည့်ထားတယ်။

 

ဒီထက် Generation Y တွေ အတွက်ကို Billy Ray Cyrus ကို ကြော်ငြာ နောက်ဆုံးမှာ မျက်နှာလေးပါအောင်ထည့်ပေးထားသေးတယ်။

 

ဒီလိုကြော်ငြာ မှ မပေါက် ဘယ်သူပေါက်မလဲ အခုဆို အလု အယက် Doritos ကထုတ်တဲ့ အပြာ ရောင်အထုတ် သစ် The Cool Ranch ကို အလု အယက်ဝယ်ကြပါသတဲ့ ။

 

Hyundai ကြော်ငြာ ( Smaht Pahk )

 

Hyundai ရဲ့ ဒီကားကြော်ငြာကတော့ Generation Y တွေကို အဓိက ထားပြထားသလို Chris Evans ကို သူ့အပြင်ပုံ အတိုင်း ဂွကျကျ လူပျို ကြီး အဖြစ် ပုံဖော်ထားတယ်။

 

ကားထဲမှာမှ ရိမုတ် ကွန်ထရိုး နဲ့ ထိမ်းချုပ်တဲ့ ကားဖြစ်တာကြောင့် အရမ်း ကြီး ဇိမ်ခံကား မကျတောင် ဇိမ်ခံကား စာရင်းထဲ တော့ အနည်းငယ်ဝင်တာ မို့ လူငယ်တွေအကြိုက်မဟုတ်ပဲ ကြော်ငြာ ကို လူကြီးတွေအကြိုက် ရည်ညွှန်းရိုက်ကူးထားပုံပါပဲ။

 

Smaht Pahk ဆိုတဲ့ ကား ပါကင်ကို ခေတ်မှီစွာ ထိုးနေပုံကို Chris Evans နဲ့ John Krasinski တို့ က ဟာသလေးနှောကာ ငြင်းခုန်ရင်းထိုကြော်ငြာလေးကို ရိုက်ပြထားပါတယ်။

 

MTN Dew Zero Sugar ကြော်ငြာ ( As Good As Original )

 

ဒီကြော်ငြာလေးက တော့ ၁၉၈၀ လောက်က ထွက်ရှိတဲ့ Classic Horror ရုပ်ရှင်တစ်ဖြစ်လဲ Shining ကို ဇာတ်ကြောရိုး ယူထားတယ်။

 

ပြောရရင်တော့ ယခင် Shining ရဲ့ မင်းသား Jack Nicholson နေရာ မှာ Bryan Cranston က သရုပ်ဆောင်ထားတယ် ထိုရုပ်ရှင်ထဲ က လူတွေသည်းထိပ်ရင်ဖိုဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပဲ ကြော်ငြာကို ဟာသနှော ပြီး ပြန်ရိုက်ထားတာ ပါ ။

 

Bryan အနေနဲ့ Jack Nicholson လို မင်းသားနေရာက ထိုကြော်ငြာထဲမှာ သရုပ်ဆောင်ရတာ မို့ သူ့ အနေနဲ့ လန့် နေတယ်ဆို ကာ Yahoo ကိုပြော ကြားခဲ့ပါသေးတယ်။

 

Super Bowl ရဲ့ ကြော်ငြာ တွေ အားလုံးဟာ Creative Idea အပြည့်နဲ့ ဖန်တီးထားတဲ့ ကြော်ငြာတွေပါပဲ ။လုပ်ငန်းရှင်တွေအနေနဲ့ ကလည်း တကယ့်ကို

 

သူတို့ Brand ကို လူတွေ စိတ်ထဲရောက်သွားအောင်နည်းမျိုးစုံနဲ့အနုပညာ ၊ နည်းပညာ ပေါင်းစပ်ပြီး ဖန်တီးထားခဲ့ကြတာပါ

 

ဒါ့ကြောင့် Super Bowl ကြော်ငြာ တွေက သာမန်ကြော်ငြာတွေမဟုတ်ပဲ ကြည့်တန်တဲ့ ကြော်ငြာတွေထဲမှာပါပါတယ်လို့ အသိပေးလိုက်ရပါတယ်။

 

Myanmar Advertising Directory 

 

Read times
Rate this item
(1 Vote)