-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိုနာလီဆာ တစ္ေယာက္ ပန္းခ်ီကားအျပင္ကို ထြက္လာေသာအခါ

မိုနာလီဆာ တစ္ေယာက္ ပန္းခ်ီကားအျပင္ကို ထြက္လာေသာအခါ Google


ျပတိုက္ႀကီးထဲတြက္ ပ်င္းရိေနေသာ ပန္းခ်ီကားထဲ မိုနာလီဆာ ေလးဟာ ၁၉၅၀ ေက်ာ္က အဝတ္အစားမ်ားျဖင့္ အျပင္ေလာကကို ထြက္လာပါေတာ့တယ္ .......

အျပင္ထြက္လာတဲ့ မိုနာလီဆာ တစ္ေယာက္ ယေန႔ ေခတ္ႀကီးမွာ ဘာေတြ လုပ္မလဲ .......

ဒီျပင္သစ္ေၾကာ္ျငာေလးက ၂၀၁၉ ေမလက စတင္ထြက္ရွိခဲ့တာ ျဖစ္ၿပီး တကယ့္ကို ထူးထူးျခားျခားဆန္းဆန္းျပားျပားေလး ႐ိုက္ကူးထားတာျဖစ္တယ္။
ေၾကာ္ျငာ video က အရမ္းၾကည္လင္ျပတ္သားတယ္။

ျပင္သစ္ရဲ႕ ခပ္ေခ်ာေခ်ာ Model ေလး Eva Danino မွ သ႐ုပ္ေဆာင္ထားတယ္။

အေရာင္အေသြးကလည္းေတာ္ေတာ္ စုံလင္ေနေပမဲ့ တကယ့္ကို မ်က္စိေနာက္မသြားေစဘဲ ၾကည့္ရႉသူကို တကယ္လန္းဆန္းေစတယ္။
Effect ေလးသုံးထားတာေလးကလည္း တကယ့္ကို အျမင္ဆန္းေစတယ္။

Monaliza ေနရာက သ႐ုပ္ေဆာင္ထားတဲ့ Model ေလးဟာဆိုရင္လည္း
လုံးဝသူ႔ရဲ႕အရီ အၿပဳံးေလးေတြ နဲ႔ ၾကည့္ရႉသူပရိသတ္ကို တစ္ခါ ႏွစ္ခါမက ၾကည့္ေအာင္ ဆြဲေဆာင္ေနသလားမွတ္ရပါတယ္။

 

SEO အတြက္ ေတြးေတာသင့္သည့္ အခ်က္ ၃ ခ်က္

 

ဒီေၾကာ္ျငာေလးကို ေၾကာ္ျငာ ေအဂ်င္စီ Rosapark Paris မွ ဆန္းသစ္႐ိုက္ကူးထားၿပီး ၊
ဒါ႐ိုက္တာက Manu Cossu ျဖစ္ၿပီး အႏုပညာေရးရာ အႀကံေပးဒါ႐ိုက္တာမ်ားက Antoine Blondet, Frederic Leclerc, Sophian Bouadjera ပါ။
ဇာတ္ၫႊန္းျပန္သ သူမ်ားက Julien Moulin, Pierre-Antoine Dupin တို႔ျဖစ္ၿပီး လူအုပ္စီစဥ္ႀကီးၾကပ္သူ ဒါ႐ိုက္တာ Virginie Matias ပါ။
ထုတ္လုပ္သူကေတာ့ Thomas Laurent ျဖစ္ၿပီး Iconoclast Paris မွ ထုတ္လုပ္ျဖန႔္ခ်ီထားပါတယ္။

႐ိုက္ကြင္းအျပင္အဆင္ေရးရာ ပညာရွင္ကေတာ့ Arno Roth ပါ။အဝတ္အစားအျပင္အဆင္ကို ဖက္ရွင္ပိုင္းဆိုင္ရာ ပညာရွင္ Laura Tunon Mendez မွ ပံပိုးေပးထားတယ္။
အသံပိုင္းဆိုင္ရာ တည္းျဖတ္သမားမ်ားကေတာ့ Schmooze မွ Sylvain Rety , Matthieu Sibony, Grégoire Galian တို႔က အသံပိုင္းကို တာဝန္ယူထားတယ္။
သီခ်င္းေလးကေတာ့Sanjiv Sen ရဲ႕ သီခ်င္းပါ။

ၿပီးေတာ့ေၾကာ္ျငာ မွာ သုံးသြားတဲ့ တီးလုံးေလးက အစပိုင္းေအးေအးေလးနဲ႔ပရိသတ္ကိုစြဲေခၚသြားၿပီး ေနာက္ပိုင္း Monaliza ထြက္လာတဲ့အခ်ိန္ေလးမွာ တကယ့္ကို ျမဴးျမဴးႂကြႂကြေလး နဲ႔ နားေထာင္ေနသူေတြ အာ႐ုံေတြ ကို ေၾကာ္ျငာေလးထဲမွာ နစ္ေျမာေစတယ္။
တကယ့္ကိုေနရာခြင္က် အသံေလးသုံးထားတာ လုံးဝ Perfect ျဖစ္တယ္။

ျပခန္းထဲက လူေတြထြက္သြားတဲ့ အခ်ိန္ေလးမွာ ေျခသံေလးေတြလိုမ်ိဴး Monaliza ပန္းခ်ီကားထဲက ထြက္လာတဲ့ေျခသံေလး အဲ့လို အေသးစိတ္အသံေလးကအစ တီးလုံးသံရွိေနေပမဲ့ တိမ္ျမဳပ္မသြားဘဲ ေသေသခ်ာခ်ာၾကည္ၾကည္လင္လင္ေလးၾကားရတယ္။

ေၾကာ္ျငာထားတဲ့ Product ကေတာ့ ျပင္သစ္မွ အထူးျပဳလုပ္ထားေသာ ေရ Perrier ကို ေၾကာ္ျငာထားျခင္းျဖစ္တယ္ ဒီေၾကာ္ျငာေလးက ေမလ ထဲ က ေပမဲ့ အခုခ်ိန္ထိ ၾကည့္ရႈသူမ်ားေနစဲပင္ျဖစ္သည္.

ကဲ အရမ္း လူၾကည့္မ်ားပီး လုံးဝ ကို ႏွစ္လို ဖြယ္ေကာင္းတဲ့ ေၾကာ္ျငာေလးကို အားလုံးတူတူ ၾကည့္လိုက္ရေအာင္ ...........

<<< Unicode >>> 

 


ပြတိုက်ကြီးထဲတွက် ပျင်းရိနေသော ပန်းချီကားထဲ မိုနာလီဆာ လေးဟာ ၁၉၅၀ ကျော်က အဝတ်အစားများဖြင့် အပြင်လောကကို ထွက်လာပါတော့တယ် .......

အပြင်ထွက်လာတဲ့ မိုနာလီဆာ တစ်ယောက် ယနေ့ ခေတ်ကြီးမှာ ဘာတွေ လုပ်မလဲ .......

ဒီပြင်သစ်ကြော်ငြာလေးက ၂၀၁၉ မေလက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး တကယ့်ကို ထူးထူးခြားခြားဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာဖြစ်တယ်။
ကြော်ငြာ video က အရမ်းကြည်လင်ပြတ်သားတယ်။

ပြင်သစ်ရဲ့ ခပ်ချောချော Model လေး Eva Danino မှ သရုပ်ဆောင်ထားတယ်။

အရောင်အသွေးကလည်းတော်တော် စုံလင်နေပေမဲ့ တကယ့်ကို မျက်စိနောက်မသွားစေဘဲ ကြည့်ရှူသူကို တကယ်လန်းဆန်းစေတယ်။
Effect လေးသုံးထားတာလေးကလည်း တကယ့်ကို အမြင်ဆန်းစေတယ်။

Monaliza နေရာက သရုပ်ဆောင်ထားတဲ့ Model လေးဟာဆိုရင်လည်း
လုံးဝသူ့ရဲ့အရီ အပြုံးလေးတွေ နဲ့ ကြည့်ရှူသူပရိသတ်ကို တစ်ခါ နှစ်ခါမက ကြည့်အောင် ဆွဲဆောင်နေသလားမှတ်ရပါတယ်။

ဒီကြော်ငြာလေးကို ကြော်ငြာ အေဂျင်စီ Rosapark Paris မှ ဆန်းသစ်ရိုက်ကူးထားပြီး ၊
ဒါရိုက်တာက Manu Cossu ဖြစ်ပြီး အနုပညာရေးရာ အကြံပေးဒါရိုက်တာများက Antoine Blondet, Frederic Leclerc, Sophian Bouadjera ပါ။
ဇာတ်ညွှန်းပြန်သ သူများက Julien Moulin, Pierre-Antoine Dupin တို့ဖြစ်ပြီး လူအုပ်စီစဉ်ကြီးကြပ်သူ ဒါရိုက်တာ Virginie Matias ပါ။
ထုတ်လုပ်သူကတော့ Thomas Laurent ဖြစ်ပြီး Iconoclast Paris မှ ထုတ်လုပ်ဖြန့်ချီထားပါတယ်။

 

မိန္းကေလးတိုင္း မွာ အလွတရားရွိတယ္ဆိုတာ ကိုျမင္သာေအာင္ျပသလိုက္တဲ႔ Gucci ရဲ႕ Matte Lipstick ေၾကာ္ျငာ

 

ရိုက်ကွင်းအပြင်အဆင်ရေးရာ ပညာရှင်ကတော့ Arno Roth ပါ။အဝတ်အစားအပြင်အဆင်ကို ဖက်ရှင်ပိုင်းဆိုင်ရာ ပညာရှင် Laura Tunon Mendez မှ ပံပိုးပေးထားတယ်။
အသံပိုင်းဆိုင်ရာ တည်းဖြတ်သမားများကတော့ Schmooze မှ Sylvain Rety , Matthieu Sibony, Grégoire Galian တို့က အသံပိုင်းကို တာဝန်ယူထားတယ်။
သီချင်းလေးကတော့Sanjiv Sen ရဲ့ သီချင်းပါ။

ပြီးတော့ကြော်ငြာ မှာ သုံးသွားတဲ့ တီးလုံးလေးက အစပိုင်းအေးအေးလေးနဲ့ပရိသတ်ကိုစွဲခေါ်သွားပြီး နောက်ပိုင်း Monaliza ထွက်လာတဲ့အချိန်လေးမှာ တကယ့်ကို မြူးမြူးကြွကြွလေး နဲ့ နားထောင်နေသူတွေ အာရုံတွေ ကို ကြော်ငြာလေးထဲမှာ နစ်မြောစေတယ်။
တကယ့်ကိုနေရာခွင်ကျ အသံလေးသုံးထားတာ လုံးဝ Perfect ဖြစ်တယ်။

ပြခန်းထဲက လူတွေထွက်သွားတဲ့ အချိန်လေးမှာ ခြေသံလေးတွေလိုမျိူး Monaliza ပန်းချီကားထဲက ထွက်လာတဲ့ခြေသံလေး အဲ့လို အသေးစိတ်အသံလေးကအစ တီးလုံးသံရှိနေပေမဲ့ တိမ်မြုပ်မသွားဘဲ သေသေချာချာကြည်ကြည်လင်လင်လေးကြားရတယ်။

ကြော်ငြာထားတဲ့ Product ကတော့ ပြင်သစ်မှ အထူးပြုလုပ်ထားသော ရေ Perrier ကို ကြော်ငြာထားခြင်းဖြစ်တယ် ဒီကြော်ငြာလေးက မေလ ထဲ က ပေမဲ့ အခုချိန်ထိ ကြည့်ရှုသူများနေစဲပင်ဖြစ်သည်.

ကဲ အရမ်း လူကြည့်များပီး လုံးဝ ကို နှစ်လို ဖွယ်ကောင်းတဲ့ ကြော်ငြာလေးကို အားလုံးတူတူ ကြည့်လိုက်ရအောင် ...........

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)