-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ဘာကြောင့် သူတို့လိုမအောင်မြင်တာလဲ???

သင်ဘာကြောင့် သူတို့လိုမအောင်မြင်တာလဲ??? google.com

လောကမှာလူတိုင်းက ကံကောင်းနေပြီး ကိုယ်တစ်ယောက်တည်းကံဆိုးနေတယ်။

သူများတွေကတော်ပြီး ကိုယ်တစ်ယောက်တည်း ညံ့နေတယ်လို့ ကိုယ့်အတွေး ကိုယ့်အမြင်နဲ့

ကိုယ့်ကိုယ်ကို အားငယ် သိမ်ငယ်တဲ့စိတ်တွေ လူတိုင်းကြုံတွေ့နေကြပါတယ်။

အဲ့ဒီအခါမှာ သေချင်လောက်အောင် ကိုယ့်ကိုယ်ကို စိတ်ကုန်နေတတ်ကြတယ်။

တချို့ဆို ငါဟာအသုံးမကျတဲ့ လူပဲလို့ ခံယူပြီးသတ်သေသွားတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။

တကယ်တော့ လူတိုင်းမှာ အရည်အချင်းကိုယ့်စီရှိကြသလို ကိုယ်လိုချင်တာကို ရအောင်ယူနိုင်တဲ့ အခွင့်အရေး ကိုယ်စီရှိကြပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကို အားငယ်တဲ့စိတ်၊ ယုံကြည်မှုမရှိတဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်တွေကချုပ်နှော်င်ထားတဲ့ အတွက်အောင်မြင်မှုနဲ့ ဝေးကွာနေကြတာဖြစ်ပါတယ်။

ဘုရားကတော့ ဘယ်လုပ်ငန်းမဆို လိုချင်မှုအားကြီးတဲ့ ဆန္ဒ၊ တကယ်လိုချင်တဲ့စိတ်၊ ကြိုးစားအားထုတ်မှု ၀ီရိယ၊ စူးစမ်းလေ့လာမှုဝီမံသ၊ လုပ်ငန်းတစ်ခုကိုတစ်စိုက်မတ်မတ်လုပ်နိုင်တဲ့ တည်ကြည်တဲ့ သမာဓိရယ်ရှိမယ်ဆိုရင် မုချအောင်မြင်နိုင်တယ်တဲ့။

တကယ်အောင်မြင်နေတဲ့ လူတွေဟာ တကယ်လိုချင်တဲ့စိတ်ဆန္ဒကြောင့် တစ်ခါရှုံးပေမယ့် ဒူးမထောက်ပဲ လဲကျတိုင်းပြန်ထတယ်။

ပြီးတော့ပြန်ကြိုးစားတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကို အမြဲတမ်းလေ့လာပြီး အားနည်းချက်ကိုပြင်တယ်။ အားသာချက်ကိုအတုယူတယ်။

ဒီလုပ်ငန်းမအောင်မြင်မချင်း တစ်စိုက်မတ်မတ်လုပ်ကြတယ်။ ဒါကြောင့်လည်း သူတို့ဟာအောင်မြင်နေတာပေါ့။

ဒါဆိုရင် သင်မအောင်မြင်သေးတာ အပေါ်မှာပြောခဲ့တဲ့ လိုအပ်ချက်တွေထဲက တစ်ခုခုဖြည့်ဖို့လိုနေသေးတာဖြစ်မှာပါ။

ဒါဆို သင့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့ သင့်ကိုယ်သင်ဘာတွေလိုအပ်နေသေးလဲ ဆိုတာ ပြန်ဆန်းစစ်လိုက်ပါ။အလုပ်တစ်ခုပေါ်မှာ အာရုံစူးစို

က်ပြီး တစ်စိုက်မတ်မတ် လုပ်ကြည့်ပါ။

ဒါဆိုသင်လဲ ဘာလို့ အောင်မြင်တဲ့လူမဖြစ်နိုင်ရမှာလဲ။

Read-သင့်အိပ်မက်တွေကို ဈေးပေါပေါနဲ့ မရောင်းလိုက်ပါနဲ့

Credit; Original Writer

Read times
Rate this item
(2 votes)