စစ္ႏွင့္ၿငိမ္းခ်မ္းေရး / War & Peace လို နာမည္ႀကီး ဝတၳဳကိုဘာသာျပန္ျဖစ္ျဖစ္ဖတ္ဖူးသတိထားမိၾကဖူးမယ္ထင္ပါတယ္။
War & Peace ကို Hollywood ႐ုပ္ရွင္အျဖစ္ မင္းသမီး Audrey Hepburn ပါဝင္ထားၿပီး War and Peace (1956) ႐ုပ္ရွင္ကို ၾကည့္ဖူးၿပီးေဝေတဝါးတားျဖစ္ေနၾကမွာပါ။
War & Peace ရဲ႕ လက္တေေလာ ၂၀၁၆ ကမွ BBC ကထြက္ရွိထားတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေလးကိုေတာ့ အကုန္သိၾကမွာပါ။
ယခု ပထမ ဦးစြာ ေရးသားခ်င္တာေတာ့ ထိုဝတၳဳရဲ႕ စာေရးဆရာႀကီး Leo Tolstoy အေၾကာင္းေလးပါ။
ဆရာႀကီးရဲ႕နာမည္အရင္းက Nikolayevich Tolstoy ပါ။Count Lyov လို႔လဲေခၚတြင္ေစခဲ့တယ္။
ဆရာႀကီးဟာ ရရွား လူမ်ိဳးျဖစ္တယ္။
စာေရးဆရာႀကီး Leo Tolstoy ကို 1828 စက္တင္ဘာလ 9 ရက္ေန႔မွာ ရုရွႏိုင္ငံ အလယ္ပိုင္း ေဒသ တစ္ခုျဖစ္တဲ့ Yasaya Polyana မွာ ေမြးဖြား ခဲ့ ပါတယ္။
ထိုၿမိဳ႕ေလးဟာ Moscow ၿမိဳ႕နဲ႔ မိုင္ ၁၂၀ အကြာမွာတည္ရွိတယ္။ၿမိဳ႕ႀကီးျပႀကီးမဟုတ္ေပ။
ၿမိဳ႕အုပ္ႀကီး Nikolai Ilyich Tolstoy နဲ႔ Volkonskaya ရဲ႕ မင္းသမီးျဖစ္သူ Mariya Tolstaya တို႔ ၏ သားသမီးငါးေယာက္မွာ ေလးေယာက္ေျမာက္သားျဖစ္သည္။
သူတို႔မိသားစုကခ်မ္းသာႂကြယ္ဝၿပီးရာထူးရာခံေတြေပါကာမ်ိဳး႐ိုးႀကီးကဆင္းသက္လာသူမ်ားသာျဖစ္ၾကတယ္။
သူ႔မိခင္ျဖစ္သူဟာ ဆရာႀကီးေအာက္က အငယ္ကိုေမြးၿပီး ေတာ့ မိခင္ျဖစ္သူ သူ႔အသက္ ၂ ႏွစ္အရြယ္မွာ ေသဆံုးခဲ့တယ္။
သူတို႔ေမာင္ႏွမေတြအေပၚ ဖခင္ျဖစ္သူက အေမလိုတစ္မ်ိဳး အေဖလိုတစ္ဖံုေစာင့္ေရွာက္လာခဲ့ရင္း သူ႔အသက္ ၉ ႏွစ္သားမွာဖခင္က ထပ္ဆံုးပါးသြားခဲ့တယ္။
ဆရာႀကီးတို႔ေမာင္ႏွမေတြတစ္သိုက္ကို ေဆြမ်ိဳးတစ္သိုက္က ဝိုင္းဝန္းေမြးစားထားၾကတယ္။
Leo Tolstoy က ငယ္စဥ္ကတည္းကစကားသိပ္မေျပာ ေျပာရင္လဲထိေရာက္တဲ့စကားလံုးေတြသာ ထိထိ မိမိေျပာေလ့ရွိသျဖင့္ ေမာင္ႏွမခ်င္း ညီအစ္ကိုခ်င္းေတာင္သိပ္အဆင္မေျပပဲသူဟာတစ္ကိုယ္ထဲႀကီးျပင္းလာသူပဲျဖစ္တယ္။
ဆရာႀကီးဟာ႐ုပ္ရည္အားျဖင့္လဲ ငယ္စဥ္အခါမွာ အျခားကေလးေတြလိုပံုပန္းသြင္ျပင္မရွိပဲ အနည္းငယ္ ႐ုပ္ဆိုးေလေတာ့ အပယ္ခံ ေလးတစ္ဦးသာျဖစ္ခဲ့တယ္။
ကေလးပီသစြာ ငယ္စဥ္ဘဝကိုကုန္လြန္ခဲ့တယ္ အရာရာကိုအၿမဲလြတ္လပ္စြာေဆာ့ကစားရင္းသူ႔အသက္ ၁၂ ႏွစ္အရြယ္မွာ ၿမိဳ႕မွာေနတဲ့ အေဒၚျဖစ္သူက သူ႔ကိုလာေခၚၿပီး ေက်ာင္းထားေပးခဲ့ေလေတာ့ ၃ ႏွစ္တိတိ စာဖတ္လိုက္ ေက်ာင္းတက္လိုက္နဲ႔ သူ စိတ္ပါတာေလးေတြလုပ္လိုက္နဲ႔အခ်ိန္ကုန္လြန္ေစခဲ့တယ္။
သူလူပ်ိဳေပါက္အရြယ္ ၁၅ ႏွစ္ေလာက္မွာ University of Kazan တကၠသိုလ္မွာေက်ာင္းဝင္ခြင့္ရခဲ့တယ္။
ဥပေဒေရးရာနဲ႔ အေရွ႕တိုင္းဘာသာစကားကိုအဓိကသင္ၾကားခဲ့သူျဖစ္ၿပီး ေက်ာင္းကို ဆံုးခန္းတိုင္ေအာင္မတတ္ပဲ သူေက်ာင္းႏွစ္တဝက္နဲ႔တင္ေက်ာင္းထြက္ခဲ့ေလတယ္။
သူရဲ႕ပိုင္ဆိုင္မူ႔ေတြဟာ သူအသက္ျပည့္လို႔ သူ႔လက္ထဲေရာက္လာခ်ိန္ျဖစ္တယ္။
သူဟာ သူၿမိဳ႕ေလးသူျပန္ခဲ့တယ္။
သူ႔အဲ့အခ်ိန္မွာ ပထမဦးဆံုးစာအုပ္ေလးကိုသူစေရးခဲ့တယ္ Childhood ဆိုတဲ့နာမည္ေလးနဲ႔ သူ႔ငယ္ဘဝအေၾကာင္းအရာေတြကို သူေရးထားတာေတြ႕ရတယ္။
ၿပီးေနာက္ Boyhood, Youth (1852–1856), နဲ႔ Sevastopol Sketches (1855) တို႔ကိုထပ္မံေရးသားခဲ့ေလတယ္။
Leo မွာအိပ္မက္တစ္ခုရွိတယ္ထိုအိမ္မက္က လယ္ကၽြန္စနစ္ကို တျဖည္းျဖည္းျခင္း ပ်က္သုန္းေစခ်င္တဲ့ အိပ္မက္သာျဖစ္တယ္။
သူဟာ သူ႔အနီးစပ္ဆံုးရွိတဲ့ ကၽြန္ေတြကို ေျမေတာင္ေျမႇာက္ေပးခဲ့တယ္။ႏွစ္ဝက္ေလာက္ႀကိဳးစား ခဲ့တယ္။သို႔ေပမဲ့သူအဆင္မေျပခဲ့ပါ။ထိုအခ်ိန္မွာ ကၽြန္သခင္ စနစ္က အဆမတန္အင္အားႀကီးေနခ်ိန္ေတြအေတာအတြင္းမွာျဖစ္ေနတာ။
သူတို႔ၿမိဳ႕မွာ တစ္အိမ္တစ္ေယာက္ႏႈန္း လူရြယ္ေတြ စစ္ထဲဝင္ရမယ္ဆိုသျဖင့္ သူ႔အကိုျဖစ္သူဟာစစ္ထဲဝင္ခဲ့ရတယ္သို႔ေပမဲ့ သူပါ စစ္ထဲလိုက္ဝင္ခဲ့တယ္ ထို႔ေၾကာင့္သူဟာ Crimean စစ္ပြဲ မွာ စစ္မႈထမ္းခဲ့တယ္။အေျမႇာက္တပ္အရာရွိငယ္အျဖစ္နဲ႔တာဝန္ထမ္းေဆာင္ခဲ့တယ္။
၁၁ လၾကာ စစ္တပ္မွာေနၿပီးေနာက္ သူရဲ႕ႀကိဳးစားမူ႔ သတိၱရွိမူ႔ေတြေၾကာင့္ ဗိုလ္ေလာင္းရာထူးကိုရရွိခဲ့ျပန္တယ္။
ထိုအခ်ိန္တြင္းမွာပဲ Tales from Sebastopol စာအုပ္ကို ကိုသူေရးသားထုတ္ေဝခဲ့တယ္။ထိုစာအုပ္ကသူ႔ရဲ႕စစ္ပြဲမွာေတြ႕ခဲ့ရတဲ့အေတြ႕အၾကံဳေတြ ရဲစြမ္းသတိၱရွိတဲ့ စစ္သားတစ္ဦးရဲ႕ စိတ္ဓာတ္ကိုေဖာ္ျပထားတာေတြ႕ရတယ္။
Black Friday ေၾကာ္ျငာမ်ားနွင့္ ေက်းဇူးေတာ္ေန႕အေၾကာင္း
ထိုစာအုပ္ေၾကာင့္ စစ္ႀကီးၿပီးလုစဲစဲ မွာရရွား ဘုရင္က သူ႔ကို စစ္ကေနလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တယ္။ထို႔ေၾကာင့္ သူဟာ သူ႔ေရွ႕ေသၾကတဲ့ လူေတြကိုျမင္ေနရတာေၾကာင့္ စစ္ႀကီးနဲ႔ေဝးရာသို႔ စစ္သားအျဖစ္မွဘဝကို စြန္႔လြတ္ခဲ့ေလတယ္။
သူဟာ စစ္ေျမျပင္မွ Moscow ကို ျပန္လာခဲ့ေလတယ္။အဲ့အခ်ိန္မွာ သူပထမေရးခဲ့တဲ့ စာအုပ္ေတြကအရမ္းကိုေအာင္ျမင္ေနေလေတာ့ နာမည္ႀကီး စာေရးဆရာျဖစ္ေနေလေရာ
"Everybody thinks of changing the world,but no one thinks of changing himself "
"လူေတြဟာ ကမာၻၾကီးကုိ ေၿပာင္းလဲဖို႔ စဥ္းစားေနၾကတယ္ သို႔ေသာ္ မိမိကုိယ္တိုင္ ေၿပာင္းလဲဖုိ့ေတာ့ ဘယ္သူမွ မစဥ္းစားမိၾကပါ "
by Leo Tolstoy
Leo က အဲ့လို ဘဝမ်ိဳးကို သူလိုခ်င္တဲ့ သူမဟုတ္သူက ေအးေအး ခ်မ္းခ်မ္းေလး စာထိုင္ေရးခ်င္တဲ့ အႏုပညာသမားစစ္စစ္သာျဖစ္တယ္။သူ႔ကို လူေတြအာ႐ုံစိုက္ေနသည္ကို သူမလိုခ်င္။
သူဟာ ဥေရာပမွာ ရက္ရွည္ခရီးႏွစ္ခုထြက္ခဲ့တယ္။
Paris ကိုေရာက္တယ္ သူဟာ ျပင္သစ္က Victor Hugo နဲ႔ေတြ႕ခဲ့ေလတယ္။
Leo Tolstoy ဟာလည္းပဲ Alexander Herzen, Mikhail Bakunin နဲ႔ Peter Kropotkin တို႔လမ္းေၾကာင္းကို လိုက္တဲ့ သူသာျဖစ္တယ္။
၁၈၆၀ မွာ သူ႔ေမြးရပ္ၿမိဳ႕ေလးကို ျပန္ကာ သူ႔မိဘသူ႔ကိုေပးခဲ့တဲ့ စည္းစိမ္ထဲမွာ လယ္ေျမေတြကို ကၽြန္ေတြကို အပိုင္ေပးၿပီးလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တယ္။
Leo Tolstoy ဟာအႏုပညာသမားစစ္စစ္ျဖစ္တဲ့ အေလွ်ာက္ခ်မ္းသာခ်င္တဲ့ သူမဟုတ္ သူ႔ရရွိတဲ့စာေပ အႏုပညာေက်းေငြေတြထဲက ကၽြန္ေတြရဲ႕ ကေလးေတြ ေနာက္မ်ိဳးဆက္ေတြအတြက္ပါ စာသင္ေက်ာင္း ၁၃ ေက်ာင္းေဆာက္လုပ္ေပးခဲ့တယ္။
သူေရးသားခဲ့တဲ့ A Letter to a Hindu က အႏိၵယရဲ႕ သတင္းစာျဖစ္တဲ့ Free Hindustan မွာပါဝင္ခဲ့တယ္။ထို စာတန္းေၾကာင့္ပဲ လူငယ္ Mohandas Gandhi ဟာ Leo ဆီက အၾကံဉာဏ္ေတာင္းယူခဲ့တယ္သိရတယ္။
Leo ကသူ႔အကိုဆံုးသြားတာနဲ႔ပတ္သတ္လို႔ သူဟာ မိန္းမေလးယူ မိသားစုေလးရွိခ်င္လာတာနဲ႔ September 23, 1862 မွာ Sophia Andreevna Behrs ဆိုတဲ့ ၿမိဳ႕စားသမီးတစ္ေယာက္နဲ႔ အသိမိတ္ေဆြခ်င္းရင္းနီးတဲ့ မိသားစုက မိန္းကေလးကိုသူယူခဲ့တယ္။
ထိုအခ်ိန္မွာသူ႔အသက္ ၃၀ ေက်ာ္အရြယ္ရွိေသးၿပီး သူရဲ႕ နာမည္ႀကီး ဝတၳဳေတြျဖစ္တဲ့ War and Peace ႏွင့္ Anna Karenina တို႔ကိုေရးသားခဲ့တယ္။႐ုပ္ရွင္ေတြေတာင္ရွိတယ္ေနာ္။
War and Peace ဝတၳဳကို အေရာင္းတတ္ေအာင္ေၾကာ္ျငာဖို႕ Leo ဟာ ထိုေခတ္အခါက နယ္ အႏွံအျပား ေၾကာ္ျငာကို သစ္သားကိုထုထြင္းျပီး လိုက္ကပ္တယ္သိရတယ္။ေၾကာ္ျငာကုိသစ္သားမွာ ထြင္းထုပါက မိုးေရအစိုခံတယ္ဆိုျပီးေျပာၾကတယ္။
လူေတြ ကို ေဟာေျပာပြဲ ႏွင့္ ဆြဲေဆာင္ျပီး ေၾကာ္ျငာမ်ားကို သားေရအပို္င္းအစေလးမ်ားႏွင့္ျပဳလုပ္ခဲ့တယ္။
အဲ႔ေခတ္အခါက ဒီလိုမ်ိဳးေလးဆန္းဆန္းျပားျပားေလးလုပ္ထားေတာ့ ေတာ္ေတာ္မိုက္တဲ့ေၾကာ္ျငာျဖစ္ေနျပီ။
သူဟာ Sophia နဲ႔ ကေလး ၁၃ ဦးေမြးၿပီး ၈ ေယာက္ အဖက္တင္ခဲ့တယ္။လူ႔ေလာကသဘာဝကိုသိသြားၿပီး ဘာသာတရားလိုက္စားကာ Greek Orthodox ဘုရားေက်ာင္းမွာ အခ်ိန္ကုန္လြန္ေစခဲ့တယ္။
The Confession ဆိုသည္႔ စာအုပ္ကို ေရးသားခဲ့ျပီး ထိုစာအုပ္ထဲမွာ သူ႔ရဲ႕ ဘာသာေရးယံုၾကည္မႈမ်ားကိုေတြ႕ႏိုင္ပါတယ္။
သူ႔အသက္ ၅၀ ေက်ာ္အရြယ္ေရာက္ေလၿပီသားသမီးေတြကို အေမြခြဲေဝေပးကာသူဟာ အရာရာစြန္႔ကာ အကုန္ေပးကမ္းၿပီး သာမန္ လူဘဝသို႔ေျပာင္းလဲေနထိုင္ခဲ့တယ္။
"Faith is the force of life.
ယံုၾကည္ခ်က္သည္ဘဝ၏အင္အားပဲျဖစ္တယ္။"
by Leo Tolstoy
ထိုအခ်ိန္မွာသူဟာ The Resurrection ဆိုတဲ့စာအုပ္ကိုထုတ္ေဝခဲ့ေလတယ္။ထိုစာအုပ္မွာ ဘုရားေက်ာင္းမွေၾကာင္သူေတာ္ႂကြက္သူခိုးမ်ားရဲ႕ လုပ္ရက္ သူေတာ္ေကာင္းေယာင္ေဆာင္ေနက်ေသာ လာဘ္စားေနသူအခ်ိဳ႕ကိုရႈံခ်တဲ့အေၾကာင္းမ်ားစြာေရးဖြဲ႕ထားတာေတြရတယ္။
ထိုစာအုပ္ေၾကာင့္သူ႔ကို ကာလအနည္းငယ္အၾကာမွာGreek Orthodox က ဝင္ခြင့္ပိတ္ခဲ့တယ္။သူ႔ကိုလူထုက အမွန္ေဖာ္ထုတ္လို႔ ပို ဝန္းရံေနၿပီေလ။
သာမန္ လူဆင္းရဲဘဝနဲ႔ 1910 ႏို၀င္ဘာ ၂၁ ရက္မွာ သူဟာ pneumonia ေရာဂါနဲ႔ အဖ်ားႀကီးၿပီး အဆုတ္အေအးပပ္ကာ ကြယ္လြန္ခဲ့တယ္။သူေသဆံုးခ်ိန္ အသက္ ၈၂ ႏွစ္သာရွိေသးေလတယ္။
ကၽြန္မ အႀကိဳက္ဆံုး သူ႔ ဝတၳဳတိုေလးကိုေျပာျပရရင္ The Bear Hunt ဆိုတဲ့ ဝတၳဳေလးလို႔ပဲ ေျပာမိပါလိမ့္မယ္။ထိုဝတၳဳေလးကို အက်ဥ္းခ်ဳပ္ေလးေရးၿပီး စာလည္း အေတာ္ ရွည္ေနၿပီမို႔ နိဂုံးခ်ဳပ္ပါရေစေနာ္။
ဝက္ဝံႀကီးဟာ တစ္ရက္မွာ အမဲလိုက္ဖို႔ ေတာအုပ္ထဲကိုထြက္လာခဲ့တယ္။
အဲ႕ေတာအုပ္ထဲမွာ မိတ္ေဆြႏွစ္ဦးလမ္းေလွ်ာက္လာၾကတယ္။ ထိုမိတ္ေဆြႏွစ္ဦးဟာ ဝက္ဝံႀကီးကို ျမင္ေတာ့ ပထမ လူက သစ္ပင္ေပၚတက္ေျပးသြားတယ္ ဒုတိယ လူကေတာ့ ေျမျပင္ေပၚလဲေလ်ာင္းကာ အသက္ေအာင့္ထားၿပီး လူေသဟန္ေဆာင္လိုက္ေလတယ္။
ဝက္ဝံၾကီးဟာ ဒုတိယ လူကို အနံ႕ခံၿပီး လူေသထင္ကာထက္သြားေလတယ္။
ဝက္ဝံႀကီးထြက္သြားေတာ့ ပထမလူက သစ္ပင္ေပၚက ဆင္းလာၿပီ း ဒုတိယလူကို ဝက္ဝံႀကီးက မင္းကိုဘာေျပာသြားလဲဆိုျပီးေမးလိုက္တယ္။
အဲဒီ့အခ်ိန္မွာ ဒုတိယလူဟာ ပထမလူကိုေစ့ေစ့ၾကည့္ျပီး"ဝက္ဝံႀကီးကေျပာသြားတာ ဒီလူ႔ေဘာင္ေလာက မွာ မင္းဒုကၡေရာက္ခ်ိန္မွာ ထားသြားတဲ့ လူကို မိတ္ေဆြအစစ္လို႔ မေခၚဘူးလို႔" ေျပာထည့္လိုက္တယ္။
ဒီလိုဝတၳဳတိုေလးကေပးတဲ့ သင္ခန္းစာကအႀကီးႀကီးရွင့္ ။ ေျပာရရင္ ကိုယ့္ေဘးနားတကယ္ဒုကၡေရာက္တဲ့ခ်ိန္အတူရွိေနေပးတဲ့ သူမွသာလ်င္မိတ္ေဆြစစ္လို႔ေခၚတယ္ဆိုတာကိုပညာသားပါပါေလးေရးထားတာျဖစ္တယ္။
ကဲ ဘယ္ေလာက္ေတာင္ပညာသားပါလိုက္သလဲ ............ !
ဟုတ္ပါတယ္ Leo Tolstoy ရဲ႕စာေပေတြက အရမ္းေကာင္းခဲ့ပါတယ္။အဆံုးထိအခ်ိန္ေပးဖတ္ေပးလို႔ေက်းဇူးပါ။
Unicode >>>
စစ်နှင့်ငြိမ်းချမ်းရေး / War & Peace လို နာမည်ကြီး ဝတ္ထုကိုဘာသာပြန်ဖြစ်ဖြစ်ဖတ်ဖူးသတိထားမိကြဖူးမယ်ထင်ပါတယ်။
War & Peace ကို Hollywood ရုပ်ရှင်အဖြစ် မင်းသမီး Audrey Hepburn ပါဝင်ထားပြီး War and Peace (1956) ရုပ်ရှင်ကို ကြည့်ဖူးပြီးဝေတေဝါးတားဖြစ်နေကြမှာပါ။
War & Peace ရဲ့ လက်တေလော ၂၀၁၆ ကမှ BBC ကထွက်ရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကိုတော့ အကုန်သိကြမှာပါ။
ယခု ပထမ ဦးစွာ ရေးသားချင်တာတော့ ထိုဝတ္ထုရဲ့ စာရေးဆရာကြီး Leo Tolstoy အကြောင်းလေးပါ။
ဆရာကြီးရဲ့နာမည်အရင်းက Nikolayevich Tolstoy ပါ။Count Lyov လို့လဲခေါ်တွင်စေခဲ့တယ်။
ဆရာကြီးဟာ ရရှား လူမျိုးဖြစ်တယ်။
စာရေးဆရာကြီး Leo Tolstoy ကို 1828 စက်တင်ဘာလ 9 ရက်နေ့မှာ ရုရှနိုင်ငံ အလယ်ပိုင်း ဒေသ တစ်ခုဖြစ်တဲ့ Yasaya Polyana မှာ မွေးဖွား ခဲ့ ပါတယ်။
ထိုမြို့လေးဟာ Moscow မြို့နဲ့ မိုင် ၁၂၀ အကွာမှာတည်ရှိတယ်။မြို့ကြီးပြကြီးမဟုတ်ပေ။
မြို့အုပ်ကြီး Nikolai Ilyich Tolstoy နဲ့ Volkonskaya ရဲ့ မင်းသမီးဖြစ်သူ Mariya Tolstaya တို့ ၏ သားသမီးငါးယောက်မှာ လေးယောက်မြောက်သားဖြစ်သည်။
သူတို့မိသားစုကချမ်းသာကြွယ်ဝပြီးရာထူးရာခံတွေပေါကာမျိုးရိုးကြီးကဆင်းသက်လာသူများသာဖြစ်ကြတယ်။
သူ့မိခင်ဖြစ်သူဟာ ဆရာကြီးအောက်က အငယ်ကိုမွေးပြီး တော့ မိခင်ဖြစ်သူ သူ့အသက် ၂ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။
သူတို့မောင်နှမတွေအပေါ် ဖခင်ဖြစ်သူက အမေလိုတစ်မျိုး အဖေလိုတစ်ဖုံစောင့်ရှောက်လာခဲ့ရင်း သူ့အသက် ၉ နှစ်သားမှာဖခင်က ထပ်ဆုံးပါးသွားခဲ့တယ်။
ဆရာကြီးတို့မောင်နှမတွေတစ်သိုက်ကို ဆွေမျိုးတစ်သိုက်က ဝိုင်းဝန်းမွေးစားထားကြတယ်။
Leo Tolstoy က ငယ်စဉ်ကတည်းကစကားသိပ်မပြော ပြောရင်လဲထိရောက်တဲ့စကားလုံးတွေသာ ထိထိ မိမိပြောလေ့ရှိသဖြင့် မောင်နှမချင်း ညီအစ်ကိုချင်းတောင်သိပ်အဆင်မပြေပဲသူဟာတစ်ကိုယ်ထဲကြီးပြင်းလာသူပဲဖြစ်တယ်။
ဆရာကြီးဟာရုပ်ရည်အားဖြင့်လဲ ငယ်စဉ်အခါမှာ အခြားကလေးတွေလိုပုံပန်းသွင်ပြင်မရှိပဲ အနည်းငယ် ရုပ်ဆိုးလေတော့ အပယ်ခံ လေးတစ်ဦးသာဖြစ်ခဲ့တယ်။
ကလေးပီသစွာ ငယ်စဉ်ဘဝကိုကုန်လွန်ခဲ့တယ် အရာရာကိုအမြဲလွတ်လပ်စွာဆော့ကစားရင်းသူ့အသက် ၁၂ နှစ်အရွယ်မှာ မြို့မှာနေတဲ့ အဒေါ်ဖြစ်သူက သူ့ကိုလာခေါ်ပြီး ကျောင်းထားပေးခဲ့လေတော့ ၃ နှစ်တိတိ စာဖတ်လိုက် ကျောင်းတက်လိုက်နဲ့ သူ စိတ်ပါတာလေးတွေလုပ်လိုက်နဲ့အချိန်ကုန်လွန်စေခဲ့တယ်။
သူလူပျိုပေါက်အရွယ် ၁၅ နှစ်လောက်မှာ University of Kazan တက္ကသိုလ်မှာကျောင်းဝင်ခွင့်ရခဲ့တယ်။
ဥပဒေရေးရာနဲ့ အရှေ့တိုင်းဘာသာစကားကိုအဓိကသင်ကြားခဲ့သူဖြစ်ပြီး ကျောင်းကို ဆုံးခန်းတိုင်အောင်မတတ်ပဲ သူကျောင်းနှစ်တဝက်နဲ့တင်ကျောင်းထွက်ခဲ့လေတယ်။
သူရဲ့ပိုင်ဆိုင်မူ့တွေဟာ သူအသက်ပြည့်လို့ သူ့လက်ထဲရောက်လာချိန်ဖြစ်တယ်။
သူဟာ သူမြို့လေးသူပြန်ခဲ့တယ်။
သူ့အဲ့အချိန်မှာ ပထမဦးဆုံးစာအုပ်လေးကိုသူစရေးခဲ့တယ် Childhood ဆိုတဲ့နာမည်လေးနဲ့ သူ့ငယ်ဘဝအကြောင်းအရာတွေကို သူရေးထားတာတွေ့ရတယ်။
ပြီးနောက် Boyhood, Youth (1852–1856), နဲ့ Sevastopol Sketches (1855) တို့ကိုထပ်မံရေးသားခဲ့လေတယ်။
Leo မှာအိပ်မက်တစ်ခုရှိတယ်ထိုအိမ်မက်က လယ်ကျွန်စနစ်ကို တဖြည်းဖြည်းခြင်း ပျက်သုန်းစေချင်တဲ့ အိပ်မက်သာဖြစ်တယ်။
သူဟာ သူ့အနီးစပ်ဆုံးရှိတဲ့ ကျွန်တွေကို မြေတောင်မြှောက်ပေးခဲ့တယ်။နှစ်ဝက်လောက်ကြိုးစား ခဲ့တယ်။သို့ပေမဲ့သူအဆင်မပြေခဲ့ပါ။ထိုအချိန်မှာ ကျွန်သခင် စနစ်က အဆမတန်အင်အားကြီးနေချိန်တွေအတောအတွင်းမှာဖြစ်နေတာ။
သူတို့မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း လူရွယ်တွေ စစ်ထဲဝင်ရမယ်ဆိုသဖြင့် သူ့အကိုဖြစ်သူဟာစစ်ထဲဝင်ခဲ့ရတယ်သို့ပေမဲ့ သူပါ စစ်ထဲလိုက်ဝင်ခဲ့တယ် ထို့ကြောင့်သူဟာ Crimean စစ်ပွဲ မှာ စစ်မှုထမ်းခဲ့တယ်။အမြှောက်တပ်အရာရှိငယ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။
၁၁ လကြာ စစ်တပ်မှာနေပြီးနောက် သူရဲ့ကြိုးစားမူ့ သတ္တိရှိမူ့တွေကြောင့် ဗိုလ်လောင်းရာထူးကိုရရှိခဲ့ပြန်တယ်။
ထိုအချိန်တွင်းမှာပဲ Tales from Sebastopol စာအုပ်ကို ကိုသူရေးသားထုတ်ဝေခဲ့တယ်။ထိုစာအုပ်ကသူ့ရဲ့စစ်ပွဲမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ဦးရဲ့ စိတ်ဓာတ်ကိုဖော်ပြထားတာတွေ့ရတယ်။
ထိုစာအုပ်ကြောင့် စစ်ကြီးပြီးလုစဲစဲ မှာရရှား ဘုရင်က သူ့ကို စစ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ထို့ကြောင့် သူဟာ သူ့ရှေ့သေကြတဲ့ လူတွေကိုမြင်နေရတာကြောင့် စစ်ကြီးနဲ့ဝေးရာသို့ စစ်သားအဖြစ်မှဘဝကို စွန့်လွတ်ခဲ့လေတယ်။
သူဟာ စစ်မြေပြင်မှ Moscow ကို ပြန်လာခဲ့လေတယ်။အဲ့အချိန်မှာ သူပထမရေးခဲ့တဲ့ စာအုပ်တွေကအရမ်းကိုအောင်မြင်နေလေတော့ နာမည်ကြီး စာရေးဆရာဖြစ်နေလေရော
"Everybody thinks of changing the world,but no one thinks of changing himself "
"လူတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ စဉ်းစားနေကြတယ် သို့သော် မိမိကိုယ်တိုင် ပြောင်းလဲဖို့တော့ ဘယ်သူမှ မစဉ်းစားမိကြပါ "
by Leo Tolstoy
စီးပြားေရး လုပ္ငန္းစတင္တဲ့အခါမွာ ေရွာင္ရွားသင့္တဲ့ လူ ခုႏွစ္ဦး
Leo က အဲ့လို ဘဝမျိုးကို သူလိုချင်တဲ့ သူမဟုတ်သူက အေးအေး ချမ်းချမ်းလေး စာထိုင်ရေးချင်တဲ့ အနုပညာသမားစစ်စစ်သာဖြစ်တယ်။သူ့ကို လူတွေအာရုံစိုက်နေသည်ကို သူမလိုချင်။
သူဟာ ဥရောပမှာ ရက်ရှည်ခရီးနှစ်ခုထွက်ခဲ့တယ်။
Paris ကိုရောက်တယ် သူဟာ ပြင်သစ်က Victor Hugo နဲ့တွေ့ခဲ့လေတယ်။
Leo Tolstoy ဟာလည်းပဲ Alexander Herzen, Mikhail Bakunin နဲ့ Peter Kropotkin တို့လမ်းကြောင်းကို လိုက်တဲ့ သူသာဖြစ်တယ်။
၁၈၆၀ မှာ သူ့မွေးရပ်မြို့လေးကို ပြန်ကာ သူ့မိဘသူ့ကိုပေးခဲ့တဲ့ စည်းစိမ်ထဲမှာ လယ်မြေတွေကို ကျွန်တွေကို အပိုင်ပေးပြီးလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။
Leo Tolstoy ဟာအနုပညာသမားစစ်စစ်ဖြစ်တဲ့ အလျှောက်ချမ်းသာချင်တဲ့ သူမဟုတ် သူ့ရရှိတဲ့စာပေ အနုပညာကျေးငွေတွေထဲက ကျွန်တွေရဲ့ ကလေးတွေ နောက်မျိုးဆက်တွေအတွက်ပါ စာသင်ကျောင်း ၁၃ ကျောင်းဆောက်လုပ်ပေးခဲ့တယ်။
သူရေးသားခဲ့တဲ့ A Letter to a Hindu က အန္ဒိယရဲ့ သတင်းစာဖြစ်တဲ့ Free Hindustan မှာပါဝင်ခဲ့တယ်။ထို စာတန်းကြောင့်ပဲ လူငယ် Mohandas Gandhi ဟာ Leo ဆီက အကြံဉာဏ်တောင်းယူခဲ့တယ်သိရတယ်။
Leo ကသူ့အကိုဆုံးသွားတာနဲ့ပတ်သတ်လို့ သူဟာ မိန်းမလေးယူ မိသားစုလေးရှိချင်လာတာနဲ့ September 23, 1862 မှာ Sophia Andreevna Behrs ဆိုတဲ့ မြို့စားသမီးတစ်ယောက်နဲ့ အသိမိတ်ဆွေချင်းရင်းနီးတဲ့ မိသားစုက မိန်းကလေးကိုသူယူခဲ့တယ်။
ထိုအချိန်မှာသူ့အသက် ၃၀ ကျော်အရွယ်ရှိသေးပြီး သူရဲ့ နာမည်ကြီး ဝတ္ထုတွေဖြစ်တဲ့ War and Peace နှင့် Anna Karenina တို့ကိုရေးသားခဲ့တယ်။ရုပ်ရှင်တွေတောင်ရှိတယ်နော်။
War and Peace ဝတ္ထုကို အရောင်းတတ်အောင်ကြော်ငြာဖို့ Leo ဟာ ထိုခေတ်အခါက နယ် အနှံအပြား ကြော်ငြာကို သစ်သားကိုထုထွင်းပြီး လိုက်ကပ်တယ်သိရတယ်။ကြော်ငြာကိုသစ်သားမှာ ထွင်းထုပါက မိုးရေအစိုခံတယ်ဆိုပြီးပြောကြတယ်။
လူတွေ ကို ဟောပြောပွဲ နှင့် ဆွဲဆောင်ပြီး ကြော်ငြာများကို သားရေအပိုင်းအစလေးများနှင့်ပြုလုပ်ခဲ့တယ်။
အဲ့ခေတ်အခါက ဒီလိုမျိုးလေးဆန်းဆန်းပြားပြားလေးလုပ်ထားတော့ တော်တော်မိုက်တဲ့ကြော်ငြာဖြစ်နေပြီ။
သူဟာ Sophia နဲ့ ကလေး ၁၃ ဦးမွေးပြီး ၈ ယောက် အဖက်တင်ခဲ့တယ်။လူ့လောကသဘာဝကိုသိသွားပြီး ဘာသာတရားလိုက်စားကာ Greek Orthodox ဘုရားကျောင်းမှာ အချိန်ကုန်လွန်စေခဲ့တယ်။
The Confession ဆိုသည့် စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်ထဲမှာ သူ့ရဲ့ ဘာသာရေးယုံကြည်မှုများကိုတွေ့နိုင်ပါတယ်။
သူ့အသက် ၅၀ ကျော်အရွယ်ရောက်လေပြီသားသမီးတွေကို အမွေခွဲဝေပေးကာသူဟာ အရာရာစွန့်ကာ အကုန်ပေးကမ်းပြီး သာမန် လူဘဝသို့ပြောင်းလဲနေထိုင်ခဲ့တယ်။
"Faith is the force of life.
ယုံကြည်ချက်သည်ဘဝ၏အင်အားပဲဖြစ်တယ်။"
by Leo Tolstoy
ထိုအချိန်မှာသူဟာ The Resurrection ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့လေတယ်။ထိုစာအုပ်မှာ ဘုရားကျောင်းမှကြောင်သူတော်ကြွက်သူခိုးများရဲ့ လုပ်ရက် သူတော်ကောင်းယောင်ဆောင်နေကျသော လာဘ်စားနေသူအချို့ကိုရှုံချတဲ့အကြောင်းများစွာရေးဖွဲ့ထားတာတွေရတယ်။
ထိုစာအုပ်ကြောင့်သူ့ကို ကာလအနည်းငယ်အကြာမှာGreek Orthodox က ဝင်ခွင့်ပိတ်ခဲ့တယ်။သူ့ကိုလူထုက အမှန်ဖော်ထုတ်လို့ ပို ဝန်းရံနေပြီလေ။
သာမန် လူဆင်းရဲဘဝနဲ့ 1910 နိုဝင်ဘာ ၂၁ ရက်မှာ သူဟာ pneumonia ရောဂါနဲ့ အဖျားကြီးပြီး အဆုတ်အအေးပပ်ကာ ကွယ်လွန်ခဲ့တယ်။သူသေဆုံးချိန် အသက် ၈၂ နှစ်သာရှိသေးလေတယ်။
ကျွန်မ အကြိုက်ဆုံး သူ့ ဝတ္ထုတိုလေးကိုပြောပြရရင် The Bear Hunt ဆိုတဲ့ ဝတ္ထုလေးလို့ပဲ ပြောမိပါလိမ့်မယ်။ထိုဝတ္ထုလေးကို အကျဉ်းချုပ်လေးရေးပြီး စာလည်း အတော် ရှည်နေပြီမို့ နိဂုံးချုပ်ပါရစေနော်။
ဝက်ဝံကြီးဟာ တစ်ရက်မှာ အမဲလိုက်ဖို့ တောအုပ်ထဲကိုထွက်လာခဲ့တယ်။
အဲ့တောအုပ်ထဲမှာ မိတ်ဆွေနှစ်ဦးလမ်းလျှောက်လာကြတယ်။ ထိုမိတ်ဆွေနှစ်ဦးဟာ ဝက်ဝံကြီးကို မြင်တော့ ပထမ လူက သစ်ပင်ပေါ်တက်ပြေးသွားတယ် ဒုတိယ လူကတော့ မြေပြင်ပေါ်လဲလျောင်းကာ အသက်အောင့်ထားပြီး လူသေဟန်ဆောင်လိုက်လေတယ်။
ဝက်ဝံကြီးဟာ ဒုတိယ လူကို အနံ့ခံပြီး လူသေထင်ကာထက်သွားလေတယ်။
ဝက်ဝံကြီးထွက်သွားတော့ ပထမလူက သစ်ပင်ပေါ်က ဆင်းလာပြီ း ဒုတိယလူကို ဝက်ဝံကြီးက မင်းကိုဘာပြောသွားလဲဆိုပြီးမေးလိုက်တယ်။
အဲဒီ့အချိန်မှာ ဒုတိယလူဟာ ပထမလူကိုစေ့စေ့ကြည့်ပြီး"ဝက်ဝံကြီးကပြောသွားတာ ဒီလူ့ဘောင်လောက မှာ မင်းဒုက္ခရောက်ချိန်မှာ ထားသွားတဲ့ လူကို မိတ်ဆွေအစစ်လို့ မခေါ်ဘူးလို့" ပြောထည့်လိုက်တယ်။
ဒီလိုဝတ္ထုတိုလေးကပေးတဲ့ သင်ခန်းစာကအကြီးကြီးရှင့် ။ ပြောရရင် ကိုယ့်ဘေးနားတကယ်ဒုက္ခရောက်တဲ့ချိန်အတူရှိနေပေးတဲ့ သူမှသာလျင်မိတ်ဆွေစစ်လို့ခေါ်တယ်ဆိုတာကိုပညာသားပါပါလေးရေးထားတာဖြစ်တယ်။
ကဲ ဘယ်လောက်တောင်ပညာသားပါလိုက်သလဲ ............ !
ဟုတ်ပါတယ် Leo Tolstoy ရဲ့စာပေတွေက အရမ်းကောင်းခဲ့ပါတယ်။အဆုံးထိအချိန်ပေးဖတ်ပေးလို့ကျေးဇူးပါ။
Source from wiki , youtube
Myanmar Advertising Directory အား credit ေပးျပီး ကူးယူေဖာ္ျပႏိုင္ပါသည္။