ကိုယ်ပိုင်လုပ်ငန်း ဘာလို့လုပ်ချင်တာလဲ။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေရဲ့ Fancy ဖြစ်တဲ့ Lifestyle ကို မြင်နေလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ရင်တော့ လွဲသွားပါလိမ့်မယ်။
သူတို့ရဲ့တကယ့်လက်တွေ့ဘ၀က သူတို့ရဲ့ Facebook ပေါ်မှာ ပေါ်နေတဲ့ပုံတွေလို သာသာယာယာ အမြဲတမ်းရှိနေတာမဟုတ်ပါဘူး။ တကယ် Behind the Cartain၊ Behind the Scene မှာက သူတို့အကုန်လုံးက အိုးနင်းခွက်နင်းတွေပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်လုပ်ငန်းရှင်
တစ်ယောက်မှာ ကိုယ်ပိုင်အချိန်ဆိုတာမရှိပါဘူး။
အထူးသဖြင့် လုပ်ငန်းစခါစမှာ လုပ်ငန်းက Supervial အဆင့်ကို မကျော်လွန်ခင်မှာ၊ Growth အဆင့်ကို မရောက်ခင်မှာ လုပ်ငန်းရှင်တစ်ယောက်အတွက် ကိုယ်ပိုင်အချိန်ဆိုတာမရှိပါဘူး၊ အမြတ်မသေချာဘူး၊ လူမှုရေးဆိုတာလည်း မရှိပါဘူး။ ဒီလုပ်ငန်းခွင်ထဲမှာပဲ မနက်၊ နေ့ခင်း၊ ညနေ အချိန်ပြည့် နှစ်မြှုပ်ထားတာဖြစ်တဲ့အတွက် အခုအပြင်မှာ မြင်နေတဲ့အောင်မြင်ပြီးသား ကိုယ်ပိုင်လုပ်ငန်းရှင်တွေရဲ့ Fancy ဖြစ်တဲ့ ဘ၀တွေကိုပဲ
မြင်နေရင်တော့ တကယ့်လက်တွေ့ဘ၀မှာ အဲဒီလိုမဟုတ်ပါဘူး။
ကိုယ့်ဘက်က ပေးဆပ်နိုင်မှ၊ Trade Off လုပ်နိုင်မှ လုပ်ငန်းရှင်တစ်ယောက်က သူ့ရဲ့ Supervial အဆင့်ကိုကျော်လွှားတာပါ။ ဒါကြောင့် Risk ရှိတယ်၊ မြတ်မယ်၊ အောင်မြင်မယ် မသေချာဘူး။ နံပါတ်နှစ် ပေးဆပ်ရမယ်။ အချိန်၊ ကိုယ့်ရဲ့ကိုယ်ပိုင်ဘ၀၊ မိသားစုဘ၀ ဒါတွေကို လုပ်ငန်းစခါစမှာတော့ လုံးဝကိုပေးဆပ်ရမယ်။ ဒါတွေကို ခံနိုင်တဲ့ သတ္တိ ကိုယ့်မှာရှိသလား။ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရရင် မဖြစ်ပါဘူး။ ဒါငယ်ငယ်တည်းက အမြဲတမ်းမက်ခဲ့တဲ့ အိပ်မက်ပါပဲဆိုတဲ့ Passion မျိုးရှိရဲ့လား၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိရဲ့လား၊ ဒါတွေကို အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စစ်ဆေးစေချင်ပါတယ်။ ဒါ ပထမဦးဆုံးအကြံပြုချက်ပါ။
ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Mark Zuckerberg သူ့ရဲ့ပိုက်ဆံတွေ ဘယ်လိုအသုံးပြုနေလဲ?
အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် စစ်ဆေးလို့ ကိုယ်တိုင်က Risk-Taker ဖြစ်တယ်။ Commitment ရှိတယ်။ တစ်ခုလိုချင်ရင် တစ်ခုပေးရမယ်ဆိုတာကို နားလည်တယ်။ ဒါတွေကို ရဲရဲတောင့်ခံနိုင်တဲ့၊ ကိုယ်လုပ်ထားတဲ့ကိစ္စကို ကိုယ်တောင့်ခံနိုင်တဲ့ စိတ်ဓာတ်မျိုးရှိတယ်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းရှင်ရဲ့ ဘ၀ကိုစပြီးစိတ်ကူးလို့ရပါပြီ။အဲဒီလိုစိတ်ကူးတဲ့အခါမှာလည်း လုပ်ချင်တဲ့ စိတ်ဓာတ်ရှိရုံနဲ့လည်း အောင်မြင်တဲ့လုပ်ငန်းရှင်မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာအရင်ဆုံး Market ရှိရမယ်၊ ဘယ်သူ့ကို ရောင်းမှာလဲ၊ ဘာရောင်းမှာလဲ၊ ဘယ်ဈေးနဲ့ ရောင်းမှာလဲ၊ သူ့လိုမျိုးရောင်းနေတဲ့ လူတွေချင်းအတူတူ သူ့ဆီကို ဘာအတွက်ဝယ်ရမှာလဲ။
ဒါတွေကို ကိုယ့်မှာ ပြင်ဆင်ထားပြီးရဲ့လား။ Market ကို ရအောင်ဘယ်လိုယူမလဲဆိုတဲ့ Idea နဲ့ Sound ဖြစ်တဲ့ Marketing Plan ရှိရပါမယ်။ နောက်တစ်ခါ Operation Plan ရှိရပါမယ်။ တကယ်ရအောင်ဘယ်လိုလုပ်မလဲ၊ ဘယ်ကစမလဲဆိုတဲ့ စဖို့ Plan ရှိရမယ်။ နောက်တစ်ဆင့်တက်ရင် Financial Plan ပါ။ ဒါဆိုရင် ဘယ်လောက်ရောင်းရမလဲ၊ အရင်းက ဘယ်လောက်ဖြစ်မလဲ၊ ဘယ်လောက်ရောင်းမှ အရင်းကျေမလဲ၊ အဲဒီတော့ ပထမဦးဆုံးကာလမှာ ဘယ်လောက်ထိ မြတ်အောင်သွားမလဲ။
အဲလောက်ရောင်းရဖို့ ဘာလုပ်မလဲ၊ အဲဒီ Plan တွေအားလုံး အဆင်ပြေပြီဆိုရင် လိုအပ်တဲ့အရင်းမြစ်တွေ ဆွဲထုတ်လို့ရပြီ။ Operation Plan ကနေပြီးတော့ လိုအပ်တဲ့ အရင်းမြစ်တွေဆွဲထုတ်လိုက်ပြီ။ ဒီအရင်းအမြစ် တွေကို ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံဘယ်ကရမလဲ၊ ဘယ်လိုရှာ မလဲ၊ ဒါမှမဟုတ် Invest လုပ်ပေးမယ့်သူရှိလား၊ စုထားတဲ့ ပိုက်ဆံရှိလား၊ ချေးမလား၊ ချေးမယ်ဆိုရင် ဘယ်သူ့ဆီချေးမလဲ၊ ဘယ်လောက်နဲ့ ချေးမလဲ၊ အဲဒီအတိုးနှုန်းကို ခံနိုင်သလား စသဖြင့် ပြင်ဆင်တွက်ချက်ရပါမယ်။
ဒါတွေကို ကျော်လွှားနိုင်ပြီး ကောင်းကောင်းပြင်ဆင်ပြီးပြီဆိုမှ လုပ်ငန်းတစ်ခုကို စဖို့လိုပါတယ်။ ဒါတောင်စာရွက် ပေါ်က Plan ပဲ ရှိပါသေးတယ်။ စာရွက်ပေါ်မှာ တောင် အမြတ်မထွက်သေးဘဲနဲ့ စာရွက်ပေါ်မှာ ချရေးတုန်းက တောင် ဟိုဟာမသေချာ၊ ဒီဟာမသေချာဖြစ်မယ်ဆို ရင်တော့ တကယ်လုပ်ရင် ဒီထက်အဆပေါင်းများစွာ သူ့မှာ မသေချာ၊ မရေရာမှုတွေ ရင်ဆိုင်ရနိုင်တယ်။ စာရွက်ပေါ်မှာ သေချာပြီ၊ သူ့ကိုယ်သူစိတ်ကျေနပ်ပြီဆိုရင်တောင်မှ လက်တွေ့ဘ၀မှာ သူက နည်းနည်းတော့ အိုးနင်းခွက်နင်း ဖြစ်ဦးမှာပါ။ ဒါတွေအားလုံးကို ကျော်လွှားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် Financially ပြင်ဆင်ဖို့လိုပါတယ်။
Source; CEO Myanmar
Myanmar Advertising Directory