-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ရာတွင်သိသင့်သည့် ရောင်းလိုအား နဲ့ ၀ယ်လိုအား

စီးပွားရေးလုပ်ရာတွင်သိသင့်သည့် ရောင်းလိုအား နဲ့ ၀ယ်လိုအား google

စီးပွားရေးလုပ်ကိုင်ရာမှာ ရောင်းလိုအား နဲ့ ၀ယ်လိုအား ကို သိဖို့လိုပါတယ်။

 

ဒါက စီးပွားရေး ရဲ့ အခြေခံဖြစ်ပါတယ်။

စီးပွားရေးလုပ်ရာမှာ

. ၀ယ်လိုအားများပြီး၊ ရောင်းလိုအား နည်းနေတဲ့အခြေအနေ

. ရောင်းလိုအားများပြီး ၊ ၀ယ်လိုအားနည်းတဲ့ အခြေအနေ

. ၀ယ်လိုအား နဲ့ ရောင်းလိုအားမျှနေတဲ့အခြေအနေ ၃မျိုး ကို သိဖို့လိုပါမယ်။

ဝယ်လိုအားများပြီး ၊ ရောင်းလိုအား နည်းတဲ့အခြေအနေ ကို ဥပမာပေးရရင် ၊ လွန်ခဲ့ ၃နှစ်ကျော်က ဖုန်း Sim Card တွေ က တစ်ကဒ်ကို ၂သိန်း ကျော်ဝယ်ရတဲ့အချိန် ၊ ၀ယ်ဖို့လည်း စာရွက်စာတန်းအများကြီးတင်ပြပြီးမှ ၀ယ်ခွင့်ရမှ ၀ယ်ရတဲ့အချိန် ။ ပြင်ပ က အော်ပရေတာတွေ ၀င်လာပြီး ၊ Sim Card တွေကို ၊ တစ်ကဒ် ၁၅၀၀ ကျပ်နဲ့ရောင်းတော့ သုံးစွဲသူတွေက ၊ ၀ယ်ချင်တာများပြီး ၊ ရောင်းတာက နည်းနေတော့ တန်းစီပြီး ၀ယ်ရတာကို မှတ်မိပါလိမ့်မယ်။ အဲဒီလိုအခြေအနေမှာ ၊ သုံးစွဲသူဘက်က ရွေးချယ်လို့မရဘဲ ၊ ရောင်းသူတွေက ခပ်မာမာ ခပ်တင်းတင်းနဲ့ပေါ့… အဲဒီအချိန်မှာ ရောင်းသူတွေက ဈေးနှုန်းဆွဲတင်တာတွေလည်းလုပ်တက်ကြပါတယ်။ 
နံပါတ်အလှလည်းရွေးလို့မရ ၊ ကိုယ်လိုချင်တဲ့ နံပါတ်ရဖို့လည်းမလွယ်ဘူးပေါ့..တစ်နည်းပြောရရင် ရောင်းသူဈေးကွက်ပေါ့…

ရောင်းလိုအားများပြီးဝယ်လိုအားနည်းတဲ့အခြေအနေဆိုတာက ရောင်းချင်တဲ့သူကများပြီး ၊ ၀ယ်သူတွေက နည်းတဲ့အခါ ၊ ရောင်းချင်သူတွေက ၊ မျက်နှာငယ်ငယ်ပေါ့ ။ ရောင်းချင်သူတွေအပြိုင်အဆိုင်ဖြစ်တာကြောင့် ၊ ဒီအချိန်မှာ ၀ယ်သူက ခပ်တင်းတင်းပေါ့ …တစ်နည်းပြောရရင် ၀ယ်သူဈေးကွက်ပေါ့…၀ယ်သူကစိတ်ကြိုက် သူကြိုက်တာရွေးဝယ်လို့ရတယ်ပေါ့… ဥပမာပြောရရင် အခု ဖုန်းကဒ်တွေလမ်းဘေးမှာ တစ်ကဒ် ၁၀၀ ၊ ၂၀၀ ကျပ် နဲ့ ရောင်းသလိုပေါ့… ဒီအချိန်မှာ ဈေးတွေလည်းလျှော့ချရောင်းတက်ကြပါတယ်။

ဝယ်လိုအား နဲ့ ရောင်းလိုအားမျှနေတဲ့အခြေအနေ ဒီအချိန်ကတော့ ရောင်းချင်သူရော ၊ ၀ယ်ချင်သူရော မျှခြေဖြစ်တဲ့အခြေအနေပါ ။ ဒီလိုဖြစ်ဖို့ ရောင်းချသူတွေအနေနဲ့ ဈေးကွက်ဝယ်လိုအားကိုတွက်ချက်ပြီးထုတ်လုပ်ရောင်းချဖို့လိုပါတယ်။ ဒီအချိန်မှာ ဈေးကွက်တည်ငြိမ်ပြီး ၊ ဈေးလည်းတည်ငြိမ်တက်ပါတယ်။

ယခင်က ဈေးကွက်မှာကုန်ပစ္စည်းရှားပါးတော့ ရောင်းသူဈေးကွက် (Seller Marker) ပါ။ ၀ယ်သူတွေအနေနဲ့ရွေးချယ်လို့မရတဲ့ အချိန်ပါ။

အခုတော့ ကုန်ပစ္စည်းတွေပေါများပြီး ၊ အပြိုင်အဆိုင်များတာကြောင့် ၊ ၀ယ်သူစိတ်ကြိုက်ရွေးချယ်လို့ရလို့ (Buyer Market) ပါ။

Source: economics knowledge

Read times
Rate this item
(1 Vote)