-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် Brand အတွက် Website ရှိဖို့လိုအပ်ပါသလား

အခုလိုခေတ်မှီနေတဲ့ ခေတ်ကြီးမှာ ကိုယ့် Brand ကို မြှင့်တင်ဖို့ Classic ဆန်ဆန်လေးဖြစ်နေစေဖို့ စီးပွားရေးလုပ်ငန်းတိုင်းမှာ Website ရှိသင့်ပါတယ်။Website တစ်ခု ပြုလုပ်ထားခြင်း က ကြီးမားကောင်းမွန်တဲ့ ဈေးကွက်စီးပွားရေး ဆိုင်ရာ နည်းဗျုဟာတစ်ခုရဲ့ လမ်းစ ပါပဲ။

Website ပြုလုပ်ထား ခြင်းက သင့် စီပွားရေးလုပ်ငန်းစုကြီးသည် ၊ သေးသေး / ကြီးကြီး ၊ ဟောင်းသည် ၊ သစ်သည် သာမက ကြားကာလမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်း များကိုပါ တိုတက်ကောင်းမွန်စေပါတယ်။
သင့် Brand ကို လူထုနဲ့ ထိတွေ့ ပေးနိုင်မဲ့ တစ်ခုထဲသော နည်းလမ်းပါ။

 

SEO စနစ်ကောင်းတဲ့ Website ဆိုရင်တော့လဲ သင့် Brand အတွက် ပိုကောင်းတာပေါ့ ။ သို့ပေမဲ့ လည်း SEO အတွက် အကုန်အကျ များမှာ ဖြစ်တာကြောင့် Website လေးတစ်ခု ရှိနေတာနဲ့ တင်ပထမ ထိုးနှက်ချက်လေးပေါ့။

 

ယနေ့ ခေတ်မှာ brand တော်တော်များများကို ကိုယ်ပိုင် website လေးရှိသင့်ပါတယ် Ads တွေ run ပြီး ဘာမှ ROI ရေရေရာရာ ပြန်မရတဲ့ Facebook တစ်ခုထဲကိုပဲ အားကိုးနေလို့မဖြစ်ပြန်ပါဘူး။E-commerce တွေဖြစ်တဲ့ shop.com တို့ rgo 47 တို့ကို ပိုက်ဆံတွေ ပုံပေးပြီး သူတို့ဆီမှာ သွားရောင်းနေရတာ မလိုအပ်ပဲ ပိုက်ဆံတွေကုန်နေတယ်လို့ မြင်လာတယ်။

 

Website ဘာကြောင့်ရှိသင့်တာလဲ ?

----------------------------------------

 

လူတွေက အမြဲ Trend နောက်ကိုလိုက်ကျပါတယ်။ဒီနေ့မှာ facebook မှာရှိနေပေမယ့် မနက်ဖြန်မှာ Instagram မှာ Audience တွေ တဟုန်ထိုးတိုးချင် တိုးသွားမယ်၊ နောက်ရက်မှာ twitter, snapchat, pinterest , Weibo ဒါမှမဟုတ် ကျွန်တော်တို့တွေ မမြင်ဖူး မတွေ့ဖူး မကြားဖူးတဲ့ platform တွေဆီလဲ ရောက်ချင်ရောက်သွားနိုင်ကြပါတယ်။ ဘာတွေ ဘယ်လိုပြောင်းပြောင်း website ကတော့ အသက်ပဲဗျ။ဥပမာပေးရရင် သင်္ဘောတစ်စီး မရွေ့သွားဖို့၊ အခြေခိုင်ဖို့ ကျောက်ဆူးကြိုး ချထားရသလို Brand တစ်ခုရဲ့ အခြေခိုင်မာဖို့ website တစ်ခုက မရှိမဖြစ်လိုအပ်တယ်။ website မလုပ်ပဲ trend ဖြစ်နေတဲ့ platform တွေ နောက်ကိုပဲ အာရုံစိုက်ပြီးလိုက်မယ်ဆိုတာကတော့ အဆင်မပြေနိုင်ပါဘူး။

 

Website ကြောင့် ဘာအကျိုးအမြတ်တွေရမလဲ ?

-------------------------------------------------------

 

1. ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် Facebook မှာဆို သူ့စည်းကမ်းတွေကို အကုန်လိုက်နာရပါတယ်။Website ကျတော့ သင့်ကိုယ်ပိုင်ဖြစ်တဲ့အတွက် ကြိုက်တာလုပ် မိုက်တာလုပ်ပါပဲ။ ကိုယ့် content, messages, visual တွေကို ကိုယ်တိုင် ထိန်းချုပ်လို့ရပါတယ်။

 

2. Website မှာဆို ကိုယ့် product ရဲ့ specifications ကို အပြည့်အစုံဖော်ပြထားလို့ရတယ်။ Consumers တွေကလဲ ဘာအရောင်ရလဲ၊ ဘယ်လောက်လဲ ဘာညာလာမေးစရာမလိုတော့ဘူး။ကိုယ့်ဟာကိုယ် product တွေကို စိတ်ကြိုက်ကြည့်ပြီး လေ့လာရုံပါပဲ။ ၂၄ နာရီနဲ့ နေ့စဉ်လည်ပတ်နေတာ ဖြစ်တဲ့အတွက် Facebook မှာလို သိချင်တာတွေကို private message ပို့ထားပြီး reply ကို ထိုင်စောင့်နေစရာမလိုဘူး။

 

3. Consumer က သဘောကျတယ်ဆိုရင် information ဖြည့်ပြီး လွယ်လွယ်ကူကူ order တင်လိုက်ရုံပါပဲ။ Brand ဘက်က ကြည့်မယ်ဆိုရင်လဲ ကိုယ့် consumer ရဲ့ data တွေ ရသင့်သလောက်ရပါတယ်။ ပြီးရင်ပြန်ပြီး သူတို့ကို engage ပြန်လုပ်လို့ရနိုင်တယ်။' အမြဲ တမ်းမမေ့ပါနဲ့ Analytics ကြည့်တယ်ဆိုတာ သင့်လုပ်ငန်း တိုးတက်ချင်လို့ သင်ပြုမှုတဲ့ အကျင့်လေးတစ်ခုပါ ' လို့ Mirego မှ CTO ဖြစ်သူ Pierre-Luc Simard မှ ပြောပါတယ်။

 

4. Google Analytics ဆိုတာလဲ website တစ်ခုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ လူတွေ ကိုယ့် website ကို ဘယ်ကနေရှာတွေ့လဲ၊ ဘယ် source ကလာလဲဆိုတာ ကြည့်နိုင်ပါတယ် (Organic search လား၊ direct လား၊ Social ကနေလား စသဖြင့်ပေါ့)။ သူတို့ရဲ့ Data ကိုလဲ သိနိုင်တယ် အသက်ဘယ်လောက်ကနေ ဘယ်လောက်က အဝင်များတယ်၊ male နဲ့ female % ဘယ်လောက်ရှိတယ်၊ Track conversion နဲ့ဆိုရင် form ဖြည့်တာတွေ၊ sign up လုပ်တာတွေ၊ purchase တွေ စတာတွေပါ စောင့်ကြည့်လို့ရပါတယ်။ ဒါ့အပြင် တခြားတခြားသော ကောင်းကျိုးတွေရှိပါသေးတယ်။

 

H&M , Forever 21 , Pull & Bear , Bersha တို့ရဲ့ Website လည်ပတ် ပုံတွေကို ကြည့်ပါ။ အမြဲမပြတ် လေ့လာသင့်ပါတယ်။တချို့အရာတွေမှာ သေးသေးလေးတွေကနေ အသေးစိတ် ဂရုစိုက် ထားတာ တွေ့ရမှာပါ။

 

အနှစ်ချုပ်ပြောရမယ်ဆိုရင် digitally အရ website က Brand တစ်ခုရဲ့ အသက်ပါပဲ။ တစ်ချို့ကလဲ Customer behavior တွေအရ website မလုပ်ချင်ကြဘူး။ Customer ရဲ့ behavior တွေ၊ အမြင်တွေ၊ mindset တွေကို ပြောင်းပစ်ရမှာ Brand တွေရဲ့ တာဝန်ပါ။ အကုန်လုံးက အဲ့လိုတွေဖြစ်လာပြီဆိုရင် Customer တွေလဲ လိုက်ပြောင်းလဲလာပါလိမ့်မယ်။ အဲ့တော့ အားလုံးပဲ website လေးတွေကို စလုပ်ဖို့ ပြင်ကြပါတော့။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)