-->
×

Warning

JUser: :_load: Unable to load user with ID: 29


K-Pop Starများနှင့် ပူးပေါင်းပြီး ဈေးကွက်ကိုထိုးဖောက် ကြော်ငြာသည့် နာမည်ကြီး Brandများ

K-Pop Starများနှင့် ပူးပေါင်းပြီး ဈေးကွက်ကိုထိုးဖောက် ကြော်ငြာသည့် နာမည်ကြီး Brandများ The Drum

ကမ္ဘာတစ်ဝှမ်း လူကြိုက်များလာတဲ့ K-Popလောကဟာ အွန်လိုင်းမှာ ကြည့်ရှူသူတွေဟာ သန်းနဲ့ချီပြီး မြင့်တက်လျက်ရှိပါတယ်။ ၎င်းသန်းပေါင်းများစွာသောလူတွေက နာမည်ကြီး K-Pop Starတွေကို အမြဲစောင့်ကြည့်နေကြတဲ့ အတွက် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အခြေခံပြီး နာမည်ကြီးBrandများက Starတွေနဲ့ ဈေးကွက်ကို ဖြန့်ကျက်ဖို့ ကြိုးစားလာကြပါတယ်။

 

ဥပမာ-BTSသည် ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများကြီးရရှိနေတဲ့ ယောက်ျားလေးbandတစ်ခုဖြစ်ပြီး လက်မှတ်ရောင်းအား၊ ဂီတကူးယူမှုများနှင့် Bandထုတ်ပစ္စည်းများ အပြင် စပွန်ဆာပေးခြင်းတို့ကြောင့် BTS သည် တောင်ကိုရီးယားစီးပွားရေးအတွက် စုစုပေါင်း GPD ၏ ၀.၃%၊ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော် တန်ဖိုးရှိသည်။

 

ဒါ့ကြောင့် ကမ္ဘာအနှံ့မှာ K-Popကို လူကြိုက်များလာတာနဲ့အမျှ ကုန်အမှတ်တံဆိပ်တွေဟာ K-Pop Starများနဲ့ ပူပေါင်းပြီး ကြော်ငြာတွေနဲ့ ထိုးဖောက်လာကြပါတယ်။

(441) Theingi Shwe Sin.png

Hyundai: Positive Energy

 

 

၂၀၁၈ ခုနှစ်မှာ Hyundaiသည် တစ်ကမ္ဘာလုံးဆိုင်ရာglobal brand ambassadorsအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခုနှစ်ကမ္ဘာ့ပတ်၀န်းကျင်နေ့အထိမ်းအမှတ်အဖြစ် Hyundaiက K-Pop ဂီတနှင့်အတူ တီထွင်ဖန်တီးမှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

 

Coca-Cola: Taste the Feeling

 

 

NCT 127 Bandရဲ့ 'Taste the Feeling'သည် ကြော်ငြာဂီတဗီဒီယိုတစ်ခုဖြစ်သည်။ Coca-Colaနှင့် လက်မှတ်ရေးထိုးထားသော K-Pop ထုတ်ဝေမှုကြော်ငြာတစ်ခုဖြစ်ပြီး ကြော်ငြာတစ်လျှောက်လုံးမှာ အမှတ်တံဆိပ်ရဲ့မျက်နှာဖုံးများ၊ နံရံပန်းချီကားများရေးဆွဲခြင်း စတာတွေပါဝင်တဲ့ ကြော်ငြာဖြစ်သည်။

 

Korean Air: Safety Video

 

 

SuperM သည် K-pop၏ အအောင်မြင်ဆုံးအဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။ Korean Airက "You Can Go Anywhere"ဆိုတဲ့ကြော်ငြာကို SuperMနှင့် ရိုက်ကူးထားပြီး ဈေးကွက်ကိုထိုးဖောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

 (552) Focus.png

Samsung: All-New Galaxy A with Blackpink

 

 

K-Pop အဖွဲ့ရဲ့ချီးကျူးဂုဏ်ပြုမှုများစွာတွင် Blackpinkအဖွဲ့က ၂၄ နာရီအတွင်း ဂီတဗီဒီယိုကို လူကြည့်အများဆုံး စံချိန်တင်ထားပါတယ်။ 'How You Like You' သီချင်းသည် Guinness World Records (၅)ခု သတ်မှတ်ခြင်းခံထားရပြီး မိန်းကလေးအဖွဲ့ဖြစ်သည်။ ယခုနှစ်အစမှာ Samsung သည် Galaxy A80 စတင်ရန် Blackpink နှင့်ပူးပေါင်းခဲ့သည်။

 

Samsung: Galaxy X BTS

 

 

Blackpink နှင့်ပူးပေါင်းပြီးနောက် Samsung သည် K-Pop အတွက် မိုဘိုင်းအမှတ်တံဆိပ်အဖြစ်သတ်မှတ်ခြင်းခံရပါသည်။ ယခုနှစ်အစောပိုင်းမှာ ကမ္ဘာ့လူကြိုက်အများဆုံးယောက်ျားလေးအဖွဲ့ BTS နှင့် သဘောတူညီမှုထပ်မံရရှိခဲ့သည်။

 

Written By Omega

 

Source:The Drum

Mahmood (840).png

Read times
Rate this item
(1 Vote)