-->
×
Warning
JUser: :_load: Unable to load user with ID: 29
<<< Unicode >>>
YouTube ကြော်ငြာ နှင့်သိမှတ်ဖွယ်ရာများ
-------------------
သင့်အနေနဲ့ ကြော်ငြာ တစ်ခုကို မျက်လုံးထဲ စွဲနေပြီး သိနေဖို့ You Tube မှ ကြိုးစားနေပြီပဲ သိရပါတယ်။ဒါထက် ထူးခြားတာ တစ်ခုက သင့် အနေနဲ့ You Tube မှ video တစ်ခုကြည့်တဲ့အခါအရင်ကထက် ကြားမှာ ဝင်လာတဲ့ ကြော်ငြာလေးတွေ အခုတလော ပိုကြည့် ရတယ်လို့ သတိထားမိမှာပါ။
ဟုတ်ပါတယ်။နိုဝင်ဘာလ ၅ ရက်မှာ You Tube က ဈေးဝယ်ကြော်ငြာ များ နဲ့၎င်းတို့ရဲ့ Brand နဲ့ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာများကို လွတ်လပ်စွာကြော်ငြာခွင့် ပြုခဲ့ ပါတယ်။
ဈေးဝယ်ကြော်ငြာများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်
ဈေးဝယ်ကြော်ငြာ အသစ်တွေဟာ You Tube ကို ဝင်လိုက်တာနဲ့ Home Feed မှာ ပေါ်နေမယ်သိရပြီးတကယ်လို့ You Tube အသုံးပြုသူတွေဟာ ဆံပင် အလှပြင်ခြင်းဆိုင်ရာ သင်ခန်းစာ video များကြည့်ပါက ဆံပင်အလှ အပနှင့် ပတ်သတ်သော ဆံပင်ထိန်းသိန်းရေး ဆေးကြော်ငြာ ၊ ခေါင်းလိမ်းဆီ ကြော်ငြာများ အစရှိသဖြင့် ပေါ်လာအောင် ဖန်တီးထားပါတယ်။
ဥပမာပြောရရင် Puma ဖိနပ်တွေကို ကြည့်ကြည့်ပါ သင့် အနေနဲ့ You Tube မှာ ဖိနပ်ကြိုးချည်နည်းရှာရင် Puma ကြော်ငြာတွေ တတ်လာပါလိမ့်မည်။အားကစားဖိနပ်ရှာ ပါကလည်း သင့် အနေနဲ့ Puma ကြော်ငြာများကို တွေ့ရမှာပါ။ (Puma ကြော်ငြာ Campaign ကို Selena Gomez ရိုက်ကူးထားတာပါ။
Puma ရဲ့ ဒုတိယ အကြီးဆုံး အကြီးအကဲ ဖြစ်သူ Rick Almeida ပြောကြားချက်ကတော့ ပရိသတ်တွေ ပိုပြီး ကြည့်ချင်လာအောင်စွဲဆောင်ဖို့ဆိုတာ ကိုယ့် Brand ကို စိတ်ဝင်စားတဲ့ ပရိသတ်ရှိမှာပါ ဒါကြောင့် Puma က ကြော်ငြာ စစ်ဆင်ရေး စနစ်အသစ်ကို ပရိသတ်တွေအပေါ်မှုတည်ပြီး လုပ်ကိုင်သွားမယ်သိရပါတယ်။
Instagram, Pinterest တို့က အရင်ကတည်းကထိုကဲ့ သို့ သင်စိတ်ဝင်စားနိုင်မည့်ကြော်ငြာပေါ်လာ အောင်ဖန်တီးထားတယ်သိရပါတယ်။You Tube ကတော့ အခုမှ ထို ကြော်ငြာ စနစ်ကိုကျင့်သုံးမှာပါ။
ဒီလိုလုပ်လိုက်တာက ကိုယ့် Brand အပေါ် စိတ်ဝင်စားရုံ စိတ်ဝင်စားနေသူဆိုရင် ကြော်ငြာ မြင်ပါများတော့ သဘောကျတဲ့ အနေအထားထိဖြစ်လာနိုင်ပါတယ်။
You Tube မှ နေ့တိုင်း Video ကြည့်ရှု့သူ ငါး ဘီလီယံ လောက် နီးနီး ရှိတယ် သိရပြီး You Tube က သင့်ကြော်ငြာတွေ အတွက် လူတွေဆီ ရောက်ဖို့ ပေါင်းကူး တံတားတစ်ခုဆိုတာ သိထားသင့်ပါတယ်။
Myanmar Advertising Directory 
Read times
Rate this item
(0 votes)