-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသက် ၃၀ အောက်လူငယ်တွေကသာလျှင် ဒီဂျစ်တယ်ကြော်ငြာ လုပ်ငန်းပိုင်းကို ပိုင်နိုင်တာလား

နည်းပညာတွေ ထွန်းကားတဲ့ ခေတ်မှာ မွေးဖွားတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိဘတွေကို အွန်လိုင်းမှာ တွေ့သမျှ တိုင်းကို မယုံကြည်ဖို့ ပြောမြဲပြောကာ အမြဲ ရှင်းပြကြရပါတယ်။

 

အဲ့လိုရှင်းပြတဲ့ အခါမှာလည်း မိဘတွေက သားသမီးတိုင်းကို သူတို့များက ထမင်းအရင်စားပြီးကြီးလာတာ အွန်လိုင်းမှာတင်ထားတာ ဟုတ်မှာပေါ့ဆိုကာ သားသမီးတွေ ဆင်ခြင်ယုံဖို့ ပြောစကားက တိုးမပေါက်ပဲ သတင်းတုတွေ ၊ လုပ်ဇာတ်တွေ ၊ အယောင်ဆောင်ကြော်ငြာတွေနဲ့ကြည့်ရင်းဖတ်ရင်း သာပျော်မွေ့နေကျတာပါပဲ။

 

ဒီလို ဖြစ်လာခြင်းရဲ့ အကြောင်းပြချက်မှာ အသက်အရွယ်ကြီးတဲ့ လူကြီး အများစုဟာ တချို့ဒီဂျစ်တယ် ဆိုရှယ်မီဒီယာ ရဲ့ ကိစ္စရပ်တွေ ကို အပြည့်အဝနားလည်သူတွေမဟုတ်ပါဘူး၊ ဒါကြောင့် လဲ ကမ္ဘာ ကြော်ငြာအေဂျင်စီ လုပ်ငန်းစုကြီး WPP ရဲ့ CEO ဖြစ်သူ Mark Read ပြောကြားသလို ခန့်မှန်းခြေအရ အသက် ၃၀ နှစ်အောက်လူငယ်တွေဟာ ဒီဂျစ်တယ်ပိုင်းဆိုင်ရာကို ပိုမိုသိရှိနားလည်ကြပါတယ်။

 

Mark Read ရဲ့ ပြောကြားချက်အရဆိုရင် သူ့အသက် ၅၀ စွန်းစွန်း တွင်တောင် သူ့အနေနဲ့ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ စကားပြောရလျင် သူ့လုပ်ငန်းစုမှ လူငယ် အသက် ၃၀ အောက်ဝန်ထမ်းလေးများနဲ့ အမြဲအလုအယက်ပြောရကာ တောင်းပန်ရတဲ့အချိန်တွေတောင်ရှိခဲ့ပါသတဲ့။

 

သို့ပေမယ့် သူ့ပြောကြားချက်အရတော့ '' ကျွန်တော်နဲ့ အလုပ်တူတူ လုပ်တဲ့ အဖွဲ့ကို မေးကြည့်တယ် အကယ်၍ မင်းတို့ကို တီဗီကြော်ငြာ ပိုင်းနဲ့ ဒီဂျစ်တယ်ကြော်ငြာ ပိုင်း ကို မျှတပြီး ကောင်းမွန်အောင်လုပ်ဆောင်ရမယ် ဆိုပြီးပြောကြည့်တယ်အသက် ၄၀ အထက်လူတွေကို ဒီဂျစ်တယ်ကြော်ငြာပိုင်းကို လုပ်ခိုင်းကြည့်တယ် အသက် ၃၀အောက်တွေကို တီဗီကြော်ငြာ ပိုင်းလုပ်ခိုင်းကြည့်တယ်ကောင်းကောင်းတော့ လုပ်နိုင်ကြတယ် ''

 

'' ကျွန်တော်တို့ WPP အနေနဲ့ ကံကောင်းစွာပဲ ထောင်ကျော်ရှိနေတဲ့ အလုပ်သမားတွေက အကုန် သဘာရင့်ပြီး တော်နေတာလားတော့ မသိသူတို့တွေအကုန်လုံးက ကျွန်တော်တို့ စီးပွား ရေး ကို အထောက်အကူ များစွာ ပြုတယ် နောက်ပြီး တွဲဖက် လုပ်တဲ့ လုပ်ငန်းရှင်တွေကို အတော်လေး အကျိုးပြုတယ် ဆိုကာပြောကြားပါတယ် ''

 

လက်ရှိ ဩဇီမှာဆိုရင် ကြော်ငြာ တီထွင်ဖန်တီးမှု အေဂျင်စီဖြစ်တဲ့ Thinkerbell ဟာ အသက် ၅၅နှစ်အထက်တွေကို အလုပ်သင် အဖြစ် ၈ ပတ် ခေါ်ပြီး လေ့လာကြည့်တယ် ကြော်ငြာ ရေးရာ မှာရော ၊ PR ပိုင်းနဲ့ ဒီဂျစ်တယ်ပိုင်းမှာပါ အသက် ကွာခြားမှုပိုင်း ရှိပေမယ့်အတော်လေး အလုပ်ဖြစ်ပါတယ် သို့ပေမယ့် လက်ရှိဩဇီမှာဆို ကြော်ငြာ အေဂျင်စီတိုင်းရဲ့ အလုပ်သမား ၅ ရာခိုင်နှုန်းဟာ အသက် ၅၀ အထက် ရှိတာပါ ကျန်တဲ့ လုပ်သားတွေကတော့ အသက် ၃၈ နှစ်အောက်တွေသာရှိကြတယ်လို့သိရပါတယ်။

 

Ref : Ad News 

Read times
Rate this item
(0 votes)