-->
×

Warning

JUser: :_load: Unable to load user with ID: 29


အကျိုးသက်ရောက်မှုရှိစေမယ့် ပြည်တွင်းကြော်ငြာခြင်း အကြုံပြုချက်များနှင့် နည်းဗျူဟာများ

စီးပွားရေးလုပ်ငန်း ကြီးမားသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုပ်ငန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ စီးပွားရေးနည်းဗျူဟာတွေဟာ အနဲနှင့်အများ အမြဲရှိနေသင့်ပါတယ်။

 

သင်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ သင်ရဲ့အဖွဲ့ကို စီမံခန့်ခွဲခြင်းနှင့် အခြားစီးပွားရေးအကြောင်းအရာတွေအတွက် စျေးကွက်ရှာဖွေရေးဗျူဟာတွေနဲ့ ထုတ်ကုန်တွေ ထိုးဖောက်နိုင်ဖို့ကို အမြဲလေ့လာနေရပါမယ်။

 

စျေးကွက်ရှာဖွေရေးက အသေးစားစီးပွားရေးရဲ့ ရှုထောင့်တစ်ခုအရ အရေးကြီးပါတယ်။ အကယ်၍ သင်က ဖောက်သည်အသစ်တွေကို အမြဲတမ်းဆွဲဆောင်နေဖို့ မကြိုးစားပါက သင့်ရဲ့ စီးပွားရေးကလည်း ကျဆင်းသွားနိုင်ပါတယ်။

 

ကုမ္ပဏီတွေကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုဖြစ်စေနိုင်တဲ့ ကြော်ငြာခြင်း အတွက်အချက်ကောင်းတွေနဲ့ ဗျူဟာအချို့ကို အကြံဉာဏ်ပေးသွားမှာပဲ ဖြစ်ပါတယ်။



Social Mediaကြော်ငြာများ

 

လူမှုမီဒီယာဆိုတာက စားသုံးသူတွေရဲ့ လိုအပ်မှုနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် ကြိုက်နှစ်သက်မှုတွေ အကုန်လုံးကို ရှာတွေ့နိုင်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ မည်သည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေပါစေ၊ မည်သည့်နေရာတွင် ရှိနေပါစေ ဆိုရှယ်မီဒီယာကို စျေးကွက်ရှာဖွေရေးကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်းက တကယ်ကိုတန်ဖိုးရှိပါတယ်။

 

ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာတွေကို ငွေပေးချေပြီး ကြော်ငြာခြင်းက သင့်ရဲ့ အမှတ်တံဆိပ်ကို စားသုံးသူတွေထံ ရောက်စေပြီး ဆွဲဆောင်မှုဖြစ်စေတယ်ဆိုပေမယ့် ပိုက်ဆံမကုန်စေဘဲ သင်ကိုယ်တိုင် ဒီ့ထက်အများကြီးလုပ်နိုင်ပါတယ်။

 

သင်ရဲ့ ကုန်အမှတ်တံဆိပ်ကို လူမှုမီဒီယာမှာ နာမည်ရအောင် တည်ဆောက်ခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းက ကုမ္ပဏီတွေအတွက် အကျိုးအမြတ်များစွာ ဖြစ်စေပြီး ၎င်းအချက်ကို လျစ်လျူရှုခြင်းက အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

 

Internetမလိုဘဲ ကြော်ငြာခြင်း

 

သင်ရဲ့ စီးပွားရေးကို ကြော်ငြာရန်အတွက် အွန်လိုင်းနည်းစနစ်တွေကိုပဲ မှီခိုနေဖို့မလိုပါဘူး။ ဒီဂျစ်တယ် ကြော်ငြာဆိုင်းဘုတ်များ၊ ပိုစတာများနှင့် စာစောင်များလက်ကမ်းဝေခြင်းက သုံးစွဲသူတွေကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး အရေးတကြီးလိုအပ်လာတဲ့ အချိန်မှာ သင့်ကုမ္ပဏီကို စားသုံးသူတွေက ချက်ချင်းအလွယ်တကူ မှတ်မိစေနိုင်ပါတယ်။

 

Local SEO(Search Engine Optimization)

 

Local SEOက အင်တာနက်ကြော်ငြာဆိုင်းဘုတ်လို အမျိုးအစားဖြစ်ပြီး နေရာဒေသကိုမှီခိုတဲ့ အရာမျိုးလည်း ဖြစ်ပါတယ်။ အကယ်၍ ၎င်းကဏ္ဍကို သင်ကျွမ်းကျင်ပါက သင်ရဲ့ကုမ္ပဏီနှင့်သက်ဆိုင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို Googleမှာ ရှာဖွေနိုင်မှာလည်းဖြစ်ပါတယ်။ ဒါက သင့်ရဲ့ ပြိုင်ဘက်ကုမ္ပဏီကို သာစေမယ့် အချက်တစ်ခုလည်းဖြစ်ပါတယ်။

 

Local SEOရည်မှန်းချက်က “near me” သို့မဟုတ် မြို့နာမည်အလိုက် ရှာဖွေမှုတွေမှာ အချက်အလက်တွေကိုပြသရန်ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်က ကားဆိုင်တစ်ဆိုင်ကိုဖွင့်ထားပါက သင့်ဆိုင်ပတ်ဝန်းကျင်နားမှာ တစ်ယောက်ယောက်က ကားပျက်သွားမယ်ဆိုရင် သူတို့က“ auto repair near me”လို့ရှာလိုက်တာနဲ့ သင်ရဲ့siteကိုတွေ့ပြီး သင့်ဆိုင်ကိုရောက်လာမှာပဲ ဖြစ်ပါတယ်။

 


Creating Content

 

ဆိုရှယ်မီဒီယာနှင့်SEO လုပ်ဆောင်ချက်လိုမျိုး သတင်းအချက်အလက်နှင့် ဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတွေကို ဖန်တီးခြင်းက သင်ရဲ့ အွန်လိုင်း ပရိုဖိုင်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒေသခံပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် အပိုင်းတစ်ခုကတော့ သူတို့ကို သင်ကြားပေးနိုင်ပြီး ပညာရစေမယ့် အကြောင်းအရာတွေကို ဖန်တီးပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင်က သင်ကြားပို့ချတဲ့ဗီဒီယိုတွေ (သို့မဟုတ်) blog postတွေ လုပ်နေတယ်ဆိုရင် ဒေသခံပရိသတ်တွေကို နည်းတစ်နည်းနဲ့ ဆွဲဆောင်နေတာပဲ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် အပေါ်မှာ အကြံပြုထားတဲ့ ကြော်ငြာဗျူဟာတွေကို သင့်ရဲ့ အားသာချက်တစ်ခုအဖြစ် အသုံးချပါ။ ဒေသအလိုက်ရော အခြားနေရာတွေမှာပါ စျေးကွက်ရှာဖွေရေးအတွက် သင်ရဲ့အချိန်နှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေက ပိုများပြား၊ကျယ်ပြန့်လာလေလေ ဖောက်သည်တွေကို ဆက်လက် ဆွဲဆောင်နိုင်လေလေပဲဖြစ်ပါတယ်။

 

Source:TheNewsTrace

Read times
Rate this item
(0 votes)