-->
×

Warning

JUser: :_load: Unable to load user with ID: 29


Apple နှင့် iPhone 14 ကို ကြော်ငြာအသစ်တွင် Samsung ဝေဖန်

Apple နှင့် iPhone 14 ကို ကြော်ငြာအသစ်တွင် Samsung  ဝေဖန်

 

စက်တင်ဘာလ ၇ ရက်နေ့တွင် Apple သည်  iPhone 14 အမျိုးအစားသစ်ကို မိတ်ဆက်မည်ဖြစ်သည်။ ပွဲမကျင်းပခင် ရက်ပိုင်းအလိုမှာ Samsung က ဗီဒီယို ကြော်ငြာတစ်ခု ထုတ်လွှတ်လိုက်ပါသည်။ 

 

 Samsung ၏ နောက်ဆုံးထုတ် ဗီဒီယိုကြော်ငြာတွင် Samsung ၏ အဓိကပြိုင်ဘက်ဖြစ်သည့် Apple သည် iPhone မျိုးဆက်သစ် flagship များကို မိတ်ဆက်မည့်ပွဲမတိုင်မီတွင်  iPhone 14 စမတ်ဖုန်းများမှာ တီထွင်ဖန်တီးနိုင်စွမ်း မရှိဟု Samsung က ကြော်ငြာတွင် တင်ပြသည်။

တစ်ချိန်တည်းမှာပင် Samsung ၏ Galaxy S22 Ultra နှင့် Galaxy Z Flip 4 တို့၏ စွမ်းဆောင်ရည်ကို ကြော်ငြာသည်။ 

 

စက္ကန့် 30 ကြာမြင့်သော ကြော်ငြာဗီဒီယိုသည် iPhone အသုံးပြုသူများကို သနားစရာအဖြစ် ရှုမြင်သည်။

 သာလွန်ကောင်းမွန်သော အရည်အသွေးများပါရှိသော Samsung စမတ်ဖုန်းကို မရွေးချယ်ခြင်းဖြင့် ၎င်းတို့ရရှိနိုင်မည့် အံ့ဖွယ်တိုးတက်မှုများအားလုံးကို ရရှိမည့် အခွင့်အလမ်းမှ လွဲချော်သွားစေသည်။

စျေးကွက်ထဲမှာ အရည်အသွေး အမြင့်မားဆုံး ကင်မရာဖုန်း Galaxy S22 Ultra ကို   အိတ်ကပ်ထဲတွင် ရှိနေ‌စေသင့်သည်ဟု ဆိုသည်။ 

iPhone ကိုင်ဆောင်သူများအဖို့ အကောင်းဆုံးပုံများ ရိုက်ဖို့ မစွမ်းသာ ဖြစ်‌ေနကြမည်။

Galaxy S22 Ultra ကင်မရာ ကောင်းချက်က လကိုပင်လျှင် ရတတ်သမျှ အလင်းရောင်နည်းနည်းဖြင့် ရိုက်နိုင်သည်။ iPhone တွင် ရိုက်မရနိုင်။

 

အဆိုပါ ရှိပြီးသား တီထွင်ဆန်းသစ်မှုများအားလုံးကို Samsung စမတ်ဖုန်းများတွင် ပါပြီးသား ဖြစ်သည်။ iPhone တွင် များမကြာခင် ရဖို့ လမ်းမမြင်။

#MyanmarAdvertisingGuide
 Telegram Channel https://t.me/Guid4U

ကြော်ညာဗီဒီယို 

 

MICTG

 
Read times
Rate this item
(0 votes)