စာသင်ခန်းထဲတွင် ပါမောက္ခတစ်ဦးက ကျောင်းသား ကျောင်းသူများကို Marketing သဘောတရားများ ရှင်းပြလျက် ရှိသည် ။
မင်းက ဘားတစ်ခုကို သွားရင်းနဲ့ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
အဲဒီအချိန်မှာ မင်းက သူ့အနား သွားပြီး ဒီလို ပြောမယ် ။
" ငါက အရမ်း ချမ်းသာတယ် ။ ငါ့ကိုလက်ထပ်ပါ ... "
အဲဒါ Direct Marketing ပဲ ...
မင်းက ဘော်ဒါတွေ တစ်အုပ်ကြီးနဲ့ ဘားတစ်ခုကို သွားမယ် ။
အဲဒီမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
မင်းသူငယ်ချင်းက သူ့အနား သွားမယ် ။
မင်းကို လက်ညှိုး ထိုးပြပြီး ဒီလို ပြောမယ်။
" အဲဒါ ငါ့သူငယ်ချင်းပဲ ။ သူက တကယ့် ဘောစိ ။ နင် သူ့ကို လက်ထပ်ပါလား ... "
ဒါမျိုးကို Advertising လို့ ခေါ်တယ် ...
မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
မင်း ဘာမှ မပြောရ သေးခင် သူက မင်းအနား လျှောက်လာပြီး ဒီလို ပြောမယ်။
" ရှင်က ဘောစိ နော် ။ ရှင် ကျွန်မကို လက်ထပ် ပါလား ... "
အဲဒါ Brand Recognition ပဲ ...
မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့တဲ့အခါ သူ့အနား သွားပြီး ဒီလိုပြောမယ်။
" ငါက အရမ်း ချမ်းသာတယ် ။ နင် ငါနဲ့ လက်ထပ်မလား ... "
အဲဒီမှာ သူက ဘာမှပြန်မပြောဘဲ မင်းရဲ့ ပါးကို ဖြောင်းခနဲ မြည်အောင် ရိုက်ထည့်လိုက်ရော ဆိုပါတော့ ...
Customer Feedback ဆိုတာ အဲဒါပဲ ...
မင်းက ဘားတစ်ခုကို သွားရင်းနဲ့ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။
သူ့အနားသွားပြီး ဒီလိုပြောမယ် ။
" ငါက အရမ်း ချမ်းသာတယ်။ ငါ့ကို လက်ထပ်ပါ ... "
အဲဒီမှာ ဟိုက မင်းကို သူ့ယောက်ျားနဲ့ မိတ်ဆက်ပေးလိုက်မယ် ဆိုပါတော့ ။
အဲဒါမျိုးကိုတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ကြား ဟန်ချက် မမျှခြင်းလို့ ခေါ်တယ် ၊
Demand and Supply Gap ပေါ့ကွာ ..
မင်းက ဘားတစ်ခုမှာ အရမ်း လန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။
သူ့အနားကို သွားပြီး မင်း တစ်ခုခု ပြောဖို့ ကြံနေတုန်းမှာ မင်းမိန်းမ ရောက်လာမယ် ဆိုပါစို့ ။
အဲဒါ ဈေးကွက်အသစ် တစ်ခုကို စတင် ထိုးဖောက်ချိန်မှာ ကြုံတွေ့ရမယ့် အဟန့်အတား ပဲကွ ၊
Restriction for Entering New Market ဆိုတာ ပေါ့ကွာ ...
ကဲ ... ဘယ်လိုတုန်းဟေ့ ၊ ရှင်းရဲ့လား တပည့်တို့ ။
ဒီလောက်ဆို Marketing သဘောတရားကို နားလည်လောက်ပြီလို့ထင်ပါတယ်နော်...
Recommended for you-Customer တွေရဲ့ Needs and wants တွေကို အခြေခံပြီး သင့်ရဲ့ Brand ကို တည်ဆောက်ပါ!
Credit; Mr. Let Li