-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းကို နာမည်ပေးတော့မယ် ဆိုရင် သိထားသင့်တဲ့ အချက်များ

သင့်လုပ်ငန်းကို နာမည်ပေးတော့မယ် ဆိုရင် သိထားသင့်တဲ့ အချက်များ google

လုပ်ငန်းနာမည် ဟာ Website လုပ်ရင် အဆင်ပြေတဲ့ နာမည် ဖြစ်ဖို့လိုပါတယ်။

Website လုပ်ရင် Domain Name လိုပါတယ်။ ဒီ Domain Name တွေဟာ Company Name တွေလိုမျိုး Unique ဖြစ်ပါတယ်။ ဆိုလိုတာ က ရှေ့မှာတစ်ဦးက ကိုယ်နဲ့ နာမည်တူတာ ကို Website လုပ်ထားမယ်ဆိုရင် ကိုယ်ကလိုက် လုပ်လို့မရတော့ပါဘူး။ လုပ်ငန်း အသေးလေးနဲ့ စတာ ပဲ Website မရှိလို့ ဘာဖြစ်လဲလို့ မေးစရာရှိပါတယ်။ အသေးစားလုပ်ငန်းမို့လို့ Website မလုပ်တာ ပြသနာမဟုတ်ပေမယ့် သင့်လုပ်ငန်း ကို တစ်သက်လုံးအသေးစားလို့ ပဲ မှန်းထားတယ်ဆိုရင်တော့ ပြသနာရှိသွားပါပြီ။ တစ်ချိန်မှာလုပ်ငန်းက ချဲ့လာမှာဖြစ်လို့ စကတည်းက Website Domain Name ရလောက်တဲ့ နာမည် ကနေ စရွေးတာ အဆင်ပြေပါတယ်။ PR Agency တစ်ခုကို The Burmese ဆိုတဲ့ နာမည်နဲ့ တည်ထောင်ဖို့ ကြံစည်ဘူးပါတယ်။ Domain Name လဲ အဆင်ပြေပါတယ် ဒါပေမယ့် ပြသနာက Burmese ဆိုတဲ့ နာမည် နဲ့ Company ပေးမထောင်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် တစ်ခြားနာမည် တစ်ခုနဲ့ လုပ်ခဲ့ရပါတယ်။

 

 

လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်

ပထမဆုံး လုပ်ငန်းနာမည်လို့ စဉ်းစားလိုက်တာနဲ့ ကိုယ့်လုပ်ငန်းနာမည်ဟာ ကိုယ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ Unique Selling Point ရယ် နောက်လုပ်ငန်းရဲ့ သဘောသဘာဝရယ်နဲ့ ကိုက်ညီနေဖို့ လိုပါတယ်။ စားသောက်ဆိုင် ဆိုရင် ရသာကောင်းလို့ ပေးလို့ရပေမယ့် 24/7 Convenience Store ဆိုရင်တော့ ရသာကောင်းလို့ ပေးလို့မရပါဘူး ဘာလို့လဲဆိုတော့ Business Nature ချင်းမတူလို့ပါ။ ကိုယ့်လုပ်ငန်းကို ၀ယ်ယူသုံးစွဲမယ့်သူက ကိုယ့်လုပ်ငန်းနာမည်ကို ကြားလိုက်တာနဲ့ ဘာလုပ်တဲ့လုပ်ငန်းဆိုတာ တန်းသိနေဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းကို နာမည်ပေးတဲ့ အခါမှာ ကိုယ့်လုပ်ငန်းနဲ့ အပ်စပ်တဲ့ လုပ်ငန်းနာမည်ကို ပေးစေချင်ပါတယ်။

 

 

နားစွဲလွယ်ရပါမယ်

လုပ်ငန်းနာမည်လဲ ပေးပြီးပြီ။ Company နာမည်လဲရပြီ နောက် Webpage လဲလုပ်ပြီးပြီ ဒါပေမယ့် ပြသနာက ဘာလဲဆိုတော့ လုပ်ငန်းနာမည်က ပြင်သစ်လိုပေးထားတာ ဖြစ်နေတယ်။ ဆန်းတော့ ဆန်းတာပေါ့လေ အသံထွက် တော်တော်ခက်တဲ့ စာလုံးဖြစ်နေတယ်။ အဲဒီလုပ်ငန်းက ပေးတဲ့ Service နဲ့ ရောင်းတဲ့ Product လေးက သင့်တင့်ပေမယ့် ထင်သလောက် ရောင်းမကောင်းဘူး။ ဘာလို့လဲဆိုတော့ လုပ်ငန်းကို တစ်ခြားသူတစ်ယောက်က ညွှန်ပြပြောဆိုတဲ့အခါ အသံထွက်ရတာ အဆင်မပြေလို့ ပါပဲ။ ဒါကြောင့်မို့ လို့ ကျွန်တော်တို့ Words of Mouth လို့ လို့ခေါ်တဲ့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဈေးကွက် ကို ထိုးဖောက် မယ်ဆိုရင် လုပ်ငန်းနာမည်ကို နားစွဲလွယ်တဲ့ နာမည်လေးတစ်ခု ဖြစ်အောင်ပေးစေချင်ပါတယ်။ ဒီနားစွဲလွယ်ဖို့ဆိုရင် စာလုံးရေနည်းတဲ့၊ တိုတိုတုတ်တုတ်ဖြစ်တဲ့ နောက်ရိုးရှင်းတဲ့ နာမည်မျိုး ကို ပေးဖို့လိုပါတယ်။ ပြောရရင် Creative ဖြစ်တာကောင်းပါတယ် ဒါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ က လူပိုသိလွယ်ပါတယ်။

 


လုပ်ငန်းနာမည်မှာ ကိုယ့်နာမည် မထည့်ပါနဲ့

Business ဆိုတာ ဘ၀မဟုတ်လို့ပါပဲ။ လူတစ်ယောက်ရဲ့Personal Brand Image ဟာလုပ်ငန်းတစ်ခုရဲ့ Business Brand Image ထက်ပိုပြီးအမြဲတမ်း တန်ဖိုးရှိပါတယ်။ နောက်တစ်ချက်ကတော့ business ဆိုတာ ဘယ်လိုမဆို တစ်ဦးထဲ တစ်ယောက်ထဲလုပ်ရတာ မဟုတ်ပါဘူး။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လုပ်မှားကိုင်မှား ပြောမှားဆိုမှားတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့် Business ကြီး နာမည်ပျက်သွားတဲ့အခါ ကိုယ့် Business ကိုလဲ ကိုယ့်နာမည်နဲ့ ပေးထားတဲ့ အခါမှာဆိုရင် ကိုယ့်နာမည်ပါ နောက်ထပ် Business ထပ်လုပ်လို့မရတော့အောင် ပျက်စီးသွားတတ်ပါတယ်။ လဲကျရင်ပြန်ထမှာပေါ့ ဆိုတဲ့ စိတ်ဓါတ်နဲ့ အလုပ်လုပ်မယ် ဆိုရင် လဲကျရင်တောင် ပြန်ထနိုင်တဲ့ အခြေအနေမျိုးနဲ့ လဲကျတတ်ဖို့ လိုပါတယ်။

 

 

ဆင်တူရိုးမှားမပေးပါနဲ့

ဆင်တူရိုးမှားတွေ ထုတ်တဲ့အခါ နာမည်ကြီးတဲ့ Brand ဟာရောင်းအားကျသလို Customer ဟာလဲ သူပေးတဲ့ ပိုက်ဆံနဲ့တန်တဲ့ Value ကို သူပြန်မရဘူး။ ဒါကြောင့် ဆင်တူ ရိုးမှားနာမည်တွေ မပေးပါနဲ့။

 

 

အချိန်ယူပါ

လုပ်ငန်းနာမည်ပေးတယ်ဆိုတာ ကိုယ်ကိုယ်တိုင် မွေးဖွားတဲ့ သားသမီးကို နာမည်ပေးရတာနဲ့ ဆင်တူပါတယ်။ ဒါကြောင့်မို့လို့အချိန်ယူပါ သေချာစဉ်းစားပါ နောက်တစ်ခု ကတော့ နာမည်စဉ်းစားလို့ရတာနဲ့ Domain Name အတွက် ကို Reserve လုပ်ပါ Company Name ကိုတော့ Registration လုပ်လို့ရရင် လုပ်ထားစေချင်ပါတယ်။

 

 

Crd : Myo Myo Swe Tun @ Michael

Myanmar Advertising Directory


Read More...အောင်မြင်တဲ့ ကြော်ငြာတစ်ခု ဖန်တီးချင်တယ်ဆိုရင် အိမ်စာလုပ်ပါ

Read times
Rate this item
(2 votes)