-->
×

Warning

JUser: :_load: Unable to load user with ID: 29


Copywriting နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တိုင်း သိသင့်တဲ့ အချက် ၁၀ ချက်

Copywriting နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တိုင်း သိသင့်တဲ့ အချက် ၁၀ ချက် google.com

လုပ်ငန်းတစ်ခုပြုလုပ်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ လူအများကြားမှာ မိမိလုပ်ငန်းက ကောင်းမွန်တဲ့ brand တစ်ခုဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် သက်သေပြလျှက်ရှိကြပါတယ်။ မိမိက Copywriting ဖြင့် သက်သေပြချင်သည်ဟု ကောက်ချက်ချလိုက်ပါက

မဖြစ်မနေသိသင့်တဲ့အချက်များစွာရှိတဲ့အတွက် ထိုအချက်များကို ပညာသားပါပါအသုံးပြုတတ်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) မိမိ product ရဲ့ ကောင်းကျိုးများ
မိမိလုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းဟာ အသုံးပြုသူများကို ဘယ်လို ကောင်းကျိုးတွေပေးနိုင်သလဲ၊ ထိုပစ္စည်းကို အသုံးပြုခြင်းဖြင့် customer များအနေနဲ့ ဘယ်လို benefits မျိုးတွေရနိုင်သလဲ၊ အခြားသောပြိုင်ဘက်များရဲ့ product တွေထက် မိမိ product က ဘာတွေပိုကောင်းလဲ စတဲ့ အချက်များကို ပထမဆုံး outline အနေနဲ့ စဉ်းစားဖို့အကြံပေးပါရစေ။


(၂) Competitors များရဲ့ အားနည်းချက်
မိမိရဲ့ product ကဘယ်လိုကောင်းကျိုးများပေးနိုင်သလဲဆိုတာတွေကို သေချာသိရှိအောင်လုပ်ပြီး အခြားသော ပြိုင်ဘက်လုပ်ငန်းရှင်များရဲ့ product ထက်ဘယ်လိုအချက်တွေသာနေလဲ စတာတွေကိုရေးသားပြီး Competitor ရဲ့ အားနည်းချက်များကို တဖန်ဖော်ထုတ်ပြသကာ ထို product များကိုသုံးခြင်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေရနိုင်သလဲစတဲ့အချက်တွေကလည်း မဖြစ်မနေပါဝင်ရမယ့်အချက်တွေဖြစ်ပါတယ်။


(၃) မိမိဦးတည်ကြော်ငြာမယ့် Audience များ
မိမိကြော်ငြာလိုက်တဲ့ ကြော်ငြာများကို လူတိုင်းကကြည့်နေကြတာမဟုတ်ပါဘူး။ မိမိဘက်မှ ဥပမာ gender အလိုက်၊ အသက်အလိုက် နှင့် လစာအလိုက် စတဲ့ လူအများရဲ့ Demographic အချက်အလက်တွေပေါ်မူတည်ပြီး Target လုပ်ရတာဖြစ်ပါတယ်။ ကြော်ငြာပြုလုပ်ရာတွင်လည်း သေချာစဉ်းစားပြီးလုပ်စေချင်ပါတယ်။ ကြော်ငြာတစ်ခုဟာဆိုရင် ငွေကုန်ကြေးကျများတဲ့အတွက် ဥပမာ စကိတ်ဘုတ်ကို အထက်တန်းစားအသက်ကြီးလုပ်ငန်းရှင်များကို ဦးတည်မှုပြုလုပ်တာထက် ငယ်ရွယ်ဖြတ်လတ်ပြီးပျော်ပျော်ပါးပါးနေတတ်တဲ့ ဆယ်ကျော်သက်အပိုင်းကိုဦးတညိတာပိုကောင်းတာပါ။


(၄) မိမိအတွက် ဘာတွေထောက်ပံ့ပေးနိုင်သလဲ
Customer ဘက်မှ မေးလာမယ့် ဒီမေးခွန်းကိုလဲထည့်စဉ်းစားထားရပါမယ်။ မိမိ product က ဘယ်လောက်ပဲ ကောင်းတဲ့အချက်တွေပေးနေပါစေ အသုံးပြုသူ Customer ကို အကျိုးပြုစေမယ့်အချက်များမရှိရင် ကြော်ငြာမယ့်အချိန်မှာ ငွေတာကုန်သွားစေမှာဖြစ်ပါတယ်။


(၅) "ကျွန်ုပ်တို့" ထက် "သင်" ကိုသာ...
ဒီအချက်ကလဲအရေးကြီးပါတယ်။ Copy တစ်ပုဒ်ရေးရာတွင် "ကျွန်ုပ်တို့" ဆိုတဲ့စကားလုံးထက် "သင်" ဆိုတဲ့စကားလုံးကိုသာ များများသုံးစေချင်ပါတယ်။ ဥပမာ "မိမိရဲ့ product က ကျွန်ုပ်တို့ကိုဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲ" စတဲ့စကားလုံးကိုသုံးမယ့်အစား "မိမိ product ဖြင့်သင်ကဘယ်လိုအရာတွေကိုလုပ်နိုင်မှာပါ" ဟုကြော်ငြာပြီးရေးပေးပါက ပိုထိရောက်နိုင်ပါတယ်။


(၆) ကြော်ငြာမယ့်နေရာကို ဂရုပြုပါ
ကြော်ငြာရာနေရာပြောင်းသွားတာနဲ့အညီ မိမိရဲ့စာရေးပုံအရေးအသားကလည်း ကွဲပြားသွားသင့်ပါတယ်။ နေရာအမျိုးမျိုးဖြစ်တဲ့ billboard ဆိုင်းဘုတ်၊ သတင်းစာ၊ ဂျာနယ်နှင့် ကျန်းမာရေး မဂ္ဂဇင်းတွေပေါ်မှာ မူတည်ပြီး အရေးအသား style နဲ့ tone ကို ကွဲကွဲပြားပြားရေးရမှာဖြစ်ပါတယ်။


(၇) အချက်များ အလွန်အကျွံ များပြားနေခြင်း
လူအများကိုမေ့သွားနိုင်လောက်အောင် အချက်အလက်များစွာဖြင့် မကြော်ငြာသင့်ပါဘူး။ ကြော်ငြာရာမှာ မိမိငွေကို ရင်းနှီးထားရတာဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းဖြင့်ထိရောက်တဲ့ အဓိကအချက်ကိုသာကြော်ငြာကာ ကျန်တဲ့အပိုင်းများကို မိမိဘာသာစုံစမ်းမှုများပြုလုပ်ပါစေ။


(၈) လုပ်ဆောင်ချက်ထည့်ပါ
ချက်ချင်းဆိုသလို မိမိရဲ့ product ကို လူအများအားအသုံးပြုစေချင်ပါက Call-to-Action ဖြစ်တဲ့ လူအများကိုလုပ်ဆောင်စေချင်တဲ့အချက် ၁ ချက်ပါဝင်နေပါစေ။ "အခုပဲဖုန်းခေါ်ဆိုလိုက်ပါ" ၊ " ဆိုင်ကိုအခုဘဲလာဝယ်လိုက်ပါ" စတဲ့ စာသားများပါဝင်အောင်ထည့်ပေးပါ။


(၉) တာဝန်ယူမှုရှိပါ
မိမိပစ္စည်းကို အသုံးပြုသူများလာအောင် အာမခံထားတဲ့စကားလုံးများအသုံးပြုရာတွင် သတိထားသုံးတတ်ဖို့လိုပါတယ်။ "ဒီပစ္စည်းကို လုံးဝအာမခံပါတယ်"၊ "Cash back ဖြစ်တယ်" စတဲ့တာဝန်ကြီးတဲ့ စကားလုံးများ ကိုထားပါက စကားအတိုင်းညီတဲ့ဝန်ဆောင်မှုတွေပေးနိုင်မှသာ လူအများရဲ့ ယုံကြည်မှုကိုရစေမှာဖြစ်ပါတယ်။


(၁၀) စာလုံးပေါင်းသတိပြုပါ
Copy ရေးပြီး ကြော်ငြာရာတွင် စာလုံးပေါင်းကို သတ်ပြုရမယ့်အချက်ဟာလည်း အဓိကအချက်ထဲမှာပါဝင်နေပါတယ်။ စာလုံးပေါင်းအမှားများအသုံးပြုမိပါက လူအများရဲ့အတွေးထဲမှာ ဒီကုမ္ပဏီဟာ စာလုံးပေါင်းကိုတောင်မှန်အောင်မရေးနိုင်ဘဲ မိမိတို့ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါ့မလား စတဲ့အတွေးများဖြင့် မိမိတို့လုပ်ငန်းအပေါ်ထားရှိတဲ့ ယုံကြည်မှုဟာ ပျက်စီးသွားစေနိုင်ပါတယ်။
Source; Today Business Center

Read times
Rate this item
(3 votes)