-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးသက်သာခြင်းက ပြဿနာလား

ဈေးပေါရင် ပစ္စည်းပေါပေါဘဲ ဆိုတာကိုကြားဖူးကြမှာပါ။ဒါက Quality လျှော့မှ ဈေးလျှော့နိုင်မယ်ဆိုတဲ့ အိုမင်းလှတဲ့ logic တစ်ခုပါပဲဖြစ်ပါတယ်။

အခုခေတ်မှာတော့ ဈေးသက်သာတဲ့ အမှတ်တံဆိပ်တွေကို အမှတ်ထားကြတာ ပုံမှန်ပါပဲ။ ပြိုင်ဘက်တွေထက် ဈေးသက်သာတဲ့ အမှတ်တံဆိပ်က ဈေးကွက်ဝေစု ပိုရတတ်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးအရ တွက်ချေကိုက်ပြီလားလို့ သုံးသပ်ကြည့်ပါ။

IKEA က သူ့ဆီက ပရိဘောဂတွေ ဈေးသက်သာတယ်။ Customer Experience ကောင်းတာလည်းတစ်ပိုင်းပေါ့။ ၎င်းအချက်တွေကြောင့် ကျော်ကြားတယ်။ Wal-mart က ပြိုင်ဘက်တွေကို ဈေးနှုန်းနဲ့ အနိုင်ယူသွားတယ်။

Motel 6 ကလည်း ဈေးသက်သာတဲ့အပြင် သန့်ရှင်းမှုရှိတဲ့ မော်တယ်ဆိုတဲ့ Value ကို ထိန်းသိမ်းရင်း အောင်မြင်တယ်။ ကမ္ဘာ့လေကြောင်းလိုင်းလောကမှာ JetBlue နဲ့ Southwest တို့က မိရိုးဖလာ လေကြောင်းစီးပွားရေးကို Low price နဲ့ ချဉ်းကပ်ခဲ့တယ်။

ဈေးသက်သာခြင်းရဲ့ ပြဿနာက Customer မှာလည်း ရှိနိုင်သလို လုပ်ငန်းမှာ အဓိကရှိနေပါတယ်။ ဈေးပေါပြီး အရည်အသွေးမကောင်းတာကို ဝယ်မိရင် customer မှာ အဆင်မပြေဖြစ်နိုင်သလို ၎င်း product ကလည်း ဈေးကွက်ထဲ ကြာကြာရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

‌ပြိုင်ဘက်တွေကို အနိုင်လိုစိတ်နဲ့ မိမိတို့လုပ်ငန်းဘက်က Value တွေပေးလို့ ကုန်ကျစရိတ်တက်၊ ပြိုင်ဘက်ဈေးထက် နှိမ့်ရောင်း စသဖြင့် လုပ်ဆောင်ပြန်ရင်လည်း ဈေးသက်သာခြင်းက ပြသနာဖြစ်လာနိုင်ပါတယ်။

ဈေးသက်သာခြင်းရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကုန်ကျစရိတ်သက်သာပြီး Value ပေးနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်သင့်ပါတယ်။ အဓိကအချက်ကတော့ Innovative ဖြစ်နေပါစေ။


Source; Efectivee

Myanmar Advertising Directory

Read times
Rate this item
(0 votes)