-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရက်ပုလင်းပေါ်က Captain Morgan အပြင်မှာ တကယ်ရှိလား

Shin Min Shin Min

သင်မြင်တွေ့နေကျ ကြေးနီရောင် ပုလင်းလေးပေါ်က Captain Morgan ဆိုတာ တကယ့်လက်တွေ့မှာ အမှန်တကယ်ရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။

 

စျေးကွက်မြှင့်တင်ရေးရာမှာဆိုရင် မနက်စာ အုတ်ဂျုံ ဗူးပေါ်က Quaker Oats Man က စလို့ မက်ဒေါ်နယ်က လူပြက် Ronald McDonald တို့အပါအဝင် အမြဲ Brand ရဲ့ ကြော်ငြာ ဇာတ်လိုက်တွေဟာ အစားအစာ , ဖျော်ရည်ယမကာ , စားသောက်ဆိုင်တို့ရဲ့ အမှတ်ရစရာလာဘ်ကောင်လေးတွေပါပဲ။

 

သင့်အနေနဲ့ ထို ဇာတ်ကောင်လေးတွေကို မုန့်တွေရဲ့ လာဘ်ကောင် တွေအဖြစ်သာ သိထားကြပြီး ၎င်းတို့ထဲမှ ဇာတ်ကောင်လေးတွေကို အပြင်မှာ လူအဖြစ် တည်ရှိခဲ့တာကို သိချင်မှ သိကြပါလိမ့်မယ်။

 

အမေရိကန် တည်ထောင်သူ အပါအဝင် ဖခင်ကြီးဖြစ်သူ Sam Adams တစ်ယောက် ထဲကသာ အရက်ကြော်ငြာ လာဘ်ကောင် အဖြစ်တည်ရှိတဲ့ အပြင်က လူတစ်ဦး မဟုတ်ပါဘူး။Captain Morgan အရက် ပုလင်းရဲ့ ဇာတ်ကောင်ဟာ လည်းပဲ Captain Morgan အစစ် အပြင်မှာ တကယ်ရှိခဲ့ဖူးပါတယ်။

 

ထိုအရာက မှန်ကန်ပါတယ်။အနီရောင် ဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ Captain Hook ပုံစံဆင်ဆင် နာမည်ကြီး ရမ် အရက်ပုလင်းမှာ ပါဝင်တဲ့ Captain Morgan ဟာ လာဘ်ကောင်သက်သက်မဟုတ်ပါဘူး အပြင်မှာပါတကယ်ရှိပါတယ်။

 

သမိုင်းကြောင်းတွေကတော့ ကျန်ခဲ့စမြဲပါပဲ သူဟာ ကြီးကျယ်မြင့်မြတ်တဲ့ လူတွေထဲကတစ်ဦးတစ်ယောက်တော့ မဟုတ်ပါဘူး။( တကယ်တန်းမှာ Trader Joe ကလည်းတကယ့် လူပါပဲ။ ၎င်း လုပ်ငန်းပိုင်ရှင်ဖြစ်သူ Joe Coulombe ကိုဖော်ညွှန်းထားတာပါ။

 

Captain Morgan ရဲ့ ဇာတ်ကောင်နောက်ကွယ်ကိုပြောရရင် သူ့ရဲ့ နာမည် အပြည့်အစုံက Sir Henry Morgan ပါ သူဟာ ဝေလမှာ ၁၆၃၅ ခုနှစ်ကမွေးဖွားပါတယ်၊ သူ့ကဟာ ဗြိတိန် နှင့် စပိန် စစ်ပွဲတွင် ဗြိတိန်ရဲ့ တော်ဝင်ရေတပ်မှာ ဂုဏ်ထူးဆောင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

လူတိုင်းနီးပါး အံအားသင့်ကြရတာက သူဟာ အများက ထင်ထားသလို ပင်လယ်ဓားပြ တစ်ဦး မဟုတ်ပြန်ပေဘူး။ သူဟာ ရေပိုင်နက် နယ်ပယ်တစ်ခုကို ချုပ်ကိုင် အုပ်စိုးသူဖြစ်ပြီး ပင်လယ် ဓားပြတွေလုပ်တဲ့ နည်းလမ်းတိုင်းတော့ သူလုပ်ခဲ့တယ်။

 

ဆက်ကြေးကောက်တယ် ၊ ငွေကြေးတောင်းတယ် သို့ပေမယ့် သူက နိုင်ငံအစိုးရကို ပြန်ပေးတယ် သူက ပင်လယ်ဓားပြတွေကိုပါ သူ့လုပ်ပိုင်ခွင့်တွေနဲ့ အခက်တွေ့စေခဲ့သူပေါ့။ဗြိတိန် အစိုးရ က Morgan ကို ဗြိတိန်ရဲ့ ကိုလိုနီနေရာ ဖြစ်တဲ့ စပိန် နိုင်ငံ အနီးနားမှာရှိတဲ့ Caribbean ပင်လယ်ကို ကြီးစိုးဖို့ သူ့ကို တာဝန်ပေးထားတာပါ။

 

Morgan ဟာ ၁၆၆၀ ကနေ ၁၆၇၀ အတွင်း စပိန်သင်္ဘောတွေဆီကို အတင်းအဓမ္မငွေတောင်းဆိုခြင်း၊ မြို့တွေကို ရုတ်တရက် ကြီး ဝင်တိုက်ခိုက်ခြင်း မတရားသဖြင့် သူ့တိုင်းပြည် အသာရရေးလုပ်ခဲ့သူတစ်ဦးပါ။

 

အဆိုပါ Captain Morgan ဆိုတဲ့ အရက်ကို ၁၉၄၄ မှာ Seagrams လုပ်ငန်းစုအနေနဲ့ သူတို့ရဲ့ ရမ် အရက်သစ်ကို ထုတ်လုပ်ဖို့ပြင်ဆင်တဲ့အခါ သူတို့ Brand ရဲ့ လာဘ်ကောင်ကို ဖန်တီးဖို့ ကာတွန်းရုပ်ဆွဲဆရာကိုခေါ်ကာ ပင်လယ်ဓားပြ ရာဇဝင်မှာ နာမည်ကြီးဖြစ်တဲ့ Henry Morgan ကို လာဘ်ကောင်အဖြစ် သုံးစွဲဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ်။

 

သို့ပေမည့် ရမ် အရက်သမားများ အားတက်စေရန်အလို့ဌာ ပင်လယ် ဓားပြကြီးလို့ခေါ်မဲ့ အစား Captain Morgan လို့ပြောင်းလဲခေါ်ဆိုရန် ခန့်ခန့်ထည်ထည် အမည်ပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။

 

Ref : Reader Digest 

Read times
Rate this item
(0 votes)