-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (4)

Facebook ရဲ႕ ေၾကာ္ျငာခြင္က က်ယ္ျပန္႔တယ္။ ကုန္ပစၥည္း ေရာင္းခ်သူ၊ ၀န္ေဆာင္မႈ ေရာင္းခ်သူတို႔ အတြက္သာ မဟုတ္ဘူး။

 

လူသိရွင္ၾကား ေၾကညာခ်က္ ထုတ္ျပန္လိုသူေတြအတြက္လည္း အသုံးတည့္တယ္။ ၀က္ဘ္ဆိုက္ထဲကို လူေတြလာၿပီး သတင္းေတြ စာေတြ ဖတ္ၾကဖို႔အတြက္ ဆြဲေဆာင္သိမ္းသြင္းဖို႔အတြက္လည္း သုံးၾကရတယ္။ အဲဒီလို ျဖစ္သြားေအာင္ Facebook က ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ စနစ္တက် လုပ္ေဆာင္ခဲ့တယ္။ News Feed ေတြမွာ ယခင္တုန္းကလို brand ေတြ၊ စီးပြားေရး လုပ္ငန္းေတြ၊ သတင္းဌာနေတြရဲ႕ ၀က္ဘ္ဆိုက္ေတြ ေဖာ္ျပေပးတာကို ေလွ်ာ့ခ်ပစ္လိုက္တယ္။ အဲဒီ ၀က္ဘ္ဆိုက္ကို ကိုယ္စားျပဳတဲ့ Facebook Page မွာ ထိေတြ႕ေနက်ျဖစ္သူေတြရဲ႕ News Feed ေတြမွာေတာင္ ေဖာ္ျပေပးေနက် ျဖစ္တာကို ေလွ်ာ့ခ်လိုက္တယ္။ ဒီေတာ့ အဲဒီ ၀က္ဘ္ဆိုက္ေတြက ေၾကာ္ျငာခ ေပးသြင္းၿပီး sponsor နဲ႔ လႊတ္မွပဲ News Feed ေတြမွာ ေဖာ္ျပေပးတယ္။ အေၾကာင္းျပတာကေတာ့ Facebook သုံးစြဲသူေတြဟာ အခမဲ့ ေၾကာ္ျငာေတြ သူတို႔ရဲ႕ News Feed မွာ လာလာျပေနၾကလို႔ စိတ္အေႏွာက္အယွက္ ျဖစ္တယ္။ မေပ်ာ္ပိုက္ဘူး။ ဒီေတာ့ ေဖာ္ျပပုံကို ေျပာင္းလဲလိုက္တယ္။ နည္းပညာ စကားလုံးနဲ႔ ေျပာရရင္ algorithm ေျပာင္းလဲလိုက္တယ္။ အခမဲ့ ျပသေပးေနတဲ့ organic posts ေတြ မရွိသေလာက္အထိ ေလ်ာ့က်သြားတယ္။ ေၾကာ္ျငာခ ေပးထားတဲ့ paid posts ေတြကိုပဲ ျပသေပးေတာ့တယ္။ ဒီေတာ့ အရင္လို အခမဲ့ မရေတာ့ဘူး။ News Feed မွာ ေၾကာ္ျငာ ကစားခ်င္ရင္ ပိုက္ဆံေပးဖို႔ လိုတယ္။

Facebook Ad မ်ား
==========
သမား႐ိုးက် ေၾကာ္ျငာျခင္း traditional advertising လို႔ ေျပာၾကတာမွာ အမ်ဳိးအမည္ အေတာ္မ်ားမ်ား အက်ဳံး၀င္တယ္။ တီဗီေၾကာ္ျငာ၊ ေရဒီယို ေၾကာ္ျငာ၊ ပုံႏွိပ္ေၾကာ္ျငာ၊ လက္ကမ္းေၾကာ္ျငာ၊ ေဘဘုတ္ေၾကာ္ျငာ စတာေတြ ပါ၀င္တယ္။
Facebook advertising မွာလည္း အမ်ဳိးအမည္ ကြဲျပားတာေတြ ပါတယ္။ News Feed မွာ ျပသတဲ့ sponsored ေၾကာ္ျငာ၊ Facebook, Instagram နဲ႔ Audience Network တို႔မွာ ေၾကာ္ျငာေနရာအျဖစ္ သီးျခားသတ္မွတ္ေပးထားတဲ့ ေနရာေတြမွာ ျပသတဲ့ေၾကာ္ျငာ စသျဖင့္ ေၾကာ္ျငာအမ်ဳိးမ်ဳိး ရွိတယ္။

News Feed မွာ “Sponsored ” လို႔ စာသား ေဖာ္ျပၿပီး ျပသထားတဲ့ ေၾကာ္ျငာေတြမွာ call-to-action (CTA) button ပါေလ့ရွိတယ္။ အဲဒါေတြက သာမန္အားျဖင့္ အခမဲ့ ေဖာ္ျပေပးတဲ့ organic posts ေတြ မဟုတ္မွန္း သိေစေအာင္ “Sponsored ” လို႔ ေဖာ္ျပေပးထားတယ္။ သင့္ မိတ္ေဆြ၊ သင့္ မိသားစုေတြ တင္တဲ့ post ေတြ မဟုတ္ဘူးဆိုတာ သိေအာင္ စာသားထိုးေပးထားတာ ျဖစ္တယ္။ အဲဒါအျပင္ ယာဘက္အျခမ္းမွာ ေၾကာ္ျငာေတြအတြက္ ေနရာသပ္သပ္ သတ္မွတ္ေပးထားတယ္။ ၿပီးေတာ့ Facebook နဲ႔ ေၾကာ္ျငာကိစၥအတြက္ လက္တြဲထားတဲ့ third-party partner ေတြရဲ႕ အက္ပ္ေတြနဲ႔ ၀က္ဘ္ဆိုက္ေတြမွာလည္း ေဖာ္ျပေပးတယ္။ Facebook ရဲ႕ Messenger မွာလည္း ၾကားထိုးအျဖစ္ ေၾကာ္ျငာကို ေဖာ္ျပေပးထားတယ္။ Instagram မွာလည္း ျပသေပးတယ္။ အဲဒီလို ျပသတာမွာ ေၾကာ္ျငာကို ေၾကာ္ျငာမွန္းသိေအာင္ “Sponsored” ဆိုတဲ့ စာသားကို post ရဲ႕ အေပၚ၀ံဘက္ေထာင့္နားမွာ tag ထိုးေပးထားပါတယ္။
နမူနာ ေဖာ္ျပေပးထားတဲ့ ပုံမွာ “Sponsored” ဆိုတဲ့ စာသားကို post ရဲ႕ အေပၚ၀ံဘက္ေထာင့္နားမွာ ေဖာ္ျပေပးထားတယ္။


LEARN MORE ဆိုတဲ့ call-to-action (CTA) button ခလုတ္ကိုေတာ့ Post ရဲ႕ ေအာက္ဘက္ ယာဘက္မွာ ေဖာ္ျပေပးထားပါတယ္။ အဲဒီ ခလုတ္ကို ႏွိပ္လိုက္ရင္ ေၾကာ္ျငာရွင္ ျပသလိုတဲ့ ၀က္ဘ္ဆိုက္ရဲ႕ စာမ်က္ႏွာ webpage ကို ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။

 

The Complete Guide to Facebook Advertising 2019 (4)

Facebook ရဲ့ ကြော်ငြာခွင်က ကျယ်ပြန့်တယ်။ ကုန်ပစ္စည်း ရောင်းချသူ၊ ဝန်ဆောင်မှု ရောင်းချသူတို့ အတွက်သာ မဟုတ်ဘူး။ လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်လိုသူတွေအတွက်လည်း အသုံးတည့်တယ်။ ဝက်ဘ်ဆိုက်ထဲကို လူတွေလာပြီး သတင်းတွေ စာတွေ ဖတ်ကြဖို့အတွက် ဆွဲဆောင်သိမ်းသွင်းဖို့အတွက်လည်း သုံးကြရတယ်။ အဲဒီလို ဖြစ်သွားအောင် Facebook က ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စနစ်တကျ လုပ်ဆောင်ခဲ့တယ်။ News Feed တွေမှာ ယခင်တုန်းကလို brand တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေ ဖော်ပြပေးတာကို လျှော့ချပစ်လိုက်တယ်။ အဲဒီ ဝက်ဘ်ဆိုက်ကို ကိုယ်စားပြုတဲ့ Facebook Page မှာ ထိတွေ့နေကျဖြစ်သူတွေရဲ့ News Feed တွေမှာတောင် ဖော်ပြပေးနေကျ ဖြစ်တာကို လျှော့ချလိုက်တယ်။ ဒီတော့ အဲဒီ ဝက်ဘ်ဆိုက်တွေက ကြော်ငြာခ ပေးသွင်းပြီး sponsor နဲ့ လွှတ်မှပဲ News Feed တွေမှာ ဖော်ပြပေးတယ်။ အကြောင်းပြတာကတော့ Facebook သုံးစွဲသူတွေဟာ အခမဲ့ ကြော်ငြာတွေ သူတို့ရဲ့ News Feed မှာ လာလာပြနေကြလို့ စိတ်အနှောက်အယှက် ဖြစ်တယ်။ မပျော်ပိုက်ဘူး။ ဒီတော့ ဖော်ပြပုံကို ပြောင်းလဲလိုက်တယ်။ နည်းပညာ စကားလုံးနဲ့ ပြောရရင် algorithm ပြောင်းလဲလိုက်တယ်။ အခမဲ့ ပြသပေးနေတဲ့ organic posts တွေ မရှိသလောက်အထိ လျော့ကျသွားတယ်။ ကြော်ငြာခ ပေးထားတဲ့ paid posts တွေကိုပဲ ပြသပေးတော့တယ်။ ဒီတော့ အရင်လို အခမဲ့ မရတော့ဘူး။ News Feed မှာ ကြော်ငြာ ကစားချင်ရင် ပိုက်ဆံပေးဖို့ လိုတယ်။

Facebook Ad များ
==========
သမားရိုးကျ ကြော်ငြာခြင်း traditional advertising လို့ ပြောကြတာမှာ အမျိုးအမည် အတော်များများ အကျုံးဝင်တယ်။ တီဗီကြော်ငြာ၊ ရေဒီယို ကြော်ငြာ၊ ပုံနှိပ်ကြော်ငြာ၊ လက်ကမ်းကြော်ငြာ၊ ဘေဘုတ်ကြော်ငြာ စတာတွေ ပါဝင်တယ်။
Facebook advertising မှာလည်း အမျိုးအမည် ကွဲပြားတာတွေ ပါတယ်။ News Feed မှာ ပြသတဲ့ sponsored ကြော်ငြာ၊ Facebook, Instagram နဲ့ Audience Network တို့မှာ ကြော်ငြာနေရာအဖြစ် သီးခြားသတ်မှတ်ပေးထားတဲ့ နေရာတွေမှာ ပြသတဲ့ကြော်ငြာ စသဖြင့် ကြော်ငြာအမျိုးမျိုး ရှိတယ်။

News Feed မှာ “Sponsored ” လို့ စာသား ဖော်ပြပြီး ပြသထားတဲ့ ကြော်ငြာတွေမှာ call-to-action (CTA) button ပါလေ့ရှိတယ်။ အဲဒါတွေက သာမန်အားဖြင့် အခမဲ့ ဖော်ပြပေးတဲ့ organic posts တွေ မဟုတ်မှန်း သိစေအောင် “Sponsored ” လို့ ဖော်ပြပေးထားတယ်။ သင့် မိတ်ဆွေ၊ သင့် မိသားစုတွေ တင်တဲ့ post တွေ မဟုတ်ဘူးဆိုတာ သိအောင် စာသားထိုးပေးထားတာ ဖြစ်တယ်။ အဲဒါအပြင် ယာဘက်အခြမ်းမှာ ကြော်ငြာတွေအတွက် နေရာသပ်သပ် သတ်မှတ်ပေးထားတယ်။ ပြီးတော့ Facebook နဲ့ ကြော်ငြာကိစ္စအတွက် လက်တွဲထားတဲ့ third-party partner တွေရဲ့ အက်ပ်တွေနဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း ဖော်ပြပေးတယ်။ Facebook ရဲ့ Messenger မှာလည်း ကြားထိုးအဖြစ် ကြော်ငြာကို ဖော်ပြပေးထားတယ်။ Instagram မှာလည်း ပြသပေးတယ်။ အဲဒီလို ပြသတာမှာ ကြော်ငြာကို ကြော်ငြာမှန်းသိအောင် “Sponsored” ဆိုတဲ့ စာသားကို post ရဲ့ အပေါ်ဝံဘက်ထောင့်နားမှာ tag ထိုးပေးထားပါတယ်။
နမူနာ ဖော်ပြပေးထားတဲ့ ပုံမှာ “Sponsored” ဆိုတဲ့ စာသားကို post ရဲ့ အပေါ်ဝံဘက်ထောင့်နားမှာ ဖော်ပြပေးထားတယ်။


LEARN MORE ဆိုတဲ့ call-to-action (CTA) button ခလုတ်ကိုတော့ Post ရဲ့ အောက်ဘက် ယာဘက်မှာ ဖော်ပြပေးထားပါတယ်။ အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် ကြော်ငြာရှင် ပြသလိုတဲ့ ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာ webpage ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)