-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပိုလို မှ E-Commerce ပြောင်းသဖြင့် လုပ်သား ၁၅ ရာခိုင်းနှုန်းလျော့ချ

Ralph Lauren လုပ်ငန်းစုဟာ ၎င်းတို့ရဲ့ စျေးကွက်ကို ကိုဗစ်အခြေအနေ အရ အွန်လိုင်း ရောင်းချ ခြင်း နေအထားသို့ ပြောင်းရွေ့မှ ရတော့မည်မို့ အွန်လိုင်း ဘက်ကို သာ တိုးချဲ့လုပ်ကိုင်နေတယ်သိရပါတယ်။အခုဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ၎င်းတို့ လုပ်ငန်းစုကြီးရဲ့ ၁၅ ရာခိုင်နှုန်း ( ၃၇၀၀ ကျော် ) အလုပ်သမားများ ကို အလုပ်တာဝန်များ ယခုဘဏ္ဍာနှစ်ကုန် မတ်လ ထိ ရပ်စဲခိုင်းကာ အလုပ်သမား လျှော့ချခဲ့တယ်လို့ သိရပါတယ်။

 

ထိုသို့ အရွေ့တစ်ခု လုပ်ပြီးတဲ့ အခါမှာ ၎င်းတို့ အနေနဲ့ ငွေကြေးအရ အမေရိကန် ဒေါ်လာ သန်း ၁၆၀ မှ ၁၈၀ ထိ ပြန်ထွက်လာတယ်လို့ လုပ်ငန်းစုမှ အဆိုပြုထားပါတယ်။၎င်းတို့လုပ်ငန်းစုဟာ မတ်လ ထိ အမေရိကန် ဒေါ်လာ သန်း ၂၀၀လောက် နဲ့ သာဆက်သွားတော့မယ်သိရပါတယ်။

 

အခုလို အခြေအနေ ဖြစ်လာခြင်းမှာ ၎င်းတို့ အနေနဲ့ ကိုဗစ်ကာလမှာ အဝတ်စားဖြစ်နေလို့ ငွေပေါ် သိပ်ရောင်းမထွက်တာမို့ ၎င်းတို့ ဒီဇိုင်းကို စားသုံးသူစိတ်ကြိုက် ဂရုတစိုက်မထုတ်နိုင်ကြပါဘူး '' ကိုဗစ် မတိုင်ခင်ကတည်းက စီးပွားရေး သမားတိုင်းက ကိုဗစ်ကြောင့် ၎င်းတို့ လုပ်ငန်း စျေးကွက်တွေပြောင်းလဲမယ့်ကိစ္စတွေကို သိရှိပြီးသားပါ။

 

၎င်းတို့ရဲ့ အမှုဆောင်ချုပ် Patrice Louvet ပြောကြားချက်အရ '' ကျွန်တော်တို့ အနေနဲ့ ကိုဗစ်မပြီးခင်ကတည်းက တချို့ကိစ္စတွေကို ကြိုမြင်ပါတယ် ဒါ့ကြောင့် ဒီဂျစ်တယ်ဘက်ကို ပြောင်းပြီး စျေးကွက် ချဲ့ ထွင်ဖို့ စိတ်ကူး ရတာပါ '' လို့ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ယခုလုပ်ကိုင်မည့် အဖွဲ့အစည်းတည်ဆောက် ပုံကို ရေးဆွဲခဲ့တာဖြစ်ပြီး လူတွေစိစစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့၂၀၂၀ စက်တင်ဘာလ ၂၂ ရက်နေ့က ၎င်းတို့လုပ်ငန်းစုရဲ့ အစုရှယ်ယာ ဈေးနှုန်း နယူး‌ယော့ စတေအိပ်ချိန်းဈေးကွက်မှာ တစ်နေ့တာကာလအတွက် ၄ . ၉ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ဒါပေမဲ့ ရှယ်ယာဈေးနှုန်းက ယခုနှစ်မှာ ထိုးကျနေခဲ့တာ ၂၀၂၀ စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့က စတော့အိပ်ချိန်း အရောင်းအဝယ်ပိတ်ချိန်မှာ ၄၀ ရာခိုင်နှုန်း ကျဆင်းနေဆဲ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)