-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21

ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21 Google

Forever 21 က အခုနောက်ပိုင်းမှာDigital Marketing နဲ့ Digital Advertising ကို ပြန်လည် အားထည့်ကာ e-commerce ပုံစံဖြင့် Canada, Asia Pacific နှင့် Latin America တို့မှ ဝယ်ယူသူတွေကို ပစ်မှတ်ထားပြီး ဆွဲဆောင်သွားမယ် သိရပါတယ်။

 

၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် အမေရိကားမှာ စီးပွားရေး လုပ်ငန်းစုတော်တော်များများက အရှုံးပေါ်ခဲ့ကြရပါတယ်။ ဒါကြောင့် Forever 21 ရဲ့ ကမ္ဘာ့နေရာ အသီးသီးမှာရှိတဲ့ ဆိုင် ၈၁၅ ဆိုင်ထဲက ဆိုင်ပေါင်း ၃၅၀ နီးနီးလောက်ကို ပိတ်သိမ်းခဲ့ရပါတယ်။

ထိုပိတ်သိမ်းခဲ့ရတဲ့ အကြောင်းပြချက်ကတော့ အိမ် ၊ ခြံ ၊ မြေ ဈေးနှုန်းများ တဟုန်တိုး မြင့်တတ်လာပြီး ဝယ်ယူသူ နည်းပါးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို Forever 21 က ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး ရလာဒ်များ မကောင်းတော့တာကြောင့် ပိတ်သိမ်းလိုက်ရတာပါ။

အခုဆိုရင်တော့ Forever 21 အနေဖြင့် နိုင်ငံတကာမှ ဈေးဝယ်သူများအတွက် e-commerce ကို အားထည့်သွားမှာဖြစ်ပြီး တဖန်ပြန်လည် အောင်မြင်လာအောင် လုပ်ယူသွားမယ်လို့ သိရပါတယ်။

Forever 21 ရဲ့ ပြောကြားချက်အရ ဈေးကွက်ကို e-commerce ဖြင့် ကမ္ဘာ့အနှံ့ ထိုးဖောက်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာ့အရှေ့ပိုင်း (APAC) ၊ Latin America နဲ့ Canada စတဲ့ နိုင်ငံတွေကို ပစ်မှတ်ထားကာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဘာလိုလည်းဆိုရင် ထိုနိုင်ငံတွေမှ လူအများစုက Online Shopping နဲ့ ရင်းရင်းနှီးနှီး ရှိလာတာကို တွေ့ရတာကြောင့် ယခုလို Forever 21 ပစ်မှတ်ထားတာ ဖြစ်ပါတယ်။


ထိုအဆိုပါ Forever 21 ရဲ့ e-commerce နည်းလမ်းအသစ် မှာ ငွေကြေး အသုံးအနှုန်း ၉၅ ခုပါဝင်မှာ ဖြစ်ပြီး နိုင်ငံပေါင်းများစွာ မှ ငွေပေး ချေမှု့ နည်းလမ်း ၁၅၀ ပါဝင်မယ်သိရပါတယ်။ထိုထဲတွင် အခွန်အခ များကို သပ်သပ် ပြမယ်လည်းသိရပါတယ်။

 

အစ္စရေး မှ Tremor International က News Corp မှ Ad unit ဝယ်ယူ

 

ထို့အပြင် အဆိုပါ e-commerce ကို ဘာသာစကား ၂၁ မျိုးဖြင့် ရွေးချယ် နိုင်အောင်လုပ်ထားတယ်သိရပါတယ်။

သင်္ဘောဖြင့် ပစ္စည်း သယ်ယူတာကိုလည်း အသုံးပြု သူများ လွယ်ကူအောင် လုပ်သွားမယ်သိရပါတယ် ဒါ့ကြောင့် ပစ္စည်း လဲရ ပြု ရ တာလဲ အဆင်ပြေစေမယ်သိရပါတယ်။

Forever 21 ဟာ ၎င်းတို့ ရဲ့ မားကတ်တင်း နည်းလမ်းအရ ပရိုမိုးရှင်းတွေ လုပ်ကိုင်တော့မယ်သိရပြီး
E-commerce ကိုပိုမို အချက်ကျကျ လုပ်နိုင်လာမယ်လို့ ယူဆ ရပါတယ်။


Forever 21 မှ ပဲ့ကိုင်ရှင်ဖြစ်သူ Alex Ok ပြောကြား ချက်ကတော့ အခု လုပ်နေတဲ့ အရာ က ကမ္ဘာဈေးကွက်မှာ ဖောက်ထွက်ဖို့ နည်းလမ်း အသစ် တစ်ခုပဲ လို့ မြင်တယ်။ထို့ အပြင် ကမ္ဘာ အရပ်ရပ်မှ သုံးဆွဲသူတွေဟာ ယခုလာမည့် Online က သက်တောင့် သက်သာ ဈေးဝယ်ရမည့် နည်းလမ်းကို နှစ်ခြိုက်ကြမယ်လို့ မြင်တယ်

ခေတ်ကြီး ကပြောင်းလဲ လာတယ် Internet ခေတ်ဖြစ်လာတယ် အဲ့လိုအချိန် အပိုင်းအခြားမှာ တကယ်တန်းက နည်းပညာက တိုးတက်လာတာနှင့် အမျှ ယခင်လို ဆိုင်တွေထက် ယခုလို ကမ္ဘာ့ နှင့်တစ်ဝှမ်း ထိုးဖောက်နိုင်တဲ့ အရာတွေကို လုပ်ဆောင်သင့်ပါတယ် ဆိုကာ ပြောကြား သွားခဲ့ပါတယ်။

Forever 21 သာမက အခြားဆိုင်ကြီး တွေက မြေ ၊ နေရာ ဈေးကြီး လို့ ပိတ်ပစ် နေကြရပါတယ်။ဒီလို အခက်အခဲ တွေကို ဖြေ ရှင်းဖို့ က e-commerce တွေ တွင် ကျယ်စွာ အသုံးပြု လာဖို့ ပါ။

ထို့အပြင် တရုတ်ပြည်မှ ဆိုင်ကြီး တော်တော်များများကလဲ ထိုကဲ့သို့ နည်းပညာ ရဲ့ အကူ အညီ လိုအပ်နေတယ်လို့ သိရပါတယ်။ဘာကြောင့် အခုလိုတွေဖြစ်လာရလဲ ၊ Robinsons & Co.ကဲ့သို့ သော ဆိုင်တွေက ဘယ်လိုတွေခြေလှမ်း လှမ်း လာလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။

 

<<< Zawgyi >>>

 

Forever 21 က အခုေနာက္ပိုင္းမွာDigital Marketing နဲ႔ Digital Advertising ကို ျပန္လည္ အားထည့္ကာ e-commerce ပံုစံျဖင့္ Canada, Asia Pacific ႏွင့္ Latin America တို႔မွ ဝယ္ယူသူေတြကို ပစ္မွတ္ထားၿပီး ဆြဲေဆာင္သြားမယ္ သိရပါတယ္။

၂၀၁၉ ခုႏွစ္တြင္ ကမၻာ႔စီးပြားေရး အၾကပ္အတည္းေၾကာင့္ အေမရိကားမွာ စီးပြားေရး လုပ္ငန္းစုေတာ္ေတာ္မ်ားမ်ားက အ႐ႈံးေပၚခဲ့ၾကရပါတယ္။ ဒါေၾကာင့္ Forever 21 ရဲ႕ ကမၻာ႔ေနရာ အသီးသီးမွာရွိတဲ့ ဆိုင္ ၈၁၅ ဆိုင္ထဲက ဆိုင္ေပါင္း ၃၅၀ နီးနီးေလာက္ကို ပိတ္သိမ္းခဲ့ရပါတယ္။

ထိုပိတ္သိမ္းခဲ့ရတဲ့ အေၾကာင္းျပခ်က္ကေတာ့ အိမ္ ၊ ျခံ ၊ ေျမ ေစ်းႏႈန္းမ်ား တဟုန္တိုး ျမင့္တတ္လာၿပီး ဝယ္ယူသူ နည္းပါးလာတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီျပႆနာေတြကို Forever 21 က ထိပ္တိုက္ ရင္ဆိုင္ခဲ့ရၿပီး ရလာဒ္မ်ား မေကာင္းေတာ့တာေၾကာင့္ ပိတ္သိမ္းလိုက္ရတာပါ။

အခုဆိုရင္ေတာ့ Forever 21 အေနျဖင့္ ႏိုင္ငံတကာမွ ေစ်းဝယ္သူမ်ားအတြက္ e-commerce ကို အားထည့္သြားမွာျဖစ္ၿပီး တဖန္ျပန္လည္ ေအာင္ျမင္လာေအာင္ လုပ္ယူသြားမယ္လို႔ သိရပါတယ္။

Forever 21 ရဲ႕ ေျပာၾကားခ်က္အရ ေစ်းကြက္ကို e-commerce ျဖင့္ ကမၻာ့အႏွံ႔ ထိုးေဖာက္ႏိုင္ဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ကမၻာ့အေရွ႕ပိုင္း (APAC) ၊ Latin America နဲ႔ Canada စတဲ့ ႏိုင္ငံေတြကို ပစ္မွတ္ထားကာ လုပ္ေဆာင္သြားဖို႕ ရွိတယ္လို႕ သိရပါတယ္။

ဘာလိုလည္းဆိုရင္ ထိုႏိုင္ငံေတြမွ လူအမ်ားစုက Online Shopping နဲ႔ ရင္းရင္းႏွီးႏွီး ရွိလာတာကို ေတြ႕ရတာေၾကာင့္ ယခုလို Forever 21 ပစ္မွတ္ထားတာ ျဖစ္ပါတယ္။


ထိုအဆိုပါ Forever 21 ရဲ႕ e-commerce နည္းလမ္းအသစ္ မွာ ေငြေၾကး အသံုးအနွုန္း ၉၅ ခုပါဝင္မွာ ျဖစ္ျပီး
ႏိုင္ငံေပါင္းမ်ားစြာ မွ ေငြေပး ေခ်မႈ႕ နည္းလမ္း ၁၅၀ ပါဝင္မယ္သိရပါတယ္။ထိုထဲတြင္ အခြန္အခ မ်ားကို သပ္သပ္ ျပမယ္လည္းသိရပါတယ္။ထို႕အျပင္ အဆိုပါ e-commerce ကို ဘာသာစကား ၂၁ မ်ိဳးျဖင့္ ေရြးခ်ယ္ ႏိုင္ေအာင္လုပ္ထားတယ္သိရပါတယ္။

 

Pepsi ရဲ႕ ၂၀၂၀ အသစ္စက္စက္ ေၾကာ္ျငာ Campaign

 

သေဘၤာျဖင့္ ပစၥည္း သယ္ယူတာကိုလည္း အသံုးျပဳ သူမ်ား လြယ္ကူေအာင္ လုပ္သြားမယ္သိရပါတယ္ ဒါ့ေၾကာင့္ ပစၥည္း လဲရ ျပဳ ရ တာလဲ အဆင္ေျပေစမယ္သိရပါတယ္။

Forever 21 ဟာ ၎တို႕ ရဲ႕ မားကတ္တင္း နည္းလမ္းအရ ပရိုမိုးရွင္းေတြ လုပ္ကုိင္ေတာ့မယ္သိရျပီး
E-commerce ကိ္ုပိုမို အခ်က္က်က် လုပ္ႏိုင္လာမယ္လို႕ ယူဆ ရပါတယ္။


Forever 21 မွ ပဲ့ကိုင္ရွင္ျဖစ္သူ Alex Ok ေျပာၾကား ခ်က္ကေတာ့ အခု လုပ္ေနတဲ့ အရာ က ကမၻာေစ်းကြက္မွာ ေဖာက္ထြက္ဖို႔ နည္းလမ္း အသစ္ တစ္ခုပဲ လို႕ ျမင္တယ္။ထို႕ အျပင္ ကမၻာ အရပ္ရပ္မွ သံုးဆြဲသူေတြဟာ ယခုလာမည့္ Online က သက္ေတာင့္ သက္သာ ေစ်းဝယ္ရမည့္ နည္းလမ္းကို နွစ္ျခိဳက္ၾကမယ္လို႕ ျမင္တယ္

ေခတ္ၾကီး ကေျပာင္းလဲ လာတယ္ Internet ေခတ္ျဖစ္လာတယ္ အဲ့လိုအခ်ိန္ အပိုင္းအျခားမွာ တကယ္တန္းက နည္းပညာက တိုးတက္လာတာနွင့္ အမ်ွ ယခင္လို ဆုိင္ေတြထက္ ယခုလို ကမၻာ့ ႏွင့္တစ္ဝွမ္း ထိုးေဖာက္နိုင္တဲ့ အရာေတြကို လုပ္ေဆာင္သင့္ပါတယ္ ဆိုကာ ေျပာၾကား သြားခဲ့ပါတယ္။

Forever 21 သာမက အျခားဆိုင္ၾကီး ေတြက ေျမ ၊ ေနရာ ေစ်းၾကီး လို႕ ပိတ္ပစ္ ေနၾကရပါတယ္။ဒီလို အခက္အခဲ ေတြကို ေျဖ ရွင္းဖို႕ က e-commerce ေတြ တြင္ က်ယ္စြာ အသံုးျပဳ လာဖို႕ ပါ။

ထို႕အျပင္ တရုတ္ျပည္မွ ဆိုင္ၾကီး ေတာ္ေတာ္မ်ားမ်ားကလဲ ထိုကဲ့သို႕ နည္းပညာ ရဲ ႕ အကူ အညီ လိုအပ္ေနတယ္လို႕ သိရပါတယ္။ဘာေၾကာင့္ အခုလိုေတြျဖစ္လာရလဲ ၊ Robinsons & Co.ကဲ့သို႔ ေသာ ဆိုင္ေတြက ဘယ္လိုေတြေျခလွမ္း လွမ္း လာလဲ ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။

 

Ref ; The Drum 

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)