-->
×

Warning

JUser: :_load: Unable to load user with ID: 29


တက်သစ်စလုပ်ငန်းအတွက် Style Theory စီအီးအိုရဲ့ အကြံပြုချက်များ

၂၀၁၆ ခုနှစ်မှာ Chris Halim နဲ့ Raena Lim လင်မယား နှစ်ယောက် အလုပ်ထွက်လိုက်ကြပြီး ကိုယ်ပိုင် ဖက်ရှင်စီးပွား စတင်လုပ်ကိုင်လိုက်ကြတယ်။

သူတို့ ဘယ်လောက်အထိ အောင်မြင်မှာလဲဆိုတာ သူတို့မှာ စိတ်ကူးနည်းနည်းပါးပါးတောင် မရှိခဲ့ကြဘူး။

အခုတော့ သက် ၃၂ နှစ် ရှိပြီဖြစ်ကြတဲ့ လင်မယားနှစ်ယောက် လက်ထဲမှာ ဒေါ်လာ သန်းချီတန်တဲ့ Style Theory ဆိုတဲ့ အက်ပ်တစ်ခု ရှိနေပါပြီ။
သူတို့က လုပ်ငန်းအသစ်တစ်ခု စတင်ဖို့အတွက် အကြံပြုချက်တွေ ပြောပြပေးကြတယ်။

သူတို့ ကိုယ်ပိုင်လုပ်ငန်းသစ် start-up ကို စတင်လုပ်ကိုင်ကြတဲ့အခါ သူတို့ အသေအချာ သိတာ တစ်ခုပဲ ရှိတယ်။ သူတို့ လုပ်ကိုင်မယ့် ထုတ်ကုန်ရဲ့ အခြေခံထုတ်ကုန်ကို ဈေးကွက်ထဲ ဆောလျင်နိုင်သမျှ ဆောလျင်စွာဖြင့် အရောက်ပို့ပေးဖို့ ဖြစ်ပါတယ်။ အဲဒီအချက်ကို ယနေ့ထက်တိုင် သူတို့ စွဲကိုင်ထားတယ်။

“ လုပ်ငန်းသစ် start-up တစ်ခု ထူထောင်သူတွေဟာ အထူးသဖြင့် စစချင်းအပိုင်းမှာ ထုတ်ကုန်ကို လိုလေသေးမရှိ ပြည့်စုံစွာဖြင့် စတင်ချင်စိတ်တွေ ရှိနေကြတယ်။ လုပ်ငန်းဆောင်တာတွေ အစုံအလင်ဖြင့် စလိုက်ချင်ကြတယ်” လို့ Chris Halim က ပြောတယ်။
“ကျွန်တော်တို့ သင်ယူခဲ့တဲ့ သင်ခန်းစာတွေအရ အဲဒါဟာ အမှားတစ်ခုပဲ” လို့ Style Theory အက်ပ်ရဲ့ စီအီးအို ဖြစ်သူ Chris Halim က ပြောတယ်။

ရိုးရိုးရှင်းရှင်း တာစထွက်လိုက်ပါ

Halim တို့ လင်မယားနှစ်ယောက်တို့က အဝတ်အထည် အငှား ဝန်ဆောင်မှုကို စင်ကာပူသို့ ဆောင်ကျဉ်းပေးဖို့ အခွင့်အလမ်းတစ်ခုကို ဖော်ထုတ်သက်မှတ်လိုက်ကြပြီးတာနဲ့ သူတို့ အချိန် မဖြုန်းတော့ဘူး။ ငှားရမ်းဖို့ စောင့်ဆိုင်းသူစာရင်းကို စတင်လိုက်ကြတယ်။ ပြီးတော့မှ ငှားလိုသူတွေထံ ဝန်ဆောင်မှု ပေးအပ်ဖို့ ဆက်လက်လုပ်ကိုင်ကြတယ်။ သူတို့ထံမှ ဝန်ဆောင်မှု ရယူသူ နည်းနည်းပါးပါးပဲ ရှိခဲ့ပါတယ်။

ဘာကို မဆို အကောင်ဆုံး စတင်နည်းကတော့ အမြဲတစေ ရိုးရိုးလေး ရှင်းရှင်းလေးနဲ့ အနည်းဆုံး ဘောင်ထဲမှာ လုပ်ကိုင်ပါ။ ဈေးကွက်ထဲ စောနိုင်သရွေ့ စောစော ရောက်သွားအောင် လုပ်ပါ
လို့ Chris Halim က အကြံပြုပါတယ်။

အဝတ်အစား ငှားရမ်းလိုသူတွေ တိုးလာတယ်။ သူတို့လင်မယားက သုံးစွဲသူအခြေကို တိုးချဲ့တယ်။ ငှားရမ်းလို့ ရနိုင်မယ့် အဝတ်အစားတွေ ထပ်တိုးတယ်။ ငှားရမ်းတဲ့သူတွေက သူတို့ ငှားချင်တာကို ပြောတယ်။ သူတို့က ထပ်တိုးမယ့် စာရင်းမှာ မှတ်သားထားပြီး ထပ်တိုးဖြစ်တဲ့အခါ ပါအောင် ထည့်တယ်။

အဲဒီလို အနည်းဆုံး လိုအပ်ချက်တစ်ရပ် သတ်မှတ်ပြီး ဈေးကွက်ထဲ ဝင်လိုက်တာကို ဦးစီးဦးဆောင် စီးပွားရေးသမား အတော်များများက အကြံပြုကြတယ်။ အနည်းဆုံးဖြင့် အလားအလာရှိ ထုတ်ကုန်များ စာရင်းကို တည်ဆောက်ပြီး ဈေးကွက်ထဲ ချပေးပြီး စမ်းသပ်ရမယ်။ စားသုံးသူတို့မှ တုံ့ပြန်ပြောကြားချက်တွေကို ဆန်းစစ်ပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ဖြည့်ဆည်းပေးရင်း ချဲ့ထွင်ရမယ်။ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။

“စားသုံးသူတွေရဲ့ တုံ့ပြန်ပြောကြားချက်တွေကို ဂရုတစိုက် နားထောင်မှတ်သားပေးရင်း ခင်ဗျား စာတတ်သွားတယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ခင်ဗျား သိသွားမယ်။ အဲဒီနည်းနဲ့ တည်ဆောက်သွားတာ ပိုကောင်းတဲ့နည်းလမ်းဖြစ်ပြီး စားသုံးသူတွေ၊ ဖောက်သည်တွေက ချစ်ကြလိမ့်မယ်”
လို့ Chris Halim က ပြောတယ်။


အိပ်မက်ကြီးကြီး မက်ပါ

သူတို့ လင်မယားက အချက်အလက် တိုးများစေခြင်းဖြင့် သူတို့ပေးနေတဲ့ ဝန်ဆောင်မှု ပမာဏကို တိုးချဲ့သွားတယ်။ ငါးနှစ်အကြာမှာ ကုမ္ပဏီလက်ထဲ သုံးစွဲသူ နှစ်သိန်းတို့ရဲ့ အချက်အလက်တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သုံးစွဲသူ အများစုက စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှ ဖြစ်ပါတယ်။ အဝတ်အထည် စုစုပေါင်း ခုရေ ငါးသောင်းနဲ့ ရှူးအမျိုးမျိုး ၂,၂၀၀ ငှားရမ်လို့ ရအောင် စီစဉ်ပေးထားတယ်။

သူတို့ရဲ့ အက်ပ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Softbank, Alpha JWC Ventures နဲ့ Paradise Group တို့က ရင်းနှီးမြှုပ်နှံထားကြတယ်။ အရင်းအနှီး အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိတယ်။ ကုမ္ပဏီက ဟောင်ကောင်ကို တိုးချဲ့လုပ်ကိုင်ဖို့ စီစဉ်နေပြီး အမျိုးသား အဝတ်အထည်များနဲ့ ကလေး အဝတ်အထည်များဖြင့် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
အရဲစွန့် လမ်းသစ်ထွင်ပြီး လုပ်ကိုင်တဲ့အခါ မအောင်မမြင်ဖြစ်စရာတွေ နေ့တိုင်း ရင်ဆိုင်ရတယ်။ ပိုအရေးကြီးတာ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို အာရုံစိုက်ထားဖို့ ဖြစ်တယ်လို့ Chris Halim က အကြံပြုပါတယ်။

“အနာဂတ်က ခင်ဗျား တည်ဆောက်ရမယ့်ဟာ ဖြစ်ပြီး အဲဒီအတွက် ခင်ဗျားရဲ့ အဖွဲ့နဲ့ စိတ်ကူးအိပ်မက် ရမယ်။ တစ်ခုခု ထူးခြားတာ လုပ်မယ်လို့ တောင်းဆိုရမယ်” လို့ Style Theory ပူးတွဲထူထောင်သူ Raena Lim က အကြံပေးတယ်။

သူတို့ လင်မယားက သတိထားပြီး လုပ်ကိုင်ကြတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှု ဖြစ်ပွားတဲ့အခါ ဝန်ဆောင်မှု အသစ်တွေ ဖန်တီးပြီး ပေးအပ်ခဲ့ပေမဲ့လည်း အငှားဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် ကပ်ရောဂါ မတိုင်ခင်က ရရှိခဲ့တဲ့ သုံးစွဲသူဦးရေရဲ့ ၇၅ % ကိုသာ ပြန်ရခဲ့တယ်။

“အရဲစွန့်ပြီး လုပ်ကိုင်ကြတဲ့အခါ မအောင်မြင်တာကို နေ့တိုင်း ရင်ဆိုင်ရတယ်။ ဆုံးဖြတ်ချက် အမှားတွေလည်း ချတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို စူးစိုက်ထားတာ မျက်ခြည် မပြတ်စေရဘူး။ အဆင်ပြေအောင် ဘယ်လိုလုပ်မှာလဲဆိုတာ အဖြေရှာပေးနေရမယ်။ လုပ်ငန်းကို ကြီးထွားဖို့ ဘာဆက်လုပ်မလဲဆိုတာ ကြံဆနေရမယ်” လို့ Chris Halim က အကြံပြုပါတယ်။


Source: .cnbc.com

Read times
Rate this item
(1 Vote)