-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (7)

Facebook ေၾကာ္ျငာအတြက္ သိထားရမယ့္ အခ်က္ေတြကုိ ေဖာ္ျပေပးလ်က္ ရွိတာမွာ အခု ေဆာင္းပါးမွာေတာ့ Social Media ေပၚမွာ ေၾကာ္ျငာတဲ့အခါ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္တစ္ခ်က္ျဖစ္တဲ့ လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic အေၾကာင္းကုိ ဆက္လက္ တင္ျပသြားပါမယ္။

ZAWGYI + UNICODE ႏွစ္မ်ဳိးျဖင့္ ေဖာ္ျပထားပါသည္။ 


လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic
===========
ေၾကာ္ျငာမယ့္ social media platform ေတြကုိ ေရြးခ်ယ္တဲ့အခါ အမာခံ ပရိသတ္ active users အနည္းအမ်ား တစ္ခုတည္းအရ ေရြးခ်ယ္ ဆုံးျဖတ္ျခင္း မျပဳအပ္ဘူး။ လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic ကုိလည္း ထည့္သြင္း စဥ္းစားရမယ္။ ေကာင္းၿပီ။ အမ်ဳိးသမီးေတြကုိ အ၀တ္အစား ေရာင္းခ်ခ်င္လုိ႔ ေၾကာ္ျငာမယ္ဆုိရင္ သုံးစြဲမယ့္ social media platform မွာ သုံးစြဲေနသူ အမ်ားစု အမ်ဳိးသမီးေတြ ျဖစ္ရမယ္။ အမ်ဳိးသမီးေတြထဲမွာမွ အသက္ ၃၀ ႏွစ္နဲ႔ အထက္ကုိ ရည္ရြယ္တဲ့ အ၀တ္အစားေတြ ေရာင္းခ်ခ်င္တာဆုိရင္ Tiktok ထက္ Facebook က ပုိေကာင္းမယ္။


လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic ကုိ အင္တာနက္တက္ၿပီး Google မွာ ရွာေဖြလုိ႔ ရယူႏုိင္ပါတယ္။ နမူနာအျဖစ္ ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလအတြက္ ျမန္မာႏုိင္ငံမွာ လူသုံးအမ်ားဆုံး ပလက္ေဖာင္း ေလးခုရဲ႕ လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic ကုိ ေဖာ္ျပအပ္ပါတယ္။

ထိပ္ဆုံးမွာ ေရာက္ေနတဲ့ ပလက္ေဖာင္း ေလးခုမွာ Facebook က ထိပ္ဆုံးမွာ ရွိေနမယ္ဆုိတာ သိၾကၿပီးသား ျဖစ္ပါတယ္။ ဒုတိယေနရာမွာ Facebook ရဲ႕ Messenger ရွိေနၿပီး တတိယေနရာမွာေတာ့ Facebook ပုိင္ဆုိင္တဲ့ Instsgram ရွိေနပါတယ္။
လိင္အမ်ဳိးအစားအရ ၾကည့္လွ်င္ Facebook ႏွင့္ Messenger တုိ႔တြင္ အမ်ဳိးသား အမ်ားစု ျဖစ္ၿပီး Instagram တြင္ အမ်ဳိးသမီး အမ်ားစု ျဖစ္သည္။ အသက္အပို္င္းအျခားအရ ၾကည့္လွ်င္ Messenger ႏွင့္ Instagram တို႔ကုိ လူငယ္မ်ား ပုိမုိ သုံးစြဲၾကတယ္။


Facebook users in Myanmar
October 2019

၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလတြင္ ျမန္မာႏုိင္ငံတြင္ Facebook သုံးစြဲသူဦးေရ 21,940,000 ရွိရာ လူဦးေရစုစုေပါင္း၏ ၄၀ ရာခုိင္ႏႈန္း ျဖစ္သည္။ ယင္းတုိ႔အထဲတြင္ အမ်ဳိးသားဦးေရက ပုိမ်ားသည္။ ၆၀ ရာခိုင္ႏႈန္း နီးပါး ရွိသည္။ အသက္အပုိင္းအျခားအရ ၾကည့္လွ်င္ အသက္ ၂၅ မွ ၄၃ ႏွစ္အတြင္း ရွိသူတုိ႔သည္ အမ်ားဆုံး အုပ္စု ျဖစ္သည္။ 9,200,000 ဦး ရွိသည္။
အမ်ဳိးသားဦးေရႏွင့္ အမ်ဳိးသမီးဦးေရ ကြာျခားမႈ အမ်ားဆုံးကုိ ေတြ႕ရသည့္ အသက္အပုိင္းအျခားမွာလည္း ယင္းအုပ္စု ျဖစ္သည္။ အမ်ဳိးသားဦးေရ 2,200,000 ဦး ပုိမ်ားသည္။

 

Messenger users in Myanmar
October 2019

၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလတြင္ ျမန္မာႏုိင္ငံတြင္ Messenger သုံးစြဲသူဦးေရ 9,968,000 ရွိရာ လူဦးေရစုစုေပါင္း၏ ၁၈.၂ ရာခုိင္ႏႈန္း ျဖစ္သည္။ ယင္းတုိ႔အထဲတြင္ အမ်ဳိးသားဦးေရက ပုိမ်ားသည္။ ၆၀ ရာခိုင္ႏႈန္းေက်ာ္ ရွိသည္။ အသက္အပုိင္းအျခားအရ ၾကည့္လွ်င္ အသက္ ၁၈ မွ ၂၄ ႏွစ္အတြင္း ရွိသူတုိ႔သည္ အမ်ားဆုံး အုပ္စု ျဖစ္သည္။ 4,000,000 ဦး ရွိသည္။
အမ်ဳိးသားဦးေရႏွင့္ အမ်ဳိးသမီးဦးေရ ကြာျခားမႈ အမ်ားဆုံးကုိ ၂၅ ႏွစ္မွ ၃၄ ႏွစ္ အသက္အပုိင္းအျခားတြင္ ေတြ႕ရသည္။
အမ်ဳိးသမီးဦးေရ 900,000 ဦး ပုိမ်ားသည္။


Instagram users in Myanmar
October 2019

၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလတြင္ ျမန္မာႏုိင္ငံတြင္ Instagram သုံးစြဲသူဦးေရ 602,300 ရွိရာ လူဦးေရစုစုေပါင္း၏ ၁ ရာခုိင္ႏႈန္း ျဖစ္သည္။ ယင္းတုိ႔အထဲတြင္ အမ်ဳိးသမီးဦးေရက ပုိမ်ားသည္။ ၅၃ ရာခိုင္ႏႈန္း နီးပါး ရွိသည္။ အသက္အပုိင္းအျခားအရ ၾကည့္လွ်င္ အသက္ ၁၈ မွ ၂၄ ႏွစ္အတြင္း ရွိသူတုိ႔သည္ အမ်ားဆုံး အုပ္စု ျဖစ္သည္။ 290,000 ဦး ရွိသည္။
အမ်ဳိးသားဦးေရႏွင့္ အမ်ဳိးသမီးဦးေရ ကြာျခားမႈ အမ်ားဆုံးကုိ ေတြ႕ရသည့္ အသက္အပုိင္းအျခားမွာလည္း ယင္းအုပ္စု ျဖစ္သည္။ အမ်ဳိးသမီးဦးေရ 30,000 ဦး ပုိမ်ားသည္။

အခုတင္ျပထားတာ နမူနာ အျမည္းမွ်သာ ျဖစ္ပါတယ္။ ယခုနမူနာထက္ အခ်က္အလက္ ပုိျပည့္စုံတဲ့ ေဒတာေတြ ရွိေနပါတယ္။ ရွာေဖြရယူၿပီး သုံးစြဲဖုိ႔ တုိက္တြန္းလုိပါတယ္။

ဆုိခ့ဲၿပီးသည့္အတုိင္ Soical Media မ်ားတြင္ ေကာင္းကြက္မ်ားႏွင့္ ေပ်ာ့ကြက္မ်ား ရွိေနပါတယ္။ ေကာင္းကြက္မ်ား ကုိယ့္အတြက္ ျဖစ္ေအာင္ ကုိယ့္ေၾကာ္ျငာႏွင့္ ဆီေလ်ာ္ရာကုိ ေရြးသုံးသင့္ပါတယ္။ Soical Media တစ္ခုတည္း သုံးသည္ထက္ အမ်ဳိးမ်ဳိး စမ္းသုံးၾကည့္သင့္ပါတယ္။ Facebook ads ျဖင့္ ေၾကာျ္ငာၾကသူမ်ားဟာ Google ads မွာလည္း ေၾကာ္ျငာၾကတယ္။ တစ္မ်ဳိးကုိသုံးရန္ က်န္သည္တုိ႔ကုိ ပယ္ရမယ္လုိ႔ မယူဆသင့္ပါဘူး။


MAD (Myanmar Advertising Directory) မွ ေနာက္ထပ္ ေရးသားျပဳစု တင္ျပမယ့္ The Complete Guide to Facebook Advertising 2019 (8) မွာ Facebook ads မွာ Facebook မွ ခ်မွတ္သုံးစြဲတဲ့ အေခၚအေ၀ၚေတြကုိ ဆက္လက္ တင္ျပေပးမွာ ျဖစ္ပါတယ္။

 

 

The Complete Guide to Facebook Advertising 2019 (7)

Facebook ကြော်ငြာအတွက် သိထားရမယ့် အချက်တွေကို ဖော်ပြပေးလျက် ရှိတာမှာ အခု ဆောင်းပါးမှာတော့ Social Media ပေါ်မှာ ကြော်ငြာတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်တဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic အကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။


လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic
===========
ကြော်ငြာမယ့် social media platform တွေကို ရွေးချယ်တဲ့အခါ အမာခံ ပရိသတ် active users အနည်းအများ တစ်ခုတည်းအရ ရွေးချယ် ဆုံးဖြတ်ခြင်း မပြုအပ်ဘူး။ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic ကိုလည်း ထည့်သွင်း စဉ်းစားရမယ်။ ကောင်းပြီ။ အမျိုးသမီးတွေကို အဝတ်အစား ရောင်းချချင်လို့ ကြော်ငြာမယ်ဆိုရင် သုံးစွဲမယ့် social media platform မှာ သုံးစွဲနေသူ အများစု အမျိုးသမီးတွေ ဖြစ်ရမယ်။ အမျိုးသမီးတွေထဲမှာမှ အသက် ၃၀ နှစ်နဲ့ အထက်ကို ရည်ရွယ်တဲ့ အဝတ်အစားတွေ ရောင်းချချင်တာဆိုရင် Tiktok ထက် Facebook က ပိုကောင်းမယ်။


လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic ကို အင်တာနက်တက်ပြီး Google မှာ ရှာဖွေလို့ ရယူနိုင်ပါတယ်။ နမူနာအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွက် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ပလက်ဖောင်း လေးခုရဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic ကို ဖော်ပြအပ်ပါတယ်။

ထိပ်ဆုံးမှာ ရောက်နေတဲ့ ပလက်ဖောင်း လေးခုမှာ Facebook က ထိပ်ဆုံးမှာ ရှိနေမယ်ဆိုတာ သိကြပြီးသား ဖြစ်ပါတယ်။ ဒုတိယနေရာမှာ Facebook ရဲ့ Messenger ရှိနေပြီး တတိယနေရာမှာတော့ Facebook ပိုင်ဆိုင်တဲ့ Instsgram ရှိနေပါတယ်။
လိင်အမျိုးအစားအရ ကြည့်လျှင် Facebook နှင့် Messenger တို့တွင် အမျိုးသား အများစု ဖြစ်ပြီး Instagram တွင် အမျိုးသမီး အများစု ဖြစ်သည်။ အသက်အပိုင်းအခြားအရ ကြည့်လျှင် Messenger နှင့် Instagram တို့ကို လူငယ်များ ပိုမို သုံးစွဲကြတယ်။


Facebook users in Myanmar
October 2019

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူဦးရေ 21,940,000 ရှိရာ လူဦးရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းတို့အထဲတွင် အမျိုးသားဦးရေက ပိုများသည်။ ၆၀ ရာခိုင်နှုန်း နီးပါး ရှိသည်။ အသက်အပိုင်းအခြားအရ ကြည့်လျှင် အသက် ၂၅ မှ ၄၃ နှစ်အတွင်း ရှိသူတို့သည် အများဆုံး အုပ်စု ဖြစ်သည်။ 9,200,000 ဦး ရှိသည်။
အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားမှု အများဆုံးကို တွေ့ရသည့် အသက်အပိုင်းအခြားမှာလည်း ယင်းအုပ်စု ဖြစ်သည်။ အမျိုးသားဦးရေ 2,200,000 ဦး ပိုများသည်။

 

Messenger users in Myanmar
October 2019

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် Messenger သုံးစွဲသူဦးရေ 9,968,000 ရှိရာ လူဦးရေစုစုပေါင်း၏ ၁၈.၂ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းတို့အထဲတွင် အမျိုးသားဦးရေက ပိုများသည်။ ၆၀ ရာခိုင်နှုန်းကျော် ရှိသည်။ အသက်အပိုင်းအခြားအရ ကြည့်လျှင် အသက် ၁၈ မှ ၂၄ နှစ်အတွင်း ရှိသူတို့သည် အများဆုံး အုပ်စု ဖြစ်သည်။ 4,000,000 ဦး ရှိသည်။
အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားမှု အများဆုံးကို ၂၅ နှစ်မှ ၃၄ နှစ် အသက်အပိုင်းအခြားတွင် တွေ့ရသည်။
အမျိုးသမီးဦးရေ 900,000 ဦး ပိုများသည်။


Instagram users in Myanmar
October 2019

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် Instagram သုံးစွဲသူဦးရေ 602,300 ရှိရာ လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းတို့အထဲတွင် အမျိုးသမီးဦးရေက ပိုများသည်။ ၅၃ ရာခိုင်နှုန်း နီးပါး ရှိသည်။ အသက်အပိုင်းအခြားအရ ကြည့်လျှင် အသက် ၁၈ မှ ၂၄ နှစ်အတွင်း ရှိသူတို့သည် အများဆုံး အုပ်စု ဖြစ်သည်။ 290,000 ဦး ရှိသည်။
အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားမှု အများဆုံးကို တွေ့ရသည့် အသက်အပိုင်းအခြားမှာလည်း ယင်းအုပ်စု ဖြစ်သည်။ အမျိုးသမီးဦးရေ 30,000 ဦး ပိုများသည်။

အခုတင်ပြထားတာ နမူနာ အမြည်းမျှသာ ဖြစ်ပါတယ်။ ယခုနမူနာထက် အချက်အလက် ပိုပြည့်စုံတဲ့ ဒေတာတွေ ရှိနေပါတယ်။ ရှာဖွေရယူပြီး သုံးစွဲဖို့ တိုက်တွန်းလိုပါတယ်။

ဆိုခဲ့ပြီးသည့်အတိုင် Soical Media များတွင် ကောင်းကွက်များနှင့် ပျော့ကွက်များ ရှိနေပါတယ်။ ကောင်းကွက်များ ကိုယ့်အတွက် ဖြစ်အောင် ကိုယ့်ကြော်ငြာနှင့် ဆီလျော်ရာကို ရွေးသုံးသင့်ပါတယ်။ Soical Media တစ်ခုတည်း သုံးသည်ထက် အမျိုးမျိုး စမ်းသုံးကြည့်သင့်ပါတယ်။ Facebook ads ဖြင့် ကြောြ်ငာကြသူများဟာ Google ads မှာလည်း ကြော်ငြာကြတယ်။ တစ်မျိုးကိုသုံးရန် ကျန်သည်တို့ကို ပယ်ရမယ်လို့ မယူဆသင့်ပါဘူး။


MAD (Myanmar Advertising Directory) မှ နောက်ထပ် ရေးသားပြုစု တင်ပြမယ့် The Complete Guide to Facebook Advertising 2019 (8) မှာ Facebook ads မှာ Facebook မှ ချမှတ်သုံးစွဲတဲ့ အခေါ်အဝေါ်တွေကို ဆက်လက် တင်ပြပေးမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)