-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးကို Online မှာ ကြော်ငြာအသင့်ဆုံးနေရာများ

သင့်စီးပွားရေးကို Online မှာ ကြော်ငြာအသင့်ဆုံးနေရာများ Google

၂၁ ရာစုမှ စီးပွားရေးလုပ်ငန်း တော်တော်များများက ငွေအကုန်အကျသက်သာပြီး ပိုမိုထိရောက်တဲ့ Online Advertising များကို အသုံးပြုလာကြပါတယ်။

ဒီလို Online Advertising ပြုလုပ်ပြီးရသော Advertising Platform များအနက် အထိရောက်ဆုံး Platform တွေကို ဖော်ပြပေးလိုက်ပါတယ်။


Facebook Advertising

စီးပွားရေးလုပ်ငန်းများအတွက် ကြော်ငြာရွှေတွင်းကြီးလို့တောင် Facebook Advertising ကို တင်စားခေါ်ဝေါ်ကြပါတယ်။ Facebook Platform ဟာ ကုန်ကျငွေ နည်းပါးသလောက် အထိရောက်ဆုံးနဲ့ သင့်ကုန်ပစ္စည်းကို အသုံးပြုမယ့် သူတွေဆီကို အများဆုံး ပို့ဆောင်နိုင်သော Platform တစ်ခုဖြစ်ပါတယ်။ မိမိ ပေးချင်သော Message ကို ရုပ်ပုံ၊ ဗီဒီယို စုံလင်စွာရပြနိုင်ပြီး Customer Awareness Customer Recognition Customer engagement of အတိအကျရနိုင်သော နေရာပဲဖြစ်ပါတယ်။


Twitter Advertising

Twitter အသုံးပြုမှုဟာ မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးပေမယ့် နိုင်ငံတကာမှာ Twitter Platform ဟာလည်း အကောင်းဆုံး Platform တစ်ခုတည်းမှာ ပါဝင်နေပါတယ်။ Twitter ဟာအခြား Advertising Platform တွေထက် Customer တွေဆီကို အကြိမ်ပေါင်းများစွာ ပေးပို့ ပေးနိုင်ပါတယ်။ အထူးသဖြင့် Twitter ဟာ Advertising အတွက် ငွေအရင်းအနှီးနည်းတဲ့ အသေးစား စီးပွားရေးများလုပ်ငန်းများအတွက် အထောက်အကူ ပြုပါတယ်။ ဒါ့အပြင်Twitter Small Business Advertising Program များကိုလည်း ထပ်မံပြုလုပ်ထားပါတယ်။

Twitter ကို ၁ရက်အတွင်း လူအရေအတွက် (၄၀၀) အထိပဲ Follow လုပ်နိုင်တော့မယ်
LinkedIn Advertising

LinkedIn ဆိုတာကတော့ လုပ်ငန်းတွေမှာ Professional အများစုအသုံးပြုတဲ့ Site တစ်ခု ဖြစ်မှန်းသိပြီးသား ဖြစ်မှာပါ။ သင့်စီးပွားရေးဟာ အထူးပြု Professional Clients များအသုံးပြုထားရင်တော့ LinkedIn ဟာ Targeted အဖြစ်ဆုံး Platform တစ်ခုဖြစ်ပါတယ်။


Google Adwords

Google ဟာ အကြီးဆုံး Search Engine တစ်ခုဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ Google Adwords ထဲမှာမှ အကြီးဆုံး Platform တစ်ခုကတော့ (PPC) Pay Per Click Advertising ပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနှင့် မိမိတို့ကြော်ငြာလိုသော စာစုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို Target People များစွာ ရှာလေ့ရှာထရှိသော Specific Keywords များချမှတ်ကာ ကြော်ငြာနိုင်ပါတယ်။ ဒါ့အပြင် Behavioural Targeting များပြုလုပ်ကာ အသုံးပြုသူဝင်ရောက်မယ့် Website တိုင်းမှာလည်း Display Network အနေနှင့် ကြော်ငြာကာ Brand Awareness ရယူနိုင်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)