-->
×
Warning
JUser: :_load: Unable to load user with ID: 29
McDonald'sနဲ့Starbucks တို့ရဲ့ "to go" ဗျူဟာဖြင့် ဈေးကွက်ဖြန့်ကျက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို လျော့နည်းစေ
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Facebookသည် အသေးစားစီးပွားရေးလုပ်ငန်း ထောက်ပံ့ငွေများနဲ့ကြော်ငြာခရစ်ဒစ်များသို့ ဒေါ်၁၀၀မီလီယံထုတ်ပေးခြင်းအားဖြင့် ၎င်းရဲ့Covid-19 ရည်ရွယ်ချက်ကိုတွေ့ရှိ
Facebook သည်ငွေကြေးထောက်ပံ့မှုနဲ့ကြော်ငြာခရက်ဒစ်များ အတွက်ဒေါ်လာ ၁၀၀မီလီယံ အထိကမ်းလှမ်းခြင်းဖြင့် coronavirus ကပ်ရောဂါတစ်လျှောက်လုံးတွင် ၎င်းရဲ့အသေးစားစီးပွားရေးဖောက်သည်များအား ထောက်ပံ့ရန်ကတိပြုခဲ့သည်။
ပရိုဂရမ်၏အသေးစိတ်အချက်အလက်များကို ကုမ္ပဏီကဆက်လက်လုပ်ကိုင်နေပြီး ယခုအချိန်တွင်နိုင်ငံပေါင်း ၃၀ ကျော်မှအသေးစားစီးပွားရေးလုပ်ငန်းပေါင်း ၃၀,၀၀၀ ကိုဖွင့်လှစ်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ငွေသည် ငွေသားနဲ့လည်းကောင်း ကြော်ငြာခရက်ဒစ်နဲ့လည်းကောင်း ပုံစံ ၂မျိုးဖြင့်လာမှာဖြစ်ပါတယ်။ ထောက်ပံ့ငွေများသည် ဝန်ထမ်းများငှားရမ်းခ၊ တိုက်ခန်းငှားရမ်းခနှင့်အခြားလုပ်ငန်း လည်ပတ်မှုစရိတ်များသာမက ဖောက်သည်များနဲ့လည်းချိတ်ဆက်ရန်ရည်ရွယ်ထားပါသေးတယ်။
လူမှုကွန်ယက်တွင် စိတ်ဝင်စားသော ပါတီများအား သီးသန့်မိုက်ခရိုဆိုက်တွင် မှတ်ပုံတင်ရန် ကြေညာထားပြီး အသေးစိတ်အချက်အလက်များကို မကြာမီမျှဝေသွားမှာပါ။
Mason's Gin အတွက် ကြော်ငြာအေဂျင်စီအဖြစ် ခန့်အပ်ခံရသော Finnအေဂျင်စီ
“ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ ကျွန်တော်တို့အသိုင်းအဝိုင်းရဲ့ နှလုံးသားထဲက အရာတွေပါ။ ဒီစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သူများစွာဟာ အကျပ်အတည်းကြောင့် အကြီးအကျယ်ထိခိုက်နေကြပါတယ်။
“ အကျပ်အတည်းပိုကြာလေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ပိုင်ရှင်တွေနဲ့
ဝန်ထမ်းတွေရဲ့အသက်မွေး ဝမ်းကျောင်းမှုအတွက် အန္တရာယ်များလေဖြစ်တယ်။ သူတို့ကိုဘယ်လိုကူညီရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်အောင် စီးပွားရေးလုပ်ငန်းအသေးစားလေးတွေရဲ့ စကားသံကိုနားထောင်ပြီးဖြစ်တယ်။ ဘဏ္ဏာရေး အထောက်အပံ့က သူတို့ကို မျှော်လင့်ချက်မီးအလင်းရောင်ပေးမှာ ဖြစ်ပြီး
အလုပ်မလာနိုင်တဲ့သူတွေကို ပေးနိုင်မယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းကြားသိခဲ့ရပါတယ်။"
ထို့အပြင် Facebook က“ ဤအစီအစဉ်အသစ် နှင့် မငြိမ်မသက်ဖြစ်နေသော ပတ်ဝန်းကျင်တွင် လုပ်ငန်းလည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရန်အတွက် virtual Training အသစ်” ကိုဖန်တီးနေသည်ဟု ၎င်းကပြောကြားခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့်လည်း Business Resource Hub ကိုဖွင့်လှစ်ထားပြီး ၎င်းတွင် 'Business Resilience Toolkit' နှင့် 'Quick Action Guide' ကဲ့သို့သော အကြောင်းအရာများပါရှိပါတယ်။
ဤအစီအစဉ်သည် Facebookကုမ္ပဏီကြီးအတွက် အမြတ်အစွန်းမယူတဲ့ ရေလည်ထူးခြားသောခြေလှမ်းဖြစ်ပါတယ်။
“ ကမ္ဘာအနှံ့ကလူတွေက ဒီအစီအစဉ်ကြားတဲ့အခါ တက်ကြွလာကြပါတယ်။အရှေ့မှာရှိတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေဆီကို ချီတက်ကြမယ်။ကျွန်တော်တို့လည်း ပါဝင်လုပ်ဆောင်ချင်ပါတယ်"လို့ Sandbergက ပြောကြားသွားပါတယ်။
ဤဆောင်းပါးသည် မြောက်အမေရိကား၊ ကိုရိုနာဗိုင်းရပ်စ်၊ Facebook၊ Sheryl Sandberg၊ ကြော်ငြာခြင်း၊ မီဒီယာနှင့် ဒီဂျစ်တယ်များကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
Reference Source: The Drum
Myanmar Advertising Directory
Read times
Rate this item
(0 votes)