-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ တားဆီးနေတဲ့ အချက်များ

ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ တားဆီးနေတဲ့ အချက်များ google.com

ဝန်ထမ်း ဘ၀တစ်ခုတည်းနဲ့ ငွေကြေးဖူလုံမှု ဘ၀ကို မရောက်နိုင်ပါဘူး။ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ဆိုပြန်တော့လည်း

မ၀ံ့မရဲဖြစ်နေကြပါတယ်။ မ၀ံ့မရဲ ဖြစ်နေရတဲ့ အကြောင်းအရင်း တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
(၁)သက်တောင့်သက်သာ ဘ၀မှာပဲ ပျော်နေခြင်း
သက်တောင့်သက်သာ နေချင်တဲ့ စိတ်က အလွန်ဆိုးပါတယ်။ အဲ့ဒီစိတ်ကပဲ ကြိုးစားချင်စိတ်၊ တိုးတက်မှုကို ကန့်သတ်ထားတယ် ဆိုတာ

သင်တို့သတိမမူမိကြလို့ပါ။ မနက် ၈နာရီ မှ အိပ်ရာထတဲ့ လူတစ်ယောက် အတွက် မနက် ၆နာရီ ထပြီး စာဖတ်ဖို့ ဆိုတာ မသက်သာ လှပါဘူး။
(၂)ထောင်မြင် ရာစွန့် မလုပ်နိုင်ခြင်း
တချို့ အရာတွေက တိုးပွားနိုင်ဖို့ အတွက် အနည်းငယ် စွန့်လွှတ်ရပါတယ်။ အဲ့ဒီလိုစွန့်လွှတ်နိုင်ဖို့ အတွက် လည်း ခွန်အားရှိရပါမယ်။ ဒါကိုလုပ်ရင်ရှုံးသွားမှာပဲ ဆိုပြီး

ကိုယ်လုပ်ချင်တာတောင် မလုပ်တဲ့ လူတွေ အတော်များပါတယ်။ ဘယ်အရာကမှ ချက်ချင်း မဖြစ်လာပါဘူး။ ပထမဦးဆုံး ကိုယ့်မှာရှိတာကို ပေးဆပ်နိုင်ဖို့ လိုပါတယ်။
(၃)လက်တွေ့ အကောင်အထည် ဖော်ချင်စိတ်ကို ကိုယ်တိုင်ကန့်သတ် နေခြင်း
တချို့က idea ကောင်းရှိတယ်၊ ငွေကြေးမရှိဘူး။ ငွေကြေးမရှိဘူးဆိုရင် အဲ့ဒီ idea ကောင်းတွေ ဖော်နိုင်ဖို့ ကိုယ်လုပ်နိုင်မယ့် အရာတွေကနေ စတင်ပါ။ တကယ်လို့

တခြားသူတွေနဲ့ ကိုယ့် idea က တူနေတယ်ဆိုရင် လည်း ကိုယ်က သူတို့ထက် ဘယ်အပိုင်းမှာ ပိုကောင်းအောင်လုပ်နိုင်မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ ရှေ့ဆက်ပါ။
(၄)အထင်သေး ခံရမှာ၊ အပြစ်တင်ခံရမှာ ကြောက်ခြင်း
လုပ်ငန်းတစ်ခု စလုပ်တော့မယ် ဆိုရင် အားပေးမဲ့ သူထက် ဘေးကနေ ဘုထိုင်ပြောမဲ့ သူတွေက ပိုများပါတယ်။ လုပ်မနေနဲ့ ရှုံးမှာပဲ ဆိုပြီး ပြောတဲ့သူက ဒု နဲ့ဒေးပါ။

အဲ့ဒီ အရာတွေကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာ ရှိတာကိုသာ အာရုံစိုက်ပါ။
(၅)ခါးသီးတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးခြင်း
အဲ့ ဒါကတော့ မအောင်မြင်ခဲ့တဲ့ အတိတ်ကို တသသ တွေးပြီး ရှေ့ကို မဆက်ချင်တဲ့ သိမ်ငယ်တဲ့စိတ်ပါ။

ဘယ်လိုပဲကျဆုံးခဲ့ပါစေ အဲ့ဒီ ဆုံးရှုံးမှု ကို သင်ခန်းစာ တစ်ခု အဖြစ် သင်ယူရင်း ရှေ့တစ်လှမ်းတိုး နိုင်ဖို့ အားမွေးပါ။
ဒီအချက်တွေကို သင်ကိုယ်တိုင် ကြုံတွေ့နေရတယ်ဆိုရင် လည်း စိတ်မပူပါနဲ့။ ဒါဟာ လူတိုင်း ကြုံတွေ့ကြရတဲ့ သဘာဝပါပဲ။

ဒီအချက်လေးတွေကို သတိပြုမိပြီး ကျော်လွှားနိုင်မယ် ဆိုရင် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။
စွန့်လွှတ်ကြိုးစားချင်တဲ့ စိတ်လေးတစ်ခုတော့ လိုတာပေါ့။

Read-သင်ဘာကြောင့် မအောင်မြင်သေးလဲဆိုတာ သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ


Credit; Entrepreneurs

Read times
Rate this item
(1 Vote)