-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ဘာကြောင့် မအောင်မြင်သေးလဲဆိုတာ သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ

သင်ဘာကြောင့် မအောင်မြင်သေးလဲဆိုတာ သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ google.com

ဘ၀ ရဲ့ အသက်၂၀ မှာ ပိုက်ဆံမရှိတာက ပုံမှန်ဖြစ်တယ်။ အသက် ၃၀ မှာ မရှိသေးတာက မိသားစုပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာနိုင်ပါတယ်။ အသက် ၄၀ မှာ မရှိသေးရင်

ကိုယ်ဘာကြောင့် မအောင်မြင်သေးတာလဲဆိုတာ ကိုယ့်ဘာသာကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပါပြီ။ ကဲဘယ်လို အကြောင်းအရာတွေနဲ့ ဆန်းစစ်ကြည့်မလဲ။
၁။ ပြင်ပလောကဟာ သင်ထင်ထားတာထက် အများကြီးပိုပြီး လက်တွေ့ဆန်ပါတယ်။ စိတ်ခံစားချက်တွေက များသောအားဖြင့် လုပ်ငန်းခွင်ထဲမှာ အများကြီး အသုံးမ၀င်ပါဘူး။ သင်သာဆင်းရဲနေမယ်ဆိုရင် သင့်လက်တွဲဖော်က သင့်ကိုလက်တွဲပြီး ဘ၀ခရီးကို အတူတူကျော်ဖြတ်ဖို့က တော်တော်ခက်ခဲပါလိမ့်မယ်။ အဲ့လိုပုံပြင်တွေက များသောအားဖြင့် မြန်မာရုပ်ရှင်ကားတွေ၊ ကိုရီးယားရုပ်ရှင်ကားတွေမှာ အများဆုံးတွေ့ရမှာဖြစ်ပြီး လက်တွေ့မဆန်သော လူအများစုရဲ့ လက်ခုပ်သံတွေ အများဆုံးကြားရမှာပါ။

၂။ ကိုယ့်ဘ၀အတွက် ရည်မှန်းချက်ထားပါ။ တစ်နှစ်အတွင်းဖြစ်ရမှာတွေ၊ သုံးနှစ်၊ ငါးနှစ် အတွင်းဖြစ်ရမယ့် ရည်မှန်းချက်တွေ ထားပါ။ ရည်မှန်းချက်တွေကိုမြင့်မြင့်ထားပါ။ သို့သော် ဖြစ်နိုင်တာတော့ဖြစ်ပါစေ။ သင်ဟာမွေးလာချိန်မှာ သူများလောက် ကံမကောင်းသူ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူများတို့ထက် ပိုကြိုးစားခဲ့ရင်တော့ ကံတရားကို ၇၀% လောက်ထိ ပြောင်းလဲနိုင်ပါတယ်။

၃။ သူငယ်ချင်းဆီက လက်ဆောင်တစ်ခုရတိုင်း လက်ဆောင်ပြန်ပေးဖို့ ကြိုးစားပါ။

၎။ သူငယ်ချင်းတွေထဲမှာ ကိုယ့်စိတ်ကို နားလည်ပေးနိုင်မယ့် သူငယ်ချင်းတစ်ယောက်ရှိရင် ကံကောင်းတယ်လို့ ယူဆပါ။ ကိုယ်ဘယ်သွားသွား မိတ်ဆွေပေါများတယ် မထင်ပါနဲ့။ သင်ဒုက္ခရောက်ချိန်၊ သင့်အပေါ် နားလည်
 ပေးနိုင်မယ့် သူငယ်ချင်းအစစ်အမှန်ကတော့ ရှားပါးပါတယ်။

၅။ ကိုယ့်ဘ၀ရဲ့ ကံတရားက ရာသီခွင်တွေ၊ ဂြိုလ်ခွင်တွေပေါ်မှာ မမူတည်ပါဘူး။ ကံတရားက ကိုယ့်လက်ထဲမှာပဲရှိပါတယ်။ အိမ်ထဲကနေပြီး ချမ်းသာချင်နေလို့မရပါဘူး။ အဲလိုဖြစ်ချင်ရင်တော့ အမြဲအိပ်နေပါ။

၆။ လူတွေနဲ့ စကားမပြောချင်တာက ကိစ္စမရှိပါဘူး၊ ပြသနာက သူများနောက်ကွယ်မှာ သူ့အကြောင်း မပြောမိပါစေနဲ့။ ပြသနာအများစုက စကားပြောမှားတာကနေစတယ်ဆိုတာ မမေ့ပါနဲ့။

၇။ အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ပါစေ။ သင်ဟာမွေးကတည်းက ချမ်းသာလာတာမဟုတ်ရင် ပြင်ပ ရုပ်ဝတ္ထုပိုင်းကို သူများထက်သာအောင် မကြိုးစားပါနဲ့။ ဘောင်ဘင်ခတ်တယ်ဆိုတာ မပြည့်တဲ့သူတွေ လုပ်တဲ့အလုပ်ပါ။

၈။ အရာရာတတ်ကျွမ်းမှ အောင်မြင်တာ မဟုတ်ပါဘူး။ အကျွမ်းကျင်ဆုံး အရာတစ်ခုကနေ စတင်လုပ်ကိုင်ပါ။ သူများလုပ်တာ အောင်မြင်မှ လိုက်လုပ်တာထက် ကိုယ်ကအရင်ဈေးကွက်မှာနေရာယူဖို့နဲ့ မတူအောင်လုပ်ဖို့ အရေးကြီးပါတယ်။

၉။ အားတိုင်း Game ဆော့ Social Media စတဲ့ Virtual World မှာ အချိန်ကုန်မနေဘဲ ဘ၀တက်လမ်းအတွက် အကျိုးရှိတာမျိုးကို တစ်ရက် ၁၅မိနစ်လောက် အချိန်ပေးပြီး စလုပ်ကြည့်ပါ။ နေ့တိုင်း ကြိုးစားသွားဖို့တော့ လိုပါတယ်။

၁၀။ ကိုယ်ဘာကိုလိုချင်တာလဲ? ဘာဖြစ်ချင်တာလဲ? စတဲ့ ကိုယ့်အကြောင်းကို ကိုယ်သေချာ သိအောင်လုပ်ပါ။ ကိုယ့်အကြောင်းကိုမှ ကိုယ်တိုင်သေချာမသိရင် ညဖက်အချိန်တစ်ခုပေးပြီး ကိုယ်အားသာချင်တဲ့အပိုင်းကို သေချာတိုးတက်အောင်ကြိုးစားပါ။ ဘက်စုံထူးချွန်တယ်ဆိုတာ ငယ်တုန်းကသာ တော်တယ်လို့ သတ်မှတ်ခံရတာပါ။ တွေ့သမျှ လိုက်သင်နေရင်တော့ တစ်သက်လုံး သင်ယူတာနဲ့ဘဲ အချိန်ကုန်နေပါလိမ့်မယ်။ ဘယ်အချိန်က အကောင်းဆုံးအချိန်လဲဆိုတော့ လက်ရှိအချိန်က အကောင်းဆုံးပါ။

Read-အသက် ၃၀မရောက်ခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ

Credit; Original writer

Read times
Rate this item
(4 votes)