-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google က အာရှပစိဖိတ်ဒေသရှိ သတင်းအဖွဲ့အစည်း ၁၈ ခုအား ရန်ပုံငွေဒေါ်လာ ၂.၃ သန်း ထောက်ပံ့

Google က အာရှပစိဖိတ်ဒေသရှိ သတင်းအဖွဲ့အစည်း ၁၈ ခုအား ရန်ပုံငွေဒေါ်လာ ၂.၃ သန်း ထောက်ပံ့မည်

Google က အာရှပစိဖိတ်ဒေသရှိ သတင်းအဖွဲ့အစည်း ၁၈ ခုအား ရန်ပုံငွေဒေါ်လာ ၂.၃ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

သြစတြေးလျ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဟောင်ကောင်၊ ဂျပန်နှင့်ထိုင်ဝမ် အပါအ၀င်နို င်ငံပေါင်း ၁၁ နိုင်ငံမှ သတင်းအဖွဲ့အစည်းများသည် ယင်းကြေငြာချက်အရ ထောက်ပံ့ငွေကို လက်ခံရရှိကြမည်ဖြစ်ကြောင်း
Google က ပြောကြားခဲ့သည်။

အင်တာနက် ရှာဖွေရေးကုမ္ပဏီကြီးက ရန်ပုံငွေလျှောက်ထားရန် ဖိတ်ခေါ်ခဲ့ရာ၌ အဖွဲ့အစည်း ၂၅၀ ကျော်က လျှောက်ထားခဲ့သည်။ စာဖတ်သူများနှင့် သတင်းမီီီဒီယာတို့ ထဲထဲဝင်ဝင် ရှိကြခြင်းဖြင့် မီဒီယာမှ ဖော်ပြပေးနေသည်တို့ကို စာဖတ်သူများက လိုလိုချင်ချင်ဖြင့် ထိုက်သင့်သောအခကြေးငွေ ပေးပြီး ဖတ်ချင်လာအောင် ပြုလုပ်ရန် ပိုမိုထိရောက်သော နည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက် ထားရှိသည်။ ကြံဆမှုအမျိုးမျိုးနှင့် လုပ်ကိုင်ကြရမည် ဖြစ်သည်။

ဒေါ်လာ ၂.၃ သန်းတန်ဖိုးရှိ ဆန်းသစ်တီထွင်မှုဆိုင်ရာ မှုရန်ပုံငွေကို လက်ရွေးစင် ရွေးချယ်ထားသောအဖွဲ့အစည်း ၁၈ ခုအကြား သာတူညီမျှ ‌ဝေမျှပေးမည် မဟုတ်ချေ။ ထို့အပြင် Google ကုမ္ပဏီအနေဖြင့်လည်း ထိုအဖွဲ့အစည်းများအား လမ်းညွှန်သင်ကြားခြင်းနှင့် သင်တန်းများ ပို့ချပေးမည် ဖြစ်သည်။

Gaon Connection သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်သည့် Lucknow တွင် အခြေစိုက်သောသတင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ကျေးလက်ဒေသ နေထိုင်သူများအား အကျိုးသက်ရောက်စေသည့် ပြဿနာများကို အာရုံစိုက်သည်။ ၎င်းသည် အိန္ဒိယတွင် Google မှ ထောက်ပံ့ကြေးကို လက်ခံရရှိသူသတင်းအဖွဲ့အစည်း လေးခုအနက်မှ တစ်ခုဖြစ်သည်။

Gaon Connection ကို တည်ထောင်သူ ဝါရင့်ဂျာနယ်လစ် Neelesh Misra က Google ထံမှ ရရှိသော ထောက်ပံ့ကြေး အရင်းအနှီးသည် သူ၏ ခုနစ်နှစ်သက်တမ်းရှိ ကျေးလက်ဒေသမီဒီယာပလက်ဖောင်းမှကျေးလက်ဒေသထိုးထွင်းသိမြင်မှုကုမ္ပဏီသို့ ပြောင်းလဲရန် ကူညီလိမ့်မည်ဟုအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်ဟာ နည်းပညာနဲ့ မရင်းနှီးဘူး။ ကျနော်တို့ခက်ခဲတဲ့တိုက်ပွဲကို ဦးဆုံးလုပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့မှာ ဒီနေ့ အိန္ဒိယရဲ့ ခရိုင် ၃၀၀ ကျော်မှာ သတင်းထောက်တွေ ရှိတယ်။ အခုတော့ အဲဒီဂျာနယ်လစ်တွေဟာ စစ်တမ်းတွေ လုပ်ဖို့၊ ဗီဒီယို၊ အသံနဲ့စာသား အကြောင်းအရာတွေကို မှတ်တမ်းတင်ဖို့နဲ့ ဒေတာတွေကို ဖြန့်ကျက်ဖို့အတွက် ဂူဂဲလ်ရဲ့ရန်ပုံငွေကြောင့် ကျွန်တော်တို့ တည်ဆောက်မယ့် ပလက်ဖောင်းကို သုံးနိုင်ပါပြီ။ ဒီပလက်ဖောင်းဟာ မူဝါဒချမှတ်သူများနှင့် မြို့ပြရှိအခြားသူများအနေဖြင့် ကျေးလက်ဒေသများရှိ လူများနဲ့ သူတို့၏ဆန္ဒများကို ပိုမိုနားလည်သဘောပေါက်ရန် အိန္ဒိယကျေးလက်နေ ပြည်သူတွေကို ပြောခွင့်ပြုမှာဖြစ်တယ် ” ဟု သူက ပြောသည်။

ပါကစ္စတန်နိုင်ငံမှ The Current ကိုရီးယားမှ Busan Daily၊ Maeil Daily နှင့် Gangwon Daily တို့သည် ရန်ပုံငွေရရှိသူများ ဖြစ်သည်။
Australian Community Media သည်လည်း ရန်ပုံငွေ ရရှိသူဖြစ်ပြီး ဒေသဆိုင်ရာသတင်းစာများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ကြော်ငြာများအတွက် ပိုမိုကောင်းမွန်စေမည့် ပလက်ဖောင်းအသစ်တစ်ခုကို တီထွင်လျက်ရှိသည်။ ဂျပန်မှ နိပွန်တီဗီသည် AR ကိုအသုံးပြုပြီး ၎င်း၏သတင်းများကို အသက်ဝင်စေသည်။

၂၀၁၈ ခုနှစ် မေလတွင် Google News က ဒေါ်လာသန်း ၃၀၀ ရန်ပုံငွေကို ကြေညာခဲ့ပြီး ဆန်းသစ်တီထွင်မှု များအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အာရှပစိတ်ဖိတ်ဒေသတွင် ၂ ကြိမ် ရှိပြီ ဖြစ်သည်။

 

Google က အာရွပစိဖိတ္ေဒသရွိ သတင္းအဖြဲ႕အစည္း ၁၈ ခုအား ရန္ပုံေငြေဒၚလာ ၂.၃ သန္း ေထာက္ပံ့မည္

Google က အာရွပစိဖိတ္ေဒသရွိ သတင္းအဖြဲ႕အစည္း ၁၈ ခုအား ရန္ပုံေငြေဒၚလာ ၂.၃ သန္း ေထာက္ပံ့မည္ျဖစ္ေၾကာင္း ေၾကျငာခဲ့သည္။

ၾသစေၾတးလ်၊ အိႏၵိယ၊ ပါကစၥတန္၊ ေဟာင္ေကာင္၊ ဂ်ပန္ႏွင့္ထိုင္ဝမ္ အပါအ၀င္ႏို င္ငံေပါင္း ၁၁ ႏိုင္ငံမွ သတင္းအဖြဲ႕အစည္းမ်ားသည္ ယင္းေၾကျငာခ်က္အရ ေထာက္ပံ့ေငြကို လက္ခံရရွိၾကမည္ျဖစ္ေၾကာင္း
Google က ေျပာၾကားခဲ့သည္။

အင္တာနက္ ရွာေဖြေရးကုမၸဏီႀကီးက ရန္ပုံေငြေလွ်ာက္ထားရန္ ဖိတ္ေခၚခဲ့ရာ၌ အဖြဲ႕အစည္း ၂၅၀ ေက်ာ္က ေလွ်ာက္ထားခဲ့သည္။ စာဖတ္သူမ်ားႏွင့္ သတင္းမီီီဒီယာတို႔ ထဲထဲဝင္ဝင္ ရွိၾကျခင္းျဖင့္ မီဒီယာမွ ေဖာ္ျပေပးေနသည္တို႔ကို စာဖတ္သူမ်ားက လိုလိုခ်င္ခ်င္ျဖင့္ ထိုက္သင့္ေသာအခေၾကးေငြ ေပးၿပီး ဖတ္ခ်င္လာေအာင္ ျပဳလုပ္ရန္ ပိုမိုထိေရာက္ေသာ နည္းလမ္းမ်ား ရွာေဖြရန္ ရည္႐ြယ္ခ်က္ ထားရွိသည္။ ႀကံဆမႈအမ်ိဳးမ်ိဳးႏွင့္ လုပ္ကိုင္ၾကရမည္ ျဖစ္သည္။

ေဒၚလာ ၂.၃ သန္းတန္ဖိုးရွိ ဆန္းသစ္တီထြင္မႈဆိုင္ရာ မႈရန္ပုံေငြကို လက္ေ႐ြးစင္ ေ႐ြးခ်ယ္ထားေသာအဖြဲ႕အစည္း ၁၈ ခုအၾကား သာတူညီမွ် ‌ေဝမွ်ေပးမည္ မဟုတ္ေခ်။ ထို႔အျပင္ Google ကုမၸဏီအေနျဖင့္လည္း ထိုအဖြဲ႕အစည္းမ်ားအား လမ္းၫႊန္သင္ၾကားျခင္းႏွင့္ သင္တန္းမ်ား ပို႔ခ်ေပးမည္ ျဖစ္သည္။

Gaon Connection သည္ အိႏၵိယႏိုင္ငံ၏ အႀကီးဆုံးၿမိဳ႕မ်ားထဲမွ တစ္ခုျဖစ္သည့္ Lucknow တြင္ အေျခစိုက္ေသာသတင္းအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ႏိုင္ငံ၏ေက်းလက္ေဒသ ေနထိုင္သူမ်ားအား အက်ိဳးသက္ေရာက္ေစသည့္ ျပႆနာမ်ားကို အာ႐ုံစိုက္သည္။ ၎သည္ အိႏၵိယတြင္ Google မွ ေထာက္ပံ့ေၾကးကို လက္ခံရရွိသူသတင္းအဖြဲ႕အစည္း ေလးခုအနက္မွ တစ္ခုျဖစ္သည္။

Gaon Connection ကို တည္ေထာင္သူ ဝါရင့္ဂ်ာနယ္လစ္ Neelesh Misra က Google ထံမွ ရရွိေသာ ေထာက္ပံ့ေၾကး အရင္းအႏွီးသည္ သူ၏ ခုနစ္ႏွစ္သက္တမ္းရွိ ေက်းလက္ေဒသမီဒီယာပလက္ေဖာင္းမွေက်းလက္ေဒသထိုးထြင္းသိျမင္မႈကုမၸဏီသို႔ ေျပာင္းလဲရန္ ကူညီလိမ့္မည္ဟုအင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့သည္။

“ ကြၽန္ေတာ္ဟာ နည္းပညာနဲ႔ မရင္းႏွီးဘူး။ က်ေနာ္တို႔ခက္ခဲတဲ့တိုက္ပြဲကို ဦးဆုံးလုပ္ခဲ့ၿပီးၿပီ။ ကြၽန္ေတာ္တို႔မွာ ဒီေန႔ အိႏၵိယရဲ႕ ခ႐ိုင္ ၃၀၀ ေက်ာ္မွာ သတင္းေထာက္ေတြ ရွိတယ္။ အခုေတာ့ အဲဒီဂ်ာနယ္လစ္ေတြဟာ စစ္တမ္းေတြ လုပ္ဖို႔၊ ဗီဒီယို၊ အသံနဲ႔စာသား အေၾကာင္းအရာေတြကို မွတ္တမ္းတင္ဖို႔နဲ႔ ေဒတာေတြကို ျဖန႔္က်က္ဖို႔အတြက္ ဂူဂဲလ္ရဲ႕ရန္ပုံေငြေၾကာင့္ ကြၽန္ေတာ္တို႔ တည္ေဆာက္မယ့္ ပလက္ေဖာင္းကို သုံးႏိုင္ပါၿပီ။ ဒီပလက္ေဖာင္းဟာ မူဝါဒခ်မွတ္သူမ်ားႏွင့္ ၿမိဳ႕ျပရွိအျခားသူမ်ားအေနျဖင့္ ေက်းလက္ေဒသမ်ားရွိ လူမ်ားနဲ႔ သူတို႔၏ဆႏၵမ်ားကို ပိုမိုနားလည္သေဘာေပါက္ရန္ အိႏၵိယေက်းလက္ေန ျပည္သူေတြကို ေျပာခြင့္ျပဳမွာျဖစ္တယ္ ” ဟု သူက ေျပာသည္။

ပါကစၥတန္ႏိုင္ငံမွ The Current ကိုရီးယားမွ Busan Daily၊ Maeil Daily ႏွင့္ Gangwon Daily တို႔သည္ ရန္ပုံေငြရရွိသူမ်ား ျဖစ္သည္။
Australian Community Media သည္လည္း ရန္ပုံေငြ ရရွိသူျဖစ္ၿပီး ေဒသဆိုင္ရာသတင္းစာမ်ားႏွင့္ အေသးစားစီးပြားေရးလုပ္ငန္းမ်ားကို ေၾကာ္ျငာမ်ားအတြက္ ပိုမိုေကာင္းမြန္ေစမည့္ ပလက္ေဖာင္းအသစ္တစ္ခုကို တီထြင္လ်က္ရွိသည္။ ဂ်ပန္မွ နိပြန္တီဗီသည္ AR ကိုအသုံးျပဳၿပီး ၎၏သတင္းမ်ားကို အသက္ဝင္ေစသည္။

၂၀၁၈ ခုႏွစ္ ေမလတြင္ Google News က ေဒၚလာသန္း ၃၀၀ ရန္ပုံေငြကို ေၾကညာခဲ့ၿပီး ဆန္းသစ္တီထြင္မႈ မ်ားအတြက္ ေဆာင္႐ြက္ေပးလ်က္ရွိရာ အာရွပစိတ္ဖိတ္ေဒသတြင္ ၂ ႀကိမ္ ရွိၿပီ ျဖစ္သည္။

Read times
Rate this item
(1 Vote)