ကမ္ဘာကြီးပေါ်မှာ ဟိုးအရင်ကျောက်ခေတ်က စလို့ လူတွေရဲ့ နေထိုင်မှုပုံစံနည်းပညာတွေ ပြောင်းလဲလာခဲ့ကြတယ်။
ဒီလို ပြောင်းလဲမှုတွေက လူတွေရဲ့ သိမြင်လိုမှု၊ တီထွင်ကြံဆမှု နဲ့ ပိုမို တိုးတက်လိုစိတ်တွေကို အခြေခံတာ ဖြစ်သလို
စီးပွားရေးတွက်ခြေကိုက်မှုနဲ့ တစ်ဦးထက်တစ်ဦး သာလိုမှုတွေကို အခြေံလာတယ်ဆိုလည်း မှားနိုင်ပါဘူး။
ဒီလိုတိုးတက်ပြောင်းလဲလာမှုတွေက အလှည့်အပြောင်းများစွာကို ပေါ်လာစေခဲ့ပါတယ်။
လျှပ်စစ်ပေါ်လာတာ၊ ရေနွေးငွေ့သုံးစက်တွေပေါ်လာတာ၊ ကွန်ပျူတာပေါ်လာတာတွေက ခေတ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။
အငြင်းပွားစရာတွေ ရှိနေပေမဲ့လည်း အဏုမြူဗုံးပေါ်လာတဲ့အတွက် စစ်ကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။
ဒီလိုပြောင်းလဲမှုတွေက ဒီနေ့ခေတ်မှာတော့ အလွန်လျင်မြန်လာတယ်လို့ ဆိုရမှာပါ။
အမြန်ခေတ်လို့တောင် ဒီနေ့ခေတ်ကို တင်စားလို့ တောင် ဒီနေ့ခေတ်ကို တင်စားနိုင်ပါတယ်။
နည်းပညာသစ်တွေ ပေါ်လာတဲ့အတွက် အဟောင်းတွေပျောက်သွားပါတယ်။
ဒီဂျစ်တယ် ကင်မရာတွေပေါ်လာလို့ ဘယ်သူမှ ဖလင်ဘက်ကို ခြေဦးမလှည့်တော့ပါဘူး။
CRT ကွန်ပျူတာ မော်နီတာတွေကို ဘယ်သူမှ မသုံးကြတော့သလို၊ တိပ်ခွေကိုလည်း ဘယ်သူမှ မသုံးကြတော့ပါဘူး။
ဒီဂျစ်တယ် အွန်လိုင်း ပလက်ဖောင်းတွေ တိုးတက်လာတာကြောင့် စာရွက်အခြေပြုတဲ့ လုပ်ငန်းတွေနဲ့ စီပွားရေးအခြေတွေ ယိမ်းယိုင်လာကြပါတယ်။
ဒီဂျစ်တယ်က ကျယ်ပြန့်တာကြောင့် ထိန်းချုပ်ရတာခက်သလို ထိုးဖောက်လာမယ့် အန္တရယ်သစ်တွေကလည်း မခန့်မှန်းနိုင်အောင်ပါပဲ။
အလိုအလျောက်စနစ်တွေ၊ အာရုံခံနည်းပညာတွေ တိုးတက်လာတာရယ်၊ ချစ်ပ်တွေက သေးငယ်လာတာရယ်က ခေတ်ကို ပြောင်းလဲတော်လှန်ဖို့ တာဆူနေကြပါတယ်။
VR နဲ့ AR နည်းပညာကလည်း တိုးတက်လာပါတယ်။ သဘာဝတွင်းထွက် လောင်စာကို အမှီပြုရာကနေ လျှပ်စစ်မော်တာနဲ့ နေရောင်ခြည်စွမ်းအင်ဘက်ကို လှည့်လာကြပါတယ်။
နည်းပညာတွေက ဒီခေတ်မှာ သီးသန့် ရပ်တည်မနေတော့ပဲနဲ့ ပေါင်းလာကြတာကလည်း နည်းပညာ အဟောင်းတွေအဖို့ မျက်ခုံးလှုပ်စရာပါ။
စက်ရုံကြီးတွေမှာ သာ လုပ်လို့ ရတာကို အိမ်ခန်းသေးသေးလေတွေမှာ လုပ်နိုင်လာအောင် နည်းပညာအစွမ်းက ကြီးလာပါတယ်။ ပစ္စည်းတွေက သေးငယ်လာပေမယ့် စွမ်းဆောင်ရည်ကြီးလာပါတယ်။
နောက်စာမျက်နှာတစ်ခုကိုလှန်ကြည့်လိုက်ရင် ထပ်တွေ့ရမှာက virtual space ပါ။ အွန်လိုင်းအခြေပြု ရုံးခန်းတွေ၊ အလုပ်ရုံတွေ၊ သင်ကြားရေးတွေအပြင် ဈေးဆိုင်တွေ တိုးတက်လာကြပါတယ်။
ဒီဂျစ်တယ် ငွေကြေးကို ပိုမို သုံးစွဲလာကြတာနဲ့ အမျှ ဒီတွင်ကျယ်မှုတွေက အဟုန်မြင့်လာပါတယ်။
ပုံမှန်အခန်းတစ်ခုမှာ နေရာယူပြီး သင်ကြားနေတဲ့ လုပ်ငန်းဟာ လူ ၁၀၀ ထက်ကျော်သင်ဖို့က မလွယ်ပါဘူး။
အွန်လိုင်းကတော့ အကန့်အသတ်မဲ့ ဖြစ်ပါတယ်။
သင်ကြားသူနေမကောင်းလို့၊ လူမှုရေးကိစ္စရှိလို့ သင်ကြားရေးပျက်စရာလည်းမရှိပါဘူး။
အမြဲသုံးလို့ရမယ်။ ပြင်ချင်စရာအနည်းငယ်ကိုပဲ အခြေအနေအရ ပြင်ဆင်ဖို့လိုမှာပါ။
သင်ကြားသူအတွက်လည်း သာမန်အမြဲစဉ်းစားနေရတဲ့ အချိန်နဲ့ နေရာအကွာအဝေးကို ထည့်စဉ်းစားစရာမလိုတဲ့ အတွက် အတော်အဆင်ပြေပါတယ်။
ငွေကြေးပေးရတာကလည်း အပြင်ကမ္ဘာမှာ တတ်သလောက် အွန်လိုင်းမှာ မကုန်ကျပါဘူး။
ဒါကြောင့် မြန်မာပြည်အနေနဲ့ ဒီဂျစ်တယ်အခြေပြု သင်ကြားရေးပုံစံတွေ ၊ ဝန်ဆောင်မှုတွေကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ရင် အမြန်ခေတ်မှာ နောက်ကျကျန်နေဖို့ အခြေအနေမရှိပါဘူး။
ဒီလိုမှ မဟုတ်ရင် တော့ ဝေးနေပါဦးမယ်။
အမြန်ခေတ်လို့ ခေါ်ရမယ့်ခေတ်ဖြစ်တဲ့ ယနေ့အချိန်မှာ မြန်မာ နိုင်ငံကလည်းကမ္ဘာ့အခြေအနေပြောင်းလဲမှုကို မတွန်းလှန်နိုင်ပါဘူး။
ဒါကြောင့်လည်း ကမ္ဘာနဲ့ အဆက်မပြတ်နေဖို့ လိုနေပါတယ်။
လက်ရှိခေတ်မှာတော့ အင်တာနက်ချိတ်ဆက်မှုကို အသုံးချနိုင်သူ၊ ဗဟုသုတနဲ့ အကြားအမြင်များပြီး အကြံဥာစ်သစ်ထုတ်နိုင်တဲ့သူက ပိုသာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Recommended for you-ရင်းနှီးမြှုပ်နှံသူ (၇မျိုး)
Source; internetjournal