-->
×

Warning

JUser: :_load: Unable to load user with ID: 29


Viu မှ ရုပ်ရှင်ပရိတ်သတ်များထံ ရောက်ရှိလွယ်မည့် ကြော်ငြာမှုပုံစံများ

Viu သည် သုံးစွဲသူများ၏ သဘောသဘာဝနှင့် အကြိုက်ကို ကောင်းမွန်စွာ သိရှိနားလည်ထားသည့် အချက်သည်

ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ Viu ပလက်ဖောင်းအား အသုံးပြု၍ ကြော်ငြာခြင်းသည် မှန်ကန်သော ရွေးချယ်မှု တစ်ခုဖြစ်စေသည်ဟု ဆိုနိုင်သည်။ 

မတူညီသော ဈေးကွက် အခြေအနေ ပေါ်မူတည်၍ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းပေါ်၌ ကြော်ငြာလိုသူများအား ၄င်းတို့၏ အမှတ်တံဆိပ် ကြော်ငြာများကို သက်ဆိုင်ရာ ဝယ်ယူအားပေး သူများထံ ရောက်ရှိ သွားစေရန် Viu မှ ဖန်တီးဆောင်ရွက် ထားသည်။
ယခုကဲ့သို့ အပြိုင်အဆိုင် များပြားသည့် ဈေးကွက်ထဲ တွင် Viu သည် လစဥ်အသုံးပြုသူ၊ ဗီဒီယို ကြည့်ရှုအားပေးသူများ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုမြင့်တက်လာသည်ကို ကြည့်ခြင်းအားဖြင့် Viu မှ ထုတ်လွှင့်ပြသနေသည့် ရုပ်ရှင်ဇာတ်ကားများသည် ကြည့်ရှုသူ ပရိသတ်များ၏ စိတ်ကို အကောင်းဆုံး ဖမ်းစားနိုင်သည်ဟု ဆိုနိုင်သည်။
Viu သည် စျေးကွက်ဖော်ဆောင်သူများအတွက် အခွင့်အလမ်းကောင်းများ ပေးအပ်သည့်အနေဖြင့် premium customer များ၏ စိတ်ဝင်စားမှုများကို ဖမ်းယူနိုင်မည့် အကောင်းဆုံး ကြော်ငြာခြင်း နည်းလမ်းအသစ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

မှန်ကန်သော ပေါင်းဖက်မှု

မြန်မာနိုင်ငံ၏ ဦးဆောင်နေသော အွန်လိုင်းရုပ်သံဝန်ဆောင်မှုတစ်ခုဖြစ်သည့်အလျောက် Viu သည် ပြည်တွင်းမှအဓိက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော MPT, Ooredoo, Mytel တို့နှင့် လည်း မိတ်ဖက်ပူးပေါင်းထားပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါ ကွန်ယက်အသုံးပြုသူများသည် Viu အက်ပလီကေးရှင်းအား သီးသန့်ဒေါင်းလုပ်ပြုလုပ်ရန်မလို၊ subscription fees ထပ်မံပေးဆောင်ရန် မလိုအပ်ဘဲ ကြိုက်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားများအား လွယ်လွယ်ကူကူနှင့် အခမဲ့ ဝင်ရောက်ကြည့် နိုင်မည်ဖြစ်သည်။
အသုံးပြုသူများအနက် ၈၅% သည် အသက် ၃၄ နှစ်အောက် အရွယ်များဖြစ်ပြီး ဖက်ရှင်၊ ဖျော်ဖြရေးနှင့် နည်းပညာဆိုင်ရာများတွင် ငွေကြေး အများဆုံး သုံးစွဲကြလေ့ရှိသူများဖြစ်သည်။
ထို့အပြင် Premium user များ၏ ၆၀% သည် အမျိုးသား၊ ၄၀% သည် အမျိုးသမီးများ ဖြစ်ကြပြီး တစ်နေ့လျှင် ပျမ်းမျှအားဖြင့် 2GB နှင့်အထက် အင်တာနက် သုံးစွဲနေကြသူ များဖြစ်သည်။ ၎င်းတို့၏ သုံးပုံတစ်ပုံသည် Wifi ကွန်ယက်အား အသုံးပြု၍ ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းဇာတ်ကားများအား ၁၀၀% မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုရသည်ကို ကြိုက်နှစ်သက်သူ များဖြစ်ကြသည်။
အဆိုပါ အချက်အလက် များအား အသုံးပြု၍ ကြော်ငြာလိုသူများမှ သက်ဆိုင်ရာ ဝယ်ယူအားပေးမည့် သူများထံသို့ အထိရောက် ဆုံးသောအခွင့်အလမ်းများဖြင့် ကြော်ငြာပြသပေးနိုင်ရန် ဖန်တီးပေးလျက် ရှိသည်။

အသုံးပြုသူများနှင့် ထိတွေ့နိုင်ခြင်း

Viu တွင် အက်ရှင်၊ အချစ်၊ ဟာသ စသည့် ရသအစုံအလင်ပေးနိုင်သည့် ရုပ်ရှင်ဇာတ်လမ်း အမျိုးအစားများစွာကို ကြည့်ရှုခံစားနိုင်သောကြောင့် ကြည့်ရှုသူများသည် ပျမ်းမျှအားဖြင့် နေ့စဥ် အချိန် တစ်နာရီ ထက် ကျော်လွန်၍ ကြည့်လေ့ရှိကြသည်။
နောက်ဆုံးထွက် ဇာတ်ကားအသစ်များကို အချိန်နှင့် တစ်ပြေးညီ ပြသပေးနိုင်မှုကြောင့် ကြည့်ရှုအားပေးသူများသည် Viu ပလက်ဖောင်းပေါ်၌ နာရီပေါင်းများစွာ ပိုမိုသုံးစွဲလာကြောင်းလည်း လေ့လာသိရှိရသည်။
ထို့ကြောင့် မိမိ၏ အမှတ်တံဆိပ် များအား ကြော်ငြာလိုသူများသည် အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုများအားလည်း ထည့်သွင်းစဥ်းစားနိုင်ပြီး ထိုကဲ့သို့သော ကြော်ငြာပြသခြင်းများသည် သုံးစွဲသူများ၏ စိတ်ဝင်စားမှုများကို အထိရောက်ဆုံး ဖမ်းစားနိုင်မည် ဖြစ်သည်။

ထိရောက်စွာ ကြော်ငြာနိုင်မှု

Viu Myanmar မှ ကြောငြာလိုသူများသာမက ရုပ်ရှင်ကြည့်ရှုသူများ အတွက်ပါ အဆင်ပြေစေမည့် ကြော်ငြာပုံစံအသစ်များကို ဖန်တီးပေးလျက်ရှိသည်။ ဥပမာအားဖြင့် မိမိတို့၏ ကုန်အမှတ်တံဆိပ် များအား အမျိုးသမီးပရိတ်သတ်များထံသို့ တိုက်ရိုက် ကြော်ငြာပြသလိုသည်ဆိုပါက အမျိုးသမီး ပရိတ်သတ်များ ကြိုက်နှစ်သက်ဆုံး ဖြစ်သည့် ဖက်ရှင်၊ အလှအပ၊ အချစ် စသည့်ဇာတ်ကားများ၌ ထည့်သွင်းကြော်ငြာနိုင်ပြီး အမျိုးသား ပရိတ်သတ်များအတွက်ဆိုလျှင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။

တီထွင်ဆန်းသစ်ထားသော ကြောငြာပုံစံအသစ်များ

ကမ္ဘာတစ်ဝှမ်းတွင် အမှတ်တံဆိပ်အမျိုးမျိုးတို့မှ သုံးစွဲသူများထံသို့ အထိရောက်ဆုံးသော နည်းလမ်းများနှင့် ကြော်ငြာစေရန် ကြိုးပမ်းလျက်ရှိရာ Viu မှလည်း အမှတ်တံဆိပ်များ၊ ကြော်ငြာများ အား မိမိတို့ ရောက်ရှိစေလိုသည့် ပရိတ်သတ်များထံသို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိစေရန် တစ်ထောင့်တစ်နေရာမှ ကူညီပေးလျက်ရှိသည်။ ကြည့်ရှုသူများ ပို၍မြင်သာစေမည့် နေရာများ၌ ကြော်ငြာများ ထည့်သွင်းခြင်း၊ ၁၅ စက္ကန့်မှ ၃၀ စက္ကန့်ထိ ကြာမြင့်သော ကြော်ငြာ ဗွီဒီယိုအတိုများအား ဗွီဒီယိုမပြသမီနှင့် ဗွီဒီယိုပြသနေစဥ်အတွင်း ထည့်သွင်းပြသပေးခြင်းဖြင့် ပရိတ်သတ်များသည် ကုန်အမှတ်တံဆိပ်များနှင့် ပို၍ အကျွမ်းတဝင် သိရှိလာစေရန် ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့အပြင် ပိုမိုထိရောက်စေရန်အတွက် အသုံးပြုသူများ နေထိုင်ရာဒေသ၊ ကြည့်ရှုလေ့ရှိသည့် ရုပ်ရှင်ဇာတ်ကား အမျိုးအစား၊ လက်ရှိအသုံးပြုနေသည့် ဖုန်းအမျိုးအစား စသည့် အချက်အလက်ဒေတာများကို သုံးသပ်ပြီး ကြော်ငြာလိုသူများသည် မိမိတို့၏ ကြော်ငြာများအား ကြည့်ရှုမည့် ပရိသတ်များကို ရွေးချယ်နိုင်စေရန်လည်း လုပ်ဆောင်ပေးထားသည်။

အချုပ်အားဖြင့် အမှတ်တံဆိပ်များ၏ ကြော်ငြာမှုပုံစံများသည် ဒီဂျစ်တယ်ခေတ်တွင် အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက်လာပြီး ထိုကဲ့သို့သော အွန်လိုင်းရုပ်သံဝန်ဆောင်မှုများ၌ ကြော်ငြာလာခြင်းသည် ယခင်ထက်ကို ရေပန်းစားလာ၍ ထိရောက်မှုလည်း ပိုမိုရှိလာသည်ကို တွေ့ရသည်။

Read times
Rate this item
(0 votes)