-->
×

Warning

JUser: :_load: Unable to load user with ID: 29


တရုတ်နိုင်ငံမှာ ကမ္ဘာထိပ်တန်းလုပ်ငန်းစာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီ (၆)ခု

တရုတ်နိုင်ငံမှာ ကမ္ဘာထိပ်တန်းလုပ်ငန်းစာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီ (၆)ခု Google

နည်းပညာနဲ့ပတ်သက်ရင် အမေရိကားမှ ဆီလီကွန်တောင်ကြားဟာ နာမည်ကြီးပြီး၊ အာရှတိုက်ဘက်မှာဆိုင်တော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ဆန်းသစ်တီထွင်မှုများကို ပြုလုပ်နိုင်ကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာလုပ်ငန်းများဟာ အခုအခါတွင် နာမည်ဂုဏ်သတင်းထင်ပေါ်လာပြီး ဈေးကွက်ဝေစုများစွာကို ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင် နည်းပညာနဲ့ပတ်သက်တဲ့ ကုမ္ပဏီအများအပြားရှိပြီး၊ အချို့လုပ်ငန်းများဟာ ကမ္ဘာ့ထိပ်တန်းလုပ်ငန်းများနဲ့ပတ်သက်တဲ့ စာရင်းဇယားတွင် ပါဝင်နိုင်ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ဟာ နည်းပညာနဲ့ပတ်သက်ပြီး စီးပွားရေးနယ်ပယ်တွင် ယှဉ်ပြိုင်မှုဟာ ပြင်းထန်တဲ့ အနေအထားကိုရောက်ရှိနေကြောင်း TechLife News မှ နည်းပညာဆိုင်ရာ စာရေးသူတစ်ဦးက မှတ်ချက်ပြုပါတယ်။ ဘေဂျင်းမှ အချို့နည်းပညာကုမ္ပဏီများဟာ ပြည်ပကုမ္ပဏီများမှ နည်းပညာများကိုတုပခိုးယူပြီး ကိုယ်ပိုင်နည်းပညာပုံစံဖြစ်အောင် လုပ်ဆောင်နေကြောင်း စွပ်စွဲတဲ့သူများလည်းရှိပါတယ်။ အခုဖော်ပြမှာကတော့ တရုတ်နိုင်ငံမှာ နည်းပညာလုပ်ငန်းမှာ ကျော်ကြားနေတဲ့ကုမ္ပဏီတွေအကြောင်းပဲဖြစ်ပါတယ်။

(၁) ZTE ကုမ္ပဏီ

အမေရိကန်နိုင်ငံရဲ့ ငြင်းပယ်တာကို ခံလိုက်ရတဲ့ ZTE ကုမ္ပဏီဟာ အင်တာနက်ကွန်ရက်ပိုင်းနဲ့ပတ်သက်ပြီး၊ တရုတ်နိုင်ငံတွင် နာမည်ရှိတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး၊ အခုအခါမှာတော့ အခြားသဘောတူညီချက်များ၊ ဒဏ်ကြေးများကို လက်ခံပြီးနောက် ပြန်လည်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးရှိလာပါတယ်။ ZTE ကုမ္ပဏီဟာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာသန်းချီကိုလည်း အသုံးပြုလေ့ရှိပါတယ်။ အမေရိကန်ရဲ့ အစောပိုင်းငြင်းပယ်မှုဟာ ZTE အတွက် အလွန်ထိခိုက်နစ်နာတဲ့ ကိစ္စဖြစ်စေခဲ့ပြီး၊ ငြင်းပယ်မှုရဲ့နောက်တွင် အခြားကုမ္ပဏီများကို ပေးဆောင်ရမယ့် ငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်များလည်း ရှိပါသေးတယ်။

(၂) Foxconn ကုမ္ပဏီ

၁၉၇၅ ခုနှစ်တွင် ထိုင်ဝမ်လူမျိုး၊ စီးပွားရေးလုပ်ငန်းရှင် Terry Gou တည်ထောင်ခဲ့တဲ့ Foxconn ကုမ္ပဏီဟာ ၀န်ထမ်းပေါင်း ၁ မီလီယံ အထက်ရှိပြီး၊ Apple, Dell နှင့် Sony တို့အတွက် ဖုန်း၊ ကွန်ပျူတာနှင့် အခြားကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Foxconn ဟာ အမေရိကန်ရဲ့နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့အတွက် နမူနာယူဖို့ကောင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်းကို သမ္မတဒေါ်နယ်ထရန့်ဟာ လူထုကို ပြောဆိုခဲ့ဖူးပါတယ်။

(၃) Huawei ကုမ္ပဏီ

Network နှင့် နည်းပညာဆိုင်ရာလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့နောက်ထပ်ကုမ္ပဏီတစ်ခုကတော့ Huawei ဖြစ်ပါတယ်။ Samsung နဲ့ Apple နောက်တွင် ဖုန်းထုတ်လုပ်ရောင်းချတဲ့အပိုင်း၌ Huawei ဟာ တတိယနေရာမှာရှိကြောင်း TechLife News က မှတ်ချက်ပြုထားပါတယ်။ ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့တဲ့ Huawei ဟာ တရုတ်ကုမ္ပဏီတွေကြားမှာတော့ ထိပ်ဆုံးအဆင့်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင်လည်း ၀င်ငွေပိုင်းဆိုင်ရာ တိုးတက်မှုရှိခဲ့ကြောင်း TechLife News က မှတ်ချက်ပြုထား ပါတယ်။

(၄) BYD ကုမ္ပဏီ

နည်းပညာပစ္စည်းနဲ့ပတ်သက်လာရင် သွားလာရေးယာဉ်များဟာလည်း အရေးပါလာတဲ့အရာများ ဖြစ်လာပါတယ်။ နည်းပညာကုမ္ပဏီများ အာရုံစိုက်နေတဲ့ ယာဉ်တစ်မျိုးကတော့ မောင်းသူမဲ့ယာဉ်များ (သို့) သန့်စင်တဲ့စွမ်းအင် သုံးယာဉ်များဖြစ်ပါတယ်။ “သင့်ရဲ့ အိပ်မက်များကိုတည်ဆောက်ပါ” ဆိုတဲ့ စကားလုံးကို အတိုကောက်ယူထားတဲ့ BYD Co.,Ltd ဟာ ဥရောပနှင့် လက်တင်အမေရိကတွင် ဘက်ထရီအားသုံးယာဉ်များ ကို ထုတ်လုပ် ရောင်းချပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ “Made In China 2025” အစီအစဉ်အရ အီလက်ထရစ်ကားအရေအတွက်များစွာကို ထုတ်လုပ်ပြီး ကုမ္ပဏီအတွက် အကျိုးရလဒ်များစွာရရှိအောင် ဖန်တီးမယ့် အစီအစဉ် လည်းရှိပါသေးတယ်။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့တဲ့ ထိုကုမ္ပဏီဟာ Califonia, Lancastar မှာ ရှိတဲ့ စက်ရုံကနေ အီလက်ထရစ်ဘတ်စ်များကို ထုတ်လုပ်နေပါတယ်။

Read More >>> Google Ads ကို အတွင်းကျကျ ရှုမြင်ခြင်း

(၅) Sinovel Wind Group ကုမ္ပဏီ

လေရဟတ်တွေကိုဖန်တီးတဲ့ တရုတ်မှကြီးမားတဲ့လုပ်ငန်းတစ်ခုကတော့ Sinovel Wind Group Co.,Ltd ဖြစ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကိုအနာဂတ်မှာ ပိုမိုသုံးစွဲဖို့လိုအပ်လာဖွယ်ရှိတာကြောင့် ထိုလုပ်ငန်းဟာလည်း အဆင့်များတိုးတက်လာဖွယ်ရှိပါတယ်။ ဒါပေမယ့် ၎င်းဟာလည်း အချက်အလက်ပိုင်းဆိုင်ရာခိုးယူမှုကြောင့် အမေရိကန်တရားရုံးရဲ့ ပြစ်ဒဏ်ငွေရိုက်ခံခဲ့ရပါတယ်။

(၆) Mindray ကုမ္ပဏီ

အာထရာဆောင်းရိုက်တဲ့စက်များနဲ့ အခြားဆေးပစ္စည်းဆိုင်ရာစက်များကို ထုတ်လုပ်တဲ့တရုတ်ရဲ့ကြီးမားတဲ့ လုပ်ငန်းစုတစ်ခုကတော့ Mindray Bio-Medical Electronics Co.,Ltd ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၉၀ မှာရှိတဲ့ဆေးရုံနှင့် ဆေးလုပ်ငန်းဆိုင်ရာ နယ်ပယ်များတွင် သူတို့ရဲ့ပစ္စည်းများကို အသုံးပြုနေကြောင်း Mindray က ဆိုပါတယ်။

Ref; ငြိမ်းချမ်းတိုး
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)