-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်ထွက်တော့မယ့် သင့်အတွက် စဉ်းစားစရာ အချက်(၃)ခု

အလုပ်ထွက်တော့မယ့် သင့်အတွက် စဉ်းစားစရာ အချက်(၃)ခု google.com

ဒီကနေ့ခေတ်မှာ လူတွေ အလုပ်တစ်ခုကတစ်ခု ပြောင်းတယ်ဆိုတာ အရင်ကထက် ပိုအဖြစ်များလာပါတယ်။ သင် လုပ်ငန်းအသစ်တခု စတင်ဖို့အတွက်ပဲကြိုးစားတာပဲဖြစ်ဖြစ် ဒါမှမဟုတ်

လက်ရှိအလုပ်ကို ထွက်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ် တစ်ခုခုကိုပြောင်းတော့မယ်ဆိုရင် ပထမခြေလှမ်းတွေဟာ သိပ်ကို အရေးပါပါတယ်။

ဒီလိုမျိုး တစ်ခုကနေ တစ်ခုကို ပြောင်းတော့မယ်ဆိုရင် သင့်မှာ အစီအစဉ် ရှိဖို့လိုအပ်ပါတယ်။ အခုပြောပြချင်တဲ့ အကြောင်းကတော့ သင် အလုပ်တခုကနေ မထွက်ခင် အရင် လုပ်သင့်တဲ့ အရာ ၃ ခု အကြောင်းပဲ ဖြစ်ပါတယ်။

အခွင့်အလမ်းတွေနဲ့ ဆုံးရှုံးနိုင်ချေတွေကို တွက်ချက်ပါ

အလုပ်တခုကို သင်ထွက်တယ်ဆိုတာ သင်လက်ရှိအလုပ်ကို ငြီးငွေ့လို့ လည်း ဖြစ်နိုင်သလို သင့်အနေနဲ့ ပြောင်းလဲမှု တခုခုကို လိုချင်တာလည်း ဖြစ်နိုင်ပါတယ်။

သင်သိရမယ့်အချက်တခုက အလုပ်ဆိုတာ အလုပ်ပါပဲ။ အလုပ်အသစ်ပဲဖြစ်ဖြစ် လက်ရှိအလုပ်ပဲဖြစ်ဖြစ် အလုပ်ဆိုတာ ကောင်းတာ ဆိုးတာ တွဲရှိနေမှာပါ ။

ဆုံးရှုံးနိုင်ချေတွေ အနေနဲ့ ကြည့်ရရင် သင့်မှာလောလောဆယ် စုဆောင်းထားတဲ့ ပိုက်ဆံ ရှိရဲ့လား ။ အလုပ်အသစ် တခု ဝင်ရမယ်ဆိုတဲ့အခါ ခက်ခဲနိုင်သလို စရိတ်စကလည်း များနိုင်ပါတယ်။ တကယ်လို့ သင်ဟာ လခအပေါ် မှီခိုရတဲ့လူတယောက်ဆိုရင် အလုပ်ထွက်တဲ့ အကြောင်းကြားစာ မတင်ခင် သေချာ စဉ်းစားသင့်ပါတယ်။

အခွင့်အလမ်းတွေ အနေနဲ့ ကြည့်မယ်ဆိုရင် အလုပ်သစ်က တန်းပြီး ရှိနေတာမျိုးလား။ အလုပ်သစ်မှာ လခတွေ ပိုရနိုင်လား။ သင့်ကို ပိုပျော်ရွှင်စေနိုင်လား။ စိတ်ကျေနပ်မှုတွေ ပိုပေးနိုင်လား။ ရေရှည် ကိုယ့်အတွက်ရော တိုးတက်မှုတွေ ရှိနိုင်လား။ အလုပ်အသစ်ကနေ ကျွမ်းကျင်မှု အသစ်တွေရော သင်ယူရနိုင်သလား။ဒါတွေကို စဉ်းစားဖို့ လိုအပ်ပါတယ်။

လုပ်လက်စလေးတွေ လက်စသတ်ခဲ့ပါ

သင်အလုပ်မထွက်ခင် လုပ်စရာရှိတဲ့ အလုပ်တွေကို စာရင်းပြုစုပါ။ သင်အလုပ်ထွက်သွားတဲ့အခါ သင့်ရဲ့ အလုပ်တွေကို သင့်လုပ်ဖော်ကိုင်ဖက်တွေက လွှဲပြောင်းလုပ်ကိုင်ကြရမှာပါ။

ဒါပေမဲ့ ဒါဟာ သင့်အနေနဲ့ ဘာမှ တာဝန်ယူစရာမလိုဘူးလို့ မဆိုလိုပါ။ အရေးကြီးတဲ့ အလုပ်တွေကို ပြီးအောင်တာဝန်ယူ လုပ်သွားပါ။

သင်သာ သင့်ရဲ့အရေးကြီးတဲ့ အလုပ်တွေကို ပြီးအောင် လုပ်သွားပေးမယ် ကျန်တဲ့ အလုပ်တွေကိုလည်း လုပ်တတ်တဲ့ သူတွေဆီ လွှဲပေးခဲ့မယ် ဆိုရင် သင့်ရဲ့ အလုပ်ရှင်လည်း ကျေနပ်မှာ အသေအချာပါပဲ။

ဒီလို သင်အလုပ်ထွက်တဲ့ အခါ သင့်အလုပ်ရှင်ကျေနပ်အောင် နေပေးဖို့ကလည်း အရေးကြီးတယ်လေ။ ဒါမှ သင်နောက်အလုပ်တခုလျှောက်တဲ့အခါ သူ့ဆီက ထောက်ခံချက်ကောင်းကောင်း တောင်းလို့ရမှာ ဖြစ်ပါတယ်။

သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် အစီအစဉ်တကျ ဖြစ်ပါစေ

သင်အလုပ်မှ မထွက်ခင် သင့်ရဲ့ စားပွဲ သင့်ရဲ့နေရာ ကို သေသေသပ်သပ် ထားခဲ့ပါ။ သင့်ရဲ့ ကိုယ်ပိုင်ပစ္စည်း တွေကို သပ်သပ် ခွဲပါ။ အလုပ်ရဲ့ ကွန်ပြူတာ ပေါ်က သင့်ဖိုင်တွေကိုလည်း ကူးယူဖို့ မမေ့ပါနဲ့။ သင်နဲ့ မသက်ဆိုင်တဲ့ အလုပ်က data တွေကိုတော့ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မကူးယူသင့်ပါ။

အရေးကြီး ဖိုင်တွေကို လုပ်ဖော်ကိုင်ဖက်တွေဆီ လွှဲပြောင်းပေးခဲ့ပါ။ သင့်အလုပ်စားပွဲလေးကိုလည်း သန့်ရှင်းရေး လုပ်ခဲ့ပါ။ လွှဲပြောင်းပြီးကြောင်းလဲ အထက်လူကြီး သိအောင် ပြောပြခဲ့ပါ။

Read-Career Changing လုပ်ဖို့ ဘာတွေလိုအပ်လဲ

Source; Talent Development Center

Read times
Rate this item
(1 Vote)