အခု ဖော်ပြပေးသွားမှာကတော့ Fortune မှရွေးချယ်ထားတဲ့ ကမ္ဘာ့ အကျိုးအမြတ်အရဆုံး ထိပ်တန်းကုမ္ပဏီတွေအကြောင်းပဲ ဖြစ်ပါတယ်။
စုစုပေါင်း ကုမ္ပဏီကြီး ( ၇ ) ခု ပါဝင်ပါတယ်။ Apple, JP Morgan Chase & Co., Berkshire Hathaway, Wells Fargo, Gilead Sciences, Verizon Communication နဲ့ Alphabet (Google) တို့ ဖြစ်ပါတယ်။
၁။ Apple ( အမြတ်ငွေ - ၅၃.၄ ဘီလီယံ )
Apple ဟာ အမြတ်အများဆုံးရရှိခဲ့တဲ့ ကုမ္ပဏီစာရင်းမှာထိပ်ဆုံးကနေ နှစ်နှစ်ဆက် ရွေးချယ်ခံခဲ့ရပါတယ်။ Iphone ရောင်းချမှုတွေကနေ တစ်နှစ်အတွင်းမှာပဲ အမြတ်ပမာဏဟာ ၃၅ ရာနှုန်းအထိ မြင့်တက်ခဲ့ပြီး သမိုင်းဝင်အမြတ်ငွေ ၅၃.၄ ဘီလီယံထိ ရရှိခဲ့ပါတယ်။
၂။ JP Morgan Chase & Co. ( အမြတ်ငွေ - ၂၄.၄ ဘီလီယံ )
JP Morgan Chase & Co. ဘဏ်ဟာ နှစ်စဉ်နှစ်တိုင်း 12% Profit Growth နဲ့ စံချိန်တင်အမြတ်ငွေ ၂၄.၄ ဘီလီယံရရှိပြီး Wells Fargo ဘဏ်ကို ကျော်တက်ကာ US ရဲ့ အမြတ်အများဆုံးဘဏ် ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ လူသိနည်းနေသေးတဲ့ ဈေးကွက်ဗျူဟာများ
၃။ Berkshire Hathaway ( အမြတ်ငွေ - ၂၄.၁ ဘီလီယံ )
ယခင်နှစ်ရရှိခဲ့တဲ့ အမြတ်ငွေ ၁၉.၉ ဘီလီယံထက် ၂၁ ရာနှုန်းမြင့်တက်လာခဲ့ပြီး အမြတ်ငွေ ၂၄.၁ ဘီလီယံနဲ့ Fortune List ရဲ့ နံပါတ် ၃ နေရာကို ရယူနိုင်ခဲ့ပါတယ်။
၎။ Wells Fargo ( အမြတ်ငွေ - ၂၂.၉ ဘီလီယံ )
ယခင်နှစ် အမြတ်ငွေ ၂၃.၁ ဘီလီယံထက် အနည်းငယ်လျော့ကျသွားပြီး ၂၂.၉ ဘီလီယံသာ ရရှိခဲ့တဲ့အတွက် Fortune List မှာအဆင့် ၄ သာ ရရှိခဲ့တာပါ။
ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ချင်သူတွေအတွက် Jack Ma ရဲ့ အကြံပြုချက်
၅။ Gilead Sciences ( အမြတ်ငွေ - ၁၈.၁ ဘီလီယံ )
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပြီး အသည်းရောင်အသားဝါ C ပိုးအတွက်ဆေးများထုတ်လုပ်ရာတွင် နာမည်ကြီးပါတယ်။ အဆိုပါဆေးတွေရောင်းချမှုကနေအမြတ်ငွေ ၁၈.၁ ဘီလီယံအထိရရှိခဲ့ပါတယ်။
၆။ Verizon Communication ( အမြတ်ငွေ - ၁၇.၉ ဘီလီယံ )
နယူးဂျာစီအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဟာ မှန်းထားတဲ့ အမြတ်ငွေထက်ကို ကျော်လွန်ပြီး ရရှိခဲ့တာပါ။ သုံးစွဲသူ ၄.၅ သန်းအထိ ရရှိခဲ့ပြီးအမြတ်ငွေ ၁၇.၉ ဘီလီယံအထိ ရရှိခဲ့ပါတယ်။
၇။ Alphabet ( အမြတ်ငွေ - ၁၆.၃ ဘီလီယံ )
Google ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alphabet ဟာ Holding ကုမ္ပဏီတစ်ခုအနေနဲ့ အမြတ်ငွေ ၁၆.၃ ဘီလီယံအထိ ရရှိခဲ့ပါတယ်။ Alphabet ရဲ့အခြားစီးပွားရေးတွေဖြစ်တဲ့ Fiber, Verily, Calico, Nestတို့မှာ ၃.၆ ဘီလီယံအထိ အရှုံးပေါ်ခဲ့ပေမယ့်လည်း Google ရဲ့ကြော်ငြာလုပ်ငန်းကနေပြီး အမြတ်အစွန်းများစွာရရှိခဲ့တာပဲ ဖြစ်ပါတယ်။