-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ လူသိနည်းနေသေးတဲ့ ဈေးကွက်ဗျူဟာများ

ကမ္ဘာပေါ်မှာ အရမ်းနာမည်ကြီးသော Apple ကုမ္ပဏီဟာဆိုရင် ၂၀၀၄ခုနှစ်အတွင်း ၀င်ငွေ $ ၈ဘီလီယံမှ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁၈၀ ဘီလီယံအထိ ၀င်ငွေမြင့်တက်ခဲ့ပါသည်။

ဒီလုပ်ငန်းစုရဲ့အောင်မြင်မှုဟာ ၀င်ငွေ အမြောက်အများရရုံတင်မကသေးပါဘူး၊ အခြားနည်းပညာလောကကိုပါ ပြောင်းလဲနိုင်အောင် အောင်မြင်ခဲ့ ပါသည်။

ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ Apple ရဲ့ဒီဇိုင်းနဲ့ အသုံးဝင်မှုဟာအရေးပါပါသည်။ ဒါပေမယ့် သာမန်ဝယ်ယူသူ မှ၊ ဒီတံဆိပ်တစ်ခုအတွက် သစ္စာရှိတဲ့ ၀ယ်ယူသူဖြစ်အောင် ပြောင်းလဲဖို့ဆိုတာ Marketing ကို အသုံးပြုဖို့လိုပါသည်။ ဒီဆောင်းပါးမှာတော့ Apple ဘယ်လို Marketing အသုံးပြုလဲဆိုတာကိုလေ့လာနိုင်မှာပါ။

 

၁။ ကြော်ငြာဖို့ လိုအပ်သလားဆိုတာကို စဉ်းစားရမှာပါ။

သာမန်ယူဆချက်တစ်ခု ၀င်ငွေတက်ဖို့အတွက် google၊ Facebook၊ နဲ့အခြားနေရာတွေမှာ ကြော်ငြာရမယ်လို့ ထင်ကြပါသည်။ ဒါပေမယ့် Apple က အမြဲတမ်းကြော်ငြာဖို့ မလိုအပ်ဘူးဆိုတာ သိပါသည်။ တကယ်တော့ Apple အသုံးပြုခဲ့သည့် Marketing က product placement နဲ့ မီဒီယာများက review များအကိုအသုံးပြုခဲ့တာပါ။

ကြော်ငြာလောက အလုပ်အကိုင်တွေနဲ့ အလုပ် ဘယ်လိုရှာကြမလဲ

 

၂။ ဈေးနှုန်းနဲ့တိုက်ခိုက်တာမျိုး ကိုမလုပ်ပါနဲ့။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် အောင်မြင်ဖို့အတွက် ဈေးနှုန်းနဲ့ တိုက်ခိုက်ပြီး ဈေးကွက်ယူကြပါသည်။ တကယ်တော့ ဈေးနှုန်းနဲ့ ပြိုင်ဆိုင်မှုဆိုတာ ကိုယ့်လုပ်ငန်းကို ထိခိုက်စေပါသည်။ ဒါ့အပြင် ရေတိုကိုကြည့်တဲ့ အလုပ်လည်းဖြစ်ပါသည်။

Apple ကုမ္ပဏီဟာ ဈေးနှုန်းနဲ့ မပြိုင်ဆိုင်ဘဲ တခြားကုမ္ပဏီတုပလို့မရတဲ့ တန်ဘိုးတစ်ခု (unique value proposition) ကို တီထွင်လိုက်ပါသည်။ ဥပမာအားဖြင့် လက်မ ၁၃.၃ Screen Size နှင့်၊ i5 ရှိတဲ့ Laptop တွေမှာ Dell inspiration က ၇၅၀ ဒေါ်လာ ကျသင့်ပေမယ့် Apple ဟာ ၁၀၀၀ ဒေါ်လာ ဖြစ်ပါသည်။ ဒီအချက်မှာဆိုရင် Apple ဟာ ကွန်ပြူတာတစ်ခုလုံးမှာ စွမ်းဆောင်မှုအားသာချက်ရှိပြီး (entire feature)၊ အခြား ကွန်ပြူတာများအမျိုးအစားများသည် အားသာချက်တစ်ခု (Single Killer Feature) တည်းကိုပဲ ဖန်တီးထားတာဖြစ်ပါသည်။

 

၃။ ကိုယ့် Marketing နဲ့ Product က ရိုးရှင်းပါစေ။

အချက်တွေပိုသာတယ် ဆိုတာအမြဲတမ်းမကောင်းပါဘူး။ နည်းပညာဝယ်ယူသူများသည် အတွက်ပစ္စည်းများက Feature တွေအများကြီးပေးပြီး ရှုပ်ထွေးစေပါသည်။

Apple ကဒီအချက်ကိုနားလည်ပြီး၊ ၀ယ်ယူသူရဲ့ရှုပ်ထွေးမှုကို ရိုးရှင်းတဲ့ စာလုံးအသုံးအနှုန်းတွေ၊ ပစ္စည်းကိုထုတ် လုပ်ပြီး ၀ယ်ယူသူရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးထားပါသည်။ ပြီးတော့ ကြော်ငြာများမှာ ကုန်ပစ္စည်းအ ကြောင်းအစား ဒီပစ္စည်းသုံးစွဲခြင်းအားဖြင့် ဘယ်လိုအကျိုးရမလဲဆိုတာကို အသားပေးဖော်ပြတာကိုလည်း တွေ့ ရမှာပါ။

ကျန်ရှိနေသေးတဲ့အချက်တွေကိုတော့ နောက်ရက်မှာ ဆက်လက်တင်ပြပေးပါ့မည်။ 

Source : Neilpatel.com

Myanmar Advertising Directory

Read times
Rate this item
(1 Vote)