-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလိုအလျောက် အနွေးဓာတ် ထုတ်ပေးနိုင်သော Xiaomi စမတ်မာဖလာ

အလိုအလျောက် အနွေးဓာတ် ထုတ်ပေးနိုင်သော Xiaomi စမတ်မာဖလာ google

စမတ်ပစ္စည်းအသစ်မျိုးစုံဟာလူသားတွေရဲ့နေ့စဉ်ဘဝကိုချည်းနည်းဝင်ရောက်လာပါတယ်။အခုလည်း စမတ်ပစ္စည်းမျိုးစုံ ထုတ်နေတဲ့ Xiaomi က နောက်ထပ် ထူးထူးခြားခြား စမတ်ပစ္စည်း အသစ်တမျိုးကို မူပိုင်ခွင့်တင်လိုက်ပြန်ပါတယ်။ တခါမှတောင် မကြားဖူးတဲ့ “စမတ်မာဖလာ” ပါ။

မာဖလာလို့လည်း ခေါ်တဲ့ လည်စည်းပဝါတွေကို များသောအားဖြင့် ဆောင်းရာသီ ဒါမှမဟုတ် ရာသီဥတုအေးတဲ့အချိန်တွေမှာ ပတ်လေ့ရှိကြပါတယ်။ အရမ်းအေးလာရင် လည်ပင်းမှာ တင်းတင်းပတ်ထားပြီး၊ ပူလာရင် ပြန်လျော့တတ်ကြတာကို သတိထားမိမှာပါ။ ဒါပေမယ့် Xiaomi ရဲ့ “စမတ်မာဖလာ” နဲ့ ဆိုရင်တော့ အတင်းအလျော့ကအစ ကိုယ်တိုင်ကိုယ်ကျ လုပ်နေစရာ မလိုပါဘူး။

Xiaomi “Smart Scarf” က အပြင်အပူချိန်အလိုက် အလိုအလျောက် အတင်းအလျော့ လုပ်ပေးသွားမှာဖြစ်သလို၊ အေးလာရင်လည်း အနွေးဓာတ် ထုတ်ပေးနိုင်ပါသေးတယ်။ Xiaomi က ဒီစနစ်ကို “A smart scarf and its control method” လို့ အမည်တပ်ပြီး မူပိုင်ခွင့်လျှောက်ထားတာ တွေ့ရပါတယ်။

Costume & Fashion (ဝတ်စုံနှင့်ဖက်ရှင်လုပ်ငန်းများ(၃၈၇)ခုကိုရှာရန်နှိပ်ပါ။)

စမတ်ပဝါဆိုပေမယ့် အပြင်ပန်းအရတော့ သာမန် လည်စည်းပဝါ တထည်အတိုင်းပါပဲ။ ဒါပေမယ့် ပဝါအထည်စထဲမှာ အပူချိန်အာရုံခံဆန်ဆာနဲ့ အနီအောက်ရောင်ခြည်သုံး အပူပေးကိရိယာတို့ ပါဝင်ပါတယ်။ ဒီကိရိယာနှစ်ခု ချိတ်ဆက်ပြီး အပြင်ဘက်အပူချိန်အလိုက် အနွေးဓာတ် ထုတ်ပေးသွားမှာပါ။

Smart Wearble Device တခု ဖြစ်တာကြောင့် သေချာပေါက် Bluetooth ဒါမှမဟုတ် Wi-Fi သုံးပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ဒီတော့ သီးသန့် Mobile App တခုကနေလည်း ပဝါရဲ့ အပူချိန်၊ အတင်းအလျော့ နှုန်းတွေကို ချိန်ညှိနိုင်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ Xiaomi စမတ်မာဖလာ က မူပိုင်ခွင့်အဆင့်မှာပဲ ရှိသေးပါတယ်။ မူပိုင်ခွင့်တိုင်းက တကယ့်ထုတ်ကုန် ဖြစ်လာလေ့မရှိတာ သတိထားသင့်ပါတယ်။ ဒါပေမယ့် Xiaomi ဆိုတာကလည်း ထူးထူးဆန်းဆန်း စမတ်ပစ္စည်းပေါင်းစုံ ထုတ်နေတဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့်စောင့်ကြည့်ရဦးမှာပါ။

မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအနာဂတ်ကို လေ့လာသုံးသပ်ပေးမယ့် Myanmar Connect 2019ထိပ်သီးအစည်းအဝေးကျင်းပ

Source : Akhayar.com

Read times
Rate this item
(1 Vote)