-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင် ဘာကြောင့် မီလျံနာမဖြစ်သေးတာလဲ?

သင် ဘာကြောင့် မီလျံနာမဖြစ်သေးတာလဲ? google.com

မီလျံနာဖြစ်ချင်သူတွေ အများကြီးရှိပါတယ်.။ ဒါပေမယ့် ဘာကြောင့်မဖြစ်သေးတာလဲ?

ဘာတွေလိုအပ်နေတာလဲ? ဘာတွေ ပြုပြင်ရမလဲ?

Entrepreneur.com ရဲ့ Contributer တစ်ယောက်ဖြစ်တဲ့ Timothy Sykes ကတော့ အောက်ပါအချက်တွေကြောင့်လို့ ရှင်းပြထားပါတယ်.။

 

သင့်ကို လမ်းပြပေးမယ့်သူ မရှိခြင်း

အောင်မြင်မှုရဖို့အတွက် သင့်နားမှာ positive ဖြစ်တဲ့သူတွေ ဝန်းရံနေဖို့လိုပါတယ်.။

ပိုအရေးကြီးတာက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ၊ မရောက်သေးဘူးဆိုတာ ညွှန်ပြပေးနိုင်မယ့် သင်ယုံကြည်ရသူတစ်ယောက် ရှိဖို့လိုပါတယ်.။

 

စတေးသင့်တဲ့အရာတွေကို မစတေးနိုင်သေးခြင်း

အောင်မြင်မှုရဖို့အတွက် ဖယ်ရှားစတေးပစ်ရမယ့် အရာတွေရှိပါတယ်.။

ဥပမာ - နေ့တိုင်းသူငယ်ချင်းတွေနဲ့ အလုပ်ချိန်ပြင်ပမှာ သွားလာစားသောက်နေမယ်၊

ပါတီတွေကလပ်တွေတက်နေမယ်ဆိုရင်တော့ သင့် Career ကို တိုးတက်အောင်လုပ်ဖို့ သင့်မှာ အချိန်ရှိမှာမဟုတ်ပါဘူး.။

 

ကျရှုံးမှာကြောက်နေခြင်း

ကျရှုံးမှာကတော့ သေချာပါတယ်.။ ဘယ်အောင်မြင်တဲ့ လုပ်ငန်းရှင်မှ တစ်ခါမှမကျရှုံးဖူးဘူးဆိုတာ မရှိပါဘူး.။

အရေးကြီးတာက တစ်ခါကျရှုံးဖူးတာကို သင်ခန်းစာယူနိုင်ဖို့ဖြစ်ပါတယ်.။

 

သေချာတဲ့ ရည်ရွယ်ချက်မရှိတဲ့အတွက် သေချာတဲ့လုပ်ဆောင်ချက်တွေလဲ မရှိခြင်း

တိကျသေချာတဲ့ရည်ရွယ်ချက်မရှိတဲ့အခါ အဲဒီရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အိုင်ဒီယာတွေ၊ actions တွေလဲမရှိပါဘူး.။

ဒီလိုဖြစ်နေရင်တော့ ဘယ်တော့မှ မီလျံနာဖြစ်မှာ မဟုတ်ပါဘူး.။

 

တခြားသူတွေကတော့ အောင်မြင်နိုင်တယ်၊ ငါကတော့ ဘယ်တော့မှ မီလျံနာ မဖြစ်လောက်ပါဘူးလို့ တွေးခြင်း

သူများတွေဖြစ်ရင် သင်လည်းဖြစ်ရမယ်လို့ ယုံကြည်ထားပါ..။

ယုံကြည်ချက်ဟာ တော်တော်အရေးကြီးပါတယ်.။

ဖြစ်အောင်လုပ်မယ်လို့ ယုံကြည်လိုက်တာနဲ့ ခရီးတစ်ဝက်ရောက်ပြီးဖြစ်ပါတယ်.။

 

သင့်ရဲ့ Background နဲ့ Location က သင့်အောင်မြင်မှုကို တားဆီးနေတယ်လို့ ထင်နေခြင်း

တကယ်တော့ သင်ပဲအရေးကြီးပါတယ်.။ Background တွေ Location တွေဆိုတာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာတွေပါ.။

မြန်မာပြည်မှာကိုပဲ မီလျံနာတွေ အများကြီးရှိနေပါပြီ.။

 

Internet မသုံးခြင်း

Internet ဟာ ကမ္ဘာကိုပြောင်းလဲခဲ့ပြီးပါပြီ.။ ရှေ့ဆက်ပြီးတော့လဲ ပြောင်းလဲနေဦးမှာပါ.။

အင်တာနက်ပေါ်က သင်ယူစရာရှိသမျှကို သင်ယူဖို့လိုပါတယ်.။

ဒီနေရာမှာ အင်တာနက်ဆိုတာ Facebook ကိုပြောခြင်းမဟုတ်ပါ.။

 

 

သင်ပေါင်းသင်းတဲ့ သူတွေမှားနေခြင်း

အပေါ်မှာပြောခဲ့သလိုပဲ သင့်ပတ်ဝန်းကျင်ရှိလူများဟာ သင့်ကို support ပေးတဲ့သူတွေပဲ ဖြစ်သင့်ပါတယ်.။

 

သင့်ကိုယ်သင် မမြှင့်တင်ခြင်း

သင့်ရဲ့ skills တွေ knowledge တွေကို အမြဲတမ်းအဆင့်မြှင့်တင်နေဖို့လိုပါတယ်.။

အချိန်ပိုကြာရင် ကြာပါလိမ့်မယ်၊ အလုပ်ပိုများရင်များပါလိမ့်မယ်။

ဒါပေမယ့် ဒါတွေဟာ အနာဂတ်မှာ အောင်မြင်မှုရဖို့ ပိုသေချာပါတယ်.။

Task တစ်ခုကို လွယ်လွယ်ကူကူပြီးသွားလို့ အလုပ်မှာမျက်နှာပွင့်ချင်ရင် ပွင့်ပါလိမ့်မယ်.။

အဲဒီ Task ဟာ ခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘဲ၊ သင့်ကိုလဲ တိုးတက်စေတဲ့ Task မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဆိုရင်တော့ သင့်ရဲ့ အနာဂတ်တက်လမ်းကို အကျိုးမပြုဘူးဆိုတာ သတိပြုသင့်ပါတယ်.။

Recommended for you-ကျွမ်းကျင်မှုကို ရောင်းတာလား?အချိန်ကို ရောင်းတာလား?

Ref: Entrepreneur

Credit; Original Uploader

Read times
Rate this item
(1 Vote)