-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင် အခုသုံးနေတဲ့ Marketing နည်းလမ်းက Traditional လား၊ Digital လား...?

သင် အခုသုံးနေတဲ့ Marketing နည်းလမ်းက Traditional လား၊ Digital လား...? google

အောင်မြင်တဲ့လုပ်ငန်း တစ်ခုဖြစ်ဖို့ ဆိုရင် သင့်တော်တဲ့ ဈေးကွက်ရှာဖွေမှု၊ အရေအသွေးမြင့်တဲ့ ထုတ်ကုန်တွေရှိနေရုံနဲ့ မပြီးပါဘူး။

မှန်ကန်တဲ့ Marketing Technique တွေကိုသုံးပြီး သင့်ရဲ့အမြဲတမ်း Customer တွေဖြစ်လာအောင် ပြောင်းလဲဖို့က အဓိကကျတဲ့အချက်ပဲ ဖြစ်ပါတယ်။ Marketing နယ်ပယ်မှာ အရေးပါတဲ့ နည်းလမ်း (၂) မျိုးဖြစ်တဲ့ Traditional Marketing နဲ့ Digital Marketing ကိုဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

 

Traditional Marketing

Traditional Marketing ဟာ အရင်ထဲကရှိခဲ့တဲ့ Marketing ပုံစံတစ်ခု ဖြစ်ပြီး ကုန်ပစ္စည်းတစ်ခုကို Customer တစ်ဦး(သို့) အများဆီသို့ ရောက်အောင် ကြော်ငြာတဲ့ ပုံစံတစ်မျိုးပါ။ Traditional Marketing ရဲ့အစဉ်အလာကတော့ သင့်ရဲ့ကုန်ပစ္စည်း တွေကို Audience ဆီသို့ရောက်ရှိစေရန် Offline Advertising ပုံစံနဲ့ ကြော်ငြာခြင်း ဖြစ်ပါတယ်။ ကျေးလက်၊ တောရွာတွေလို အင်တာနက် အခက်အခဲရှိတဲ့ နေရာမျိုးတွေဆိုရင် Traditional Marketing ကအသင့်တော်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ Offline Marketing ကို ဒီ အချက် (၄) ပေါ်မူတည်ပြီး အသုံးပြုကြတာပါတယ်…

၁။မဂ္ဂဇင်း၊ သတင်းစာတွေထဲမှာ ထည့်သွင်းကြော်ငြာခြင်း

၂။တယ်လီဗီးရှင်း၊ ရေဒီယိုတို့မှာ ကြော်ငြာခြင်း

၃။Telemarketing ပြုလုပ်ပြီးကြော်ငြာခြင်း၊ SMS ပို့ပြီး ကြော်ငြာခြင်း

၎။Billboard ထောင်ခြင်း၊ လက်ကမ်းစာစောင်ဝေပြီး ကြော်ငြာခြင်း

ဒီ Traditional Marketing ဟာဆိုရင် ရာစုနှစ်များစွာ အသုံးပြုခဲ့ကျတဲ့ နည်းလမ်းဟောင်း ဖြစ်နေပေမယ့် ဒီနည်းလမ်းဟာ လက်ရှိမှာလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။ နည်းပညာတိုးတက်မှု အလွန်နည်းပါးတဲ့ နေရာမျိုးတွေကို Target ထားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းက သင့်တော်တဲ့နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။

 

Digital Marketing

Digital Marketing ကတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့ Online Marketing ပဲဖြစ်ပါတယ်။ ယနေ့ခေတ် လုပ်ငန်းရှင် တော်တော်များများကတော့ သူ့ထက်ငါအပြိုင် Strategy မျိုးစုံနဲ့ အောင်မြင်မှုရရှိဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ Digital Marketing နည်းလမ်းက Internet Marketing၊ Online Marketing လို့သိရှိကျပြီး သင့်ကုန်ပစ္စည်း တွေကို Internet, Electronic Devices,Mobile Phone တွေကနေတဆင့် Audience ဆီကို ကြော်ငြာပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Social Media Marketing, Content Marketing, PPC& SEM Marketing, Email Marketing တွေဟာဆိုရင် လက်ရှိကာလမှာ အသုံးများနေတဲ့ Digital Marketing နည်းလမ်းတွေပဲဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် Digital Marketing ဟာအချိန်တိုတိုအတွင်း အသုံးပြုမှုများပြားလာရခြင်းက Internet ဟာ လူအများဆုံး အသုံးပြုလာကျတဲ့ Tool တစ်ခုဖြစ်လာရခြင်း ကြောင့်ပါ။ Digital Marketing ရဲ့ အားသာချက်တွေကတော့ Audience ကို Behavior အလိုက် အသေးစိတ် Target လုပ်နိုင်ခြင်း၊ Audience Reach, Engagement Data တွေကို ပြန်လည်သိရှိနိုင်ခြင်း၊ Report တွေကို ဆန်းစစ်ပြီး Remarketing လုပ်နိုင်ခြင်း အစရှိတဲ့ ရလဒ်ကောင်းတွေပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ Business ကို အောင်မြင်မှုရရှိနိုင်ဖို့ သင့်တော်မှန်ကန်တဲ့ Marketing နည်းလမ်းကို ရွေးချယ်ဖို့က အဓိကအချက်ပဲဖြစ်ပါတယ်။

 

Ref – lyfe
Myanmar Advertising Directory

Read More...ဖုန်းတွေကနေတစ်ဆင့် ဘယ်လို Mobile Marketing တွေ လုပ်လို့ရမလဲ

Read times
Rate this item
(1 Vote)