-->
×
Warning
JUser: :_load: Unable to load user with ID: 29
Kingsman ရုပ်ရှင်ထဲမှို ၅၅ သိန်းတန် Tag Heuer နာရီကြော်ငြာအကြောင်း
Kingsman ရုပ်ရှင်ထဲမှို ၅၅ သိန်းတန် Tag Heuer နာရီကြော်ငြာအကြောင်း Google
စာရေးဆရာကြီး Leo Tolstoy နှင့် စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကြော်ငြာအကြောင်း
Unicode >>>
Branded တွေကိုလေ့လာတာ ဝါဿနာပါတဲ့လူတွေအတွက် ကြော်ငြာတွေကလည်း သူတို့ စိတ်ပျော်ရွှင်စရာပါပဲ ဒီကနေ့မှာတော့ Tag Heuer ဆိုတဲ့Brand ကိုအားလုံးသိပြီးသားဖြစ်မှာပါရှင်။
ကျွန်မရေးချင်တာက Tag Heuer နဲ့ 20 th century fox နဲ့ပူးပေါင်းပြီး Kingsman ရုပ်ရှင်အတွက် Limited edition ထုတ်ထားတဲ့ နာရီကြော်ငြာလေးအကြောင်းပါ။
ထိုနာရီကြော်ငြာလေးကို Kingsman ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ Matthew Vaughn ကပဲရိုက်ကူးထားပါတယ်။
နာရီလေးက Swiss made ပါ။Kingsman ထဲက Eggsy (Taron) ပတ်တဲ့နာရီလေးပါ။
နာရီကြော်ငြာထဲမှာ Kingsman ပီပီ Action ဆန်ဆန် ရိုက်ကူးထားတာတွေ့ရပါတယ်။
နာရီအရောင်လေးကလူငယ်လဲဆန်သလို Classical လည်းကျလို့ Gentleman look နဲ့ဆိုအတော်လေးအဆင်ပြေပါတယ်။
Tactical ဒီဇိုင်းပါ အဲ့နာရီလေးက Digital watch လေးပါ ဒါပေမဲ့ထူးခြားတာက သူကမှန်မှာသာ digital ဖြစ်နေပြီး အထဲကနာရီလက်တံလေးတွေ နဲ့ရိုးရိုးနာရီလိုviewနဲ့လဲပတ်လို့ရပါတယ်။
နောက်တခုထူးခြားတာက နာရီလေးက မှတ်ဉာဏ်ပါပါတယ်။ကွန်ပြူတာတစ်လုံးလိုပါ processor ပါတာပါ 44MM Memory 512 MB , 4gb storage ရှိပါတယ်
Intel က registered လုပ်ထားပြီးသားပါ။သူ့မှာ Sensors ပါပါတယ် ရောက်နေတဲ့နေရာအခြေခံလို့ရတယ် နောက် microphone ပါပါတယ် vibrate mood လည်းပါတယ် GPS ပါပါတယ် NFC payment ပါ ambient light sensors ပါပါသေးတယ်ရှင်။
တကယ့်ကိုအထင်ကြီးလေးစားစရာပြောင်မြှောက်တဲ့ထုတ်လုပ်မှု့ပါ။
နောက်ကျွန်မတို့ကိုင်တဲ့ဖုန်းတွေနဲ့Tag Heuer ရဲ့ digital watch တွေအတွက်ထုတ်တဲ့ software ခံပြီးချိတ်ဆက်အသုံးပြုလို့ရပါတယ် Android ဖြစ်ဖြစ် Apple ဖြစ်ဖြစ် အသုံးပြုလို့ရပြီး android ဆို version 4.4+ ရှိတဲ့ဘယ်ဖုန်းနဲ့မဆိုအသုံးပြုလို့ရပြီး ISO ဆို version 9+ (I phone 5)ကနေစသုံးလို့ရသလိုအဲ့ထက်မြင့်တဲ့ဖုန်းတွေနဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Bluetooth လည်းသူ့မှာပါပါသေးတယ် connectivity က Bluetooth BLE 4.1 ပါ WiFi နဲ့လည်းချိတ်လို့ရပါတယ်။
screen resolution က 400 x 400 ပါကြည်လင်ပါတယ် သူ့ရဲ့မှန်က အာမခံအဆင်းလုံးဝမထင်တဲ့ ပြာလဲ့လဲ့ လေးပါ နောက် 2.5 mm အထူရှိပါတယ် ရေစိုခံပါတယ် ရေအနက် 50 meters ထိခံနိုင်ရည်ရှိပါတယ်
နာရီတခုလုံး Anti finger print ပါ ဒိုင်ခွက်ဘောင်တွေက Titatium ပါ ထို့နောက် အထဲကစကပစ္စည်းလက်တံလေးတွေကို 18 k gold အသုံးပြုထားပါတယ်။
နောက်နာရီကြိုးအညိုရောင်လေးကဘိုဆန်ပါတယ်အညိုအနက် ၂ ရောင်စပ်ကြိုးပါ သူကတော့နွားသားရေနဲ့ပါ နာရီအချင်းက 45mm ရှိပါတယ်။
သူက ၂ နာရီအားအပြည့်သွင်းရင်ဘာ function မှအသုံးမပြုရင် ၂၅ နာရီကြာရှည်ခံပါတယ်။
နာရီလေးကို London မြို့ Mr Porter Kingsman ပစ္စည်းဆိုင်လေးမှာ မှန်ဘောင်ကို digital မှန်ဘောင်နဲ့ထည့်ထားပြီး screen အမဲကြီးပါ သူ့ကိုကြည့်ချင်ရင်လက်ဗွေရာပေးရပါတယ်အဲ့တာမှနာရီလေးကပေါ်လာတာပါ တကယ်ခန်းနားပါတယ်။
အဲ့လောက်ပြီးပြည့်စုံတဲ့နာရီလေးကို Tag Heuer မှ 3650$ နဲ့ရောင်းချပါတယ် မြန်မာငွေနဲ့ဆို ၅၅ သိန်းနဲ့၁သောင်း၅ထောင်ပါ။
Myanmar Advertising Directory 
Source From Kingsman Group
Read times
Rate this item
(0 votes)