Valkswagen

McDonalds

Audi

IKEA

Burger King

<<< Unicode >>>
သီးခြားခွဲခွာနေခြင်းကို အလေးပေးသော ကြော်ငြာများ
--------------------
Brand တော်တော်များများက ယခုလိုကိုရိုနာ ရောဂါ ဖြစ်ပွားတဲ့ အချိန်မှာ သူတို့ ရဲ့ ကုန်အမှတ်တံဆိပ်တော်တော်များများ အား သီးခြားခွဲခွာနေခြင်းကို အလေးပေးသော ( Social Distancing ) ညွှန်းဆို အမှတ်တံဆိပ်လေးများ အဖြစ်ပုံစံပြောင်းတာကို တွေ့ရပါတယ် ဒါကလည်း မားကတ်တင်း သဘောသဘာဝ အရ ဆို ၎င်းတို့ Brand ကို Trend လိုက်ကာ Promote လုပ်ခြင်းပါပဲ။
အဲ့လို Promote တဲ့ လုပ်ငန်းစုတွေထဲမှာ အရမ်း အောင်မြင်ကျော်ကြား တဲ့ လုပ်ငန်းစုတွေဖြစ်တဲ့ Mc Donalds စားသောက်ဆိုင်လုပ်ငန်းစု ၊ ဂျာမန်ကားလုပ်ငန်းစုတွေဖြစ်တဲ့ Audi နဲ့ Volkswagen စတဲ့ Brand တွေလဲ ပါဝင်ခဲ့ သလို ၎င်းတို့ အမှတ်တံဆိပ်များ က လည်း သီးခြားခွဲခွာနေခြင်းကို အလေးပေးသော ( Social Distancing ) ညွှန်းဆို ကုန်အမှတ်တံဆိပ်များအဖြစ် ပြောင်းလဲ အသုံးပြုထားတာတွေ့ရပါတယ်။
Valkswagen

Volkswagen ရဲ့ ကုန်အမှတ်တံဆိပ်ကို ကြည့်မယ်ဆိုပါတော့ ယခင် V နှင့် W ဆက်နေရမှ ယခုဆိုရင် V နှင့် W ခွာထားပြီ သိရပါတယ်ဒါက ကိုရိုနာ ရောဂါ ဖြစ်ပွားမှု့ကြောင့် ၎င်းတို့ အနေနဲ့ လူတစ်ဦးနှင့် တစ်ဦး ၂ မီတာ အကွာ အဝေးကနေ နေစေရန်ကြောင့်လို့ ပြောပါတယ် ထို့ အပြင် V နဲ့ W အပေါ်ကနေ “ ခွာခွာ နေပေးတဲ့ အတွက် ကျေးဇူးပါ ( Thanks for keeping your distance ) ’’ ဆိုကာရေးသားထားတာတွေ့ရပါတယ်။
McDonalds

McDonalds ကတော့ သူတို့ ရဲ့ M အခုံးနှစ်ခုံးဆက်နေတဲ့ ကုန်အမှတ်တံဆိပ်ကို နှစ်ခုံးခပ်ခွာခွာ နေတဲ့ ပုံစံ အကွာအဝေးတစ်ခုကနေ တံဆိပ်အသစ်လုပ်ကာ ၎င်းတို့ Mc Donalds facebook page မှာပါတင်ထားတာတွေ့ရပါတယ်။
Audi

Audi အနေနဲ့ ကတော့ နဂို အကွင်း လေးကွင်းဆက်ရက် ရှိနေရာ မှ အဆိုပါ အကွင်းလေးကွင်းကို သီးခြား ခွဲကာ သူတို့ ရဲ့ Social Media တွေမှာ တင်ခဲ့ တာ တွေ့ရပါတယ် ထို့ အပြင် စာသားကို ‘ အိမ်မှာပဲ နေပါ ၊ လူတွေနဲ့ ခွာခွာနေပါ ၊ ကျန်းမာစွာနေပါ ၊ တစ်ဦးနှင့်တစ်ဦးထောက်ပံ့ ပေးပါ ( Stay at home, keep your distance, stay healthy, support each other – we are in this together ) ’ ဆိုကာရေးသားထားတာတွေ့ရပါတယ်။
IKEA

IKEA ကတော့ ယခင် အိမ်တံခါးပိတ်ထားတဲ့ ကုန်အမှတ်တံဆိပ်မှ ယခု တံခါးပိတ်ထားတဲ့ ကုန် အမှတ်တံဆိပ်ကို ပြောင်းလဲ ထားကာ Stay Home ( အိမ်မှာနေပါ ) လို့ ရေးသားထားတာ တွေ့ရပါတယ်။
Burger King

Burger King ကတော့ အစက ၎င်းတို့ ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ Stay home of the whopper ( အိမ်မှာ နေသ၍ နူးအိတဲ့ အသားတုံးနဲ့ လုပ်တဲ့ ဘာကာ နဲ့ ဝေးနေမှာပဲ ) ’’ ဆိုတဲ့ ဆောင်ပုဒ်ကို Stay Home ကိုသာ ချန်ထားခဲ့ပြီး Of the whopper ကို စာတန်းတစ်ကြောင်းထဲဖြင့် ခြစ်ပြီး ဖြတ်ထားတာကို တွေ့ရပါတယ်။
ဒါ့ထက် Myanmar Advertising Directory ပရိသတ်ကြီး အနေဖြင့် ယခုလိုအချိန်မှာ အိမ်မှာပဲ နေရင်း မြန်မာ့ နှစ်သစ်ကူး ကာလ ကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Myanmar Advertising Directory






