-->
×

Warning

JUser: :_load: Unable to load user with ID: 29


Audience တွေကို ဖမ်းစားနိုင်မယ့် ဒီဇိုင်းကောင်းတစ်ခုရရှိဖို့ဆိုရင်

သင့်ရဲ့ ကြော်ငြာလုပ်ငန်းအတွက် ဒီဇိုင်းပရောဂျက်တွေ လုပ်တဲ့နေရာမှာ Plan(ပြင်ဆင်ခြင်း) ဆွဲတဲ့အပိုင်းက အရေးအကြီးဆုံး ကဏ္ဍတစ်ခုဖြစ်ပါတယ်။ယနေ့ခတ် ဒီဇိုင်နာတော်တော်များများဟာ ခေါင်းထဲ ဘာ Plan မှမဆွဲသေးခင် InDesign ဖြစ်စေ Photoshop ဖြစ်စေ ဖွင့်ပြီး ပရောဂျက်အသစ် စကိုင်နေကြတာကို တွေ့ရပါတယ်။

 

Box တွေဆွဲကြမယ်၊ Type(စာလုံး) တချို့နဲ့ Image တချို့ကို ထည့်ကောင်းထည့်ကြပါလိမ့်မယ်။ ဒါပေမယ့် ပရောဂျက်တိုင်းကို စတင်ဖို့ မှန်ကန်တဲ့နည်းလမ်းကတော့ ရိုးရှင်းတဲ့ Sketch လေးတွေပါပဲ။ ကိုယ့်ရဲ့စိတ်ကူးကို ပုံဖော်နိုင်ဖို့၊ ခေါင်းထဲရောက်လာတဲ့ Idea တွေကို ရေးဆွဲဖို့ အချိန်ပေးရပါလိမ့်မယ်။

 

Idea တစ်ခုကို Brainstorm စလုပ်တဲ့အချိန်မှာ အများအားဖြင့်တော့ သမားရိုးကျအဖြစ်ဆုံး အဖြေတွေသာ ခေါင်းထဲပေါ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒါတွေကို ချဲ့ထွင်တွေးခေါ်ဖို့က အရေးကြီးပါတယ်။ ဒီလိုတွေးခေါ်နိုင်ဖို့ ကော်ဖီလေးတစ်ခွက်ယူ၊ သီချင်းလေးဖွင့်၊ အချိန်အလုံအလောက်ပေးပြီး စဉ်းစားပါ။ စမ်းသပ်ပါ။ Research လုပ်ပါ။

 

မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို နည်းပညာသုံးပြီး ဘယ်လိုသိနိုင်မလဲ...?

-------------------------------------------

 

Concept တွေကို ပေါ့ပေါ့ပါးပါးလေး Sketch ထုတ်ဖို့အတွက်လည်း မဖြစ်မနေ အချိန်နည်းနည်းလေး ပိုပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းကြော်င့ Idea အဟောင်းတွေကို ကျော်မြင်လာပြီး ပိုကောင်းတဲ့ Idea တွေ ရလာပါလိမ့်မယ်။ဒီလိုကြာရှည်လုပ်နိုင်လေ ရလဒ်တွေက ပိုကောင်းလေပါပဲ။ ဒီဇိုင်းပညာရဲ့ ထိရောက်မှုရှိတဲ့ Strategy နောက်တစ်ခုကတော့ Story ကို အသုံးပြုခြင်းပါပဲ။ ကြည့်ရူသူတွေကို ဖမ်းစားနိုင်တဲ့ အကောင်းဆုံးသော ဒီဇိုင်းတွေမှာ Story သုံးထားတာကို တွေ့ရမှာပါ။

 

Story ကောင်းတစ်ပုဒ်ဟာ ပရိသတ်ကို ဟတ်ထိစေနိုင်တဲ့ ဒီဇိုင်းကောင်းတစ်ခုဖြစ်သလို စိတ်ကျေနပ်စေကိုလည်းပေးပါတယ်။ ဒါကြောင့် ဒီဇိုင်းဆိုတာဟာ Color တွေ၊ Image တွေ နဲ့ Typography တွေထက် အများကြီးပိုတယ်ဆိုတာကို သိထားသင့်ပါတယ်။Concept တွေက အဓိကဖြစ်သလို Concept တွေကပဲ ကိုယ့်ဒီဇိုင်းကို သူများထက်ထူးခြားစေမှာပါ။ အရင်ဆုံး Concept ကောင်းတစ်ခုရဖို့အတွက် အချိန်ပေးပါက ကျန်တာတွေက သူ့အလိုလိုဖြစ်လာမှာပါ။


Myanmar Advertising Directory

Read times
Rate this item
(1 Vote)