-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့Facebook ကြော်ငြာကို Approve မပေးရခြင်းရဲ့ အကြောင်းအရင်း (၄)ချက်

သင့်ရဲ့Facebook ကြော်ငြာကို Approve မပေးရခြင်းရဲ့ အကြောင်းအရင်း (၄)ချက် Google

အများစုက Facebook Advertisment Policy တွေကိုမသိကြဘဲ ကြော်ငြာတွေကို ဒီအတိုင်းတင်နေကြပါတယ်။

ဒါကြောင့်လည်း Ad တွေတင်တဲ့အခါတိုင်း Advertising Policy နဲ့ မကိုက်ညီတာက များပြီးတော့ မကြာခဏ Reject တွေထိ နေကြရတာဖြစ်ပါတယ်။ ကြော်ငြာတွေကို Approve မပေးရတဲ့ အကြောင်းအရင်းတွေက အဓိကအားဖြင့် အချက် (၄) ချက်ထွက်လာပါတယ်။


၁။ တင်တဲ့ပုံမှာ စာသားပါဝင်နှုန်း အရမ်းများနေတာ

တင်တဲ့ဓါတ်ပုံတွေမှာ စာသားပါဝင်နှုန်း ၂၀% ကျော်နေရင် Facebook ကလက်မခံပါဘူး။ အရင်တုန်းကတော့ Text ပါဝင်မှု ၂၀% ကျော်တာနဲ့ Approve လုံးဝမပေးတော့ပဲ ပယ်ချပစ်ပါတယ်။ အခုနောက်ပိုင်း Text ပါဝင်မှု ၂၀% ကျော်တဲ့ Ad တွေကို Approve ပေးပေမယ့် Reach ရောက်တဲ့နှုန်းကိုတော့ သိသိသာသာလျော့ကျသွားအောင် လျှော့ချပစ်တာ တွေ့ရပါတယ်။


၂။ ကန့်သတ်ခေါင်းစဉ်တွေကို မဆီလျော်တဲ့ အသက်အရွယ်ပိုင်းခြားတွေဆီ Target ထားပြီး ကြော်ငြာမိတာ

လူကြီးတွေအတွက်ပဲ သင့်လျော်တဲ့ Ad တွေကို အသက်မပြည့်သေးတဲ့ သူတွေဆီ မှားယွင်းပြီး Target ထားကြော်ငြာမိရင်လည်း Ad ban တာခံရနိုင်ပါတယ်။ အခန့်မသင့်ရင် ကိုယ့်ရဲ့ Ad Account ကိုပါ Ban သွားနိုင်ပါတယ်။

Apple ရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ပေမယ့် iPhone မကိုင်တဲ့ Warran Buffett
၃။ (လုံးဝ)တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာမိတာ

တချို့အကြောင်းအရာတွေကို Facebook မှာ လုံးဝမကြော်ငြာဖို့ တိတိကျကျပြဌာန်းပြီး တားမြစ်ထားပါတယ်။ ဥပမာ
- လက်နက်၊ခဲယမ်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အရာတွေ
- နိုင်ငံရေး၊ လူမှုရေးအရ အငြင်းပွားစေမယ့် စာသား တွေ
- အတုအပလုပ်ထားတဲ့ မှတ်တမ်းမှတ်ရာနဲ့ လက်မှတ်တွေ
- ထောက်လှမ်းရေး ကိရိယာတွေ
- တားမြစ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကုန်ပစ္စည်း တွေ၊ ဝန်ဆောင်မှု တွေ (ဥပမာ။ ။ Cryptocurrency)
- Multi Level Marketing လုပ်ငန်းတွေ
- မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်စေတတ်တဲ့ ထုတ်ကုန်တွေ (ဥပမာ။ ။ ဆေးခြောက်၊ စီးကရက်၊ စီးဂါး၊ အီလက်ထရွန်းနစ် စီးကရက်)
- ပစ္စည်းတစ်ခုခုကိုအကြောင်းပြုပြီး လေလံခေါ်တာတွေ၊ လောင်းကစားတွေ ကိုတားမြစ်ထားပါတယ်။


၎။ အာမခံချက် အလွန်အကျွံပေးတာ

ကိုယ့်ကုန်ပစ္စည်းကို သုံးရင် ဘယ်လိုအကျိုးရှိမယ်ဆိုတဲ့ အာမခံချက်တွေကို ပေးတဲ့နေရာမှာလည်း အလွန်အကျွံမပေးမိဖို့လို အပ်ပါတယ်။ ဥပမာ ၂ ရက်အတွင်း ၁၀ ပေါင်ကျစေရမယ်တို့ ပထမသီတင်းပတ်ထဲမှာတင် ဝင်ငွေသိန်း ၁၀၀ ရစေရမယ်တို့လိုမျိုး လက်တွေ့မကျတဲ့ အာမခံချက်မျိုးတွေလျှောက်မပေးမိဖို့ လိုပါတယ်။

ဒီအချက်အလက်တွေကတော့ သင့်ရဲ့ကြော်ငြာကို Approve မပေးရခြင်းရဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဒါတွေကို သိထားမယ်ဆိုရင်တော့ သင့်လုပ်ငန်းကိုကြော်ငြာက Reject မထိပဲ အဆင်ပြေချောမွေ့စွာကြော်ငြာနေနိုင်မှာ ဖြစ်ပါတယ်။

Source; Growthlytics Marketing
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)