သင်သိပါသလား?
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်မှာ အဆိုပါလုပ်ငန်း(သို့)ကုန်ပစ္စည်းများအတွက် အားကောင်းတဲ့ကြော်ငြာကဏ္ဍဟာ မပါမဖြစ်အရေးကြီးဆုံးထောက်ပံ့မှုဖြစ်နေပါတယ်။
ကြော်ငြာကောင်းတစ်ခုဖြစ်လာဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီးရင်းနှီးရပေမယ့် တကယ်ကောင်းတဲ့ကြော်ငြာတစ်ခုကပဲ သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကိုအောင်မြင်ကျော်ကြားစေနိုင်သလို ဝင်ငွေလည်းတိုးစေမှာအသေအချာပါပဲ။
ဒီတော့ သင်တို့ရဲ့လုပ်ငန်းနဲ့ကုန်ပစ္စည်းများအတွက် အကျိုးသက်ရောက်မှုအားကောင်းပြီး ဝင်ငွေပိုးတိုးစေမယ့် ကြော်ငြာကမ်ပိန်း (Advertising Campaign) ကောင်းတစ်ခု ဘယ်လိုစတင်ရေးဆွဲသင့်တယ်ဆိုတဲ့ အကြံဥာဏ်လေးတွေနဲ့အားဖြည့်ပေးပါရစေ။
(၁) မိမိတို့ရဲ့စားသုံးသူအကြောင်းကို သေချာလေ့လာပါ။
- မိမိလုပ်ငန်းနဲ့ကုန်ပစ္စည်းရဲ့ဝယ်သူ(သို့)စားသုံးသူများအကြောင်း ရှင်းလင်းကွဲပြားစွာသိမှသာ ကြော်ငြာတဲ့အခါပိုမိုထိရောက်နိုင်မှာပါ။
(၂) ကြော်ငြာမယ့်နေရာကိုရွေးချယ်ပါ။
-မိမိရဲ့ဝယ်သူ(သို့)စားသုံးသူများအကြောင်း သိပြီဆိုရင်တော့ ထိုသူများမြင်တွေ့ကြားသိနိုင်ဖို့ တီဗွီ၊ ရေဒီယို၊ လမ်းညွှန်စာအုပ်၊ သတင်းစာ၊ ဂျာနယ်များနဲ့ အွန်လိုင်းအစရှိတဲ့ကြော်ငြာပလက်ဖောင်းများအနက် ဘယ်နေရာကနေကြော်ငြာမယ်ဆိုတဲ့နေရာကိုရွေးရပါမယ်။
(၃) ကြော်ငြာအတွက်သုံးမယ့် ငွေပမာဏစာရင်းကိုရေးဆွဲပါ။
- မိမိလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် ကြော်ငြာထည့်မယ့်အခါမှာ သုံးစွဲမယ့်ငွေပမာဏစာရင်းဟာ အင်မတန်အရေးကြီးလှပါတယ်။
Read More >>> သင့်ရဲ့လက်လီလုပ်ငန်းကို စနစ်တကျဦးဆောင်လုပ်ကိုင်ချင်တယ်ဆိုရင်
(၄) ကြော်ငြာမှာထည့်ချင်တဲ့ မိမိလုပ်ငန်းအကြောင်းအရာကို သေချာရွေးချယ်ပါ။
- ကြော်ငြာဆိုတာ နေရာသေးသေးလေး(သို့)အချိန်တိုလေးအတွင်းမှာ မိမိလုပ်ငန်း(သို့)ပစ္စည်းအကြောင်း စားသုံးသူများကို အသိပေးဆွဲဆောင်ရတာဖြစ်လို့ ကြော်ငြာမှာထည့်မယ့် လုပ်ငန်းအကြောင်းအရာကိုလည်း မှန်ကန်စွာရွေးချယ်ရပါမယ်။
(၅) လူတိုင်းကိုစိတ်ကျေနပ်မှုပေးဖို့ မကြိုးစားပါနဲ့။
- မိမိပစ်မှတ်ထားတဲ့ ဝယ်သူနဲ့စားသုံးသူရဲ့အာရုံစိုက်နှစ်သက်မှုကိုရရှိပြီး အောင်မြင်မှုရဖို့ကအဓိကဖြစ်တာကြောင့် လူတိုင်းရဲ့ကြိုက်နှစ်သက်မှုကိုမရလည်း ဒါကပြဿနာဖြစ်မလာနိုင်ပါဘူး။
Myanmar Advertising Directory