-->
×

Warning

JUser: :_load: Unable to load user with ID: 29


Free Gmail ကနေ လုပ်ငန်းသုံး ကိုယ်ပိုင် Email ဘယ်လိုပြောင်းသုံးမလဲ

လုပ်ငန်းရှင်များအနေနှင့် မိမိလုပ်ငန်းကို ကြော်ငြာတဲ့အခါမှာ email လိပ်စာ ထည့်လေ့ရှိကြပါတယ်။

 

Digital Age မှာ လုပ်ငန်းရှင်များက စနစ်တကျလုပ်ဆောင် တတ်ဖို့လိုလာပါတယ်။ ဒါကြောင့် မိမိရဲ့လုပ်ငန်းကြော်ငြာအတွက် Free Gmail ကိုသုံးမလား၊ ကိုယ်ပိုင်နာမည်ဖြင့် Email Address တစ်ခု သုံးမလားဆိုတာ စဉ်းစားစရာပါပဲ။

 

လုပ်ငန်းရှင်များအနေနှင့် လက်လှမ်းမှီရာ၊ အလွယ်တကူ gmail account ကို အသုံးပြုကြပါတယ်။ Gmail account က free ဖြစ်တဲ့အတွက် လူတကာ ဖွင့်ရလွယ်ကူပါတယ်။ ဥပမာ သင့်က travel & tour လုပ်ငန်းစတင်သည်ဆိုပါစို့။ ကိုယ်ရဲ့လုပ်ငန်းလေး အောင်မြင်စပြုလာချိန်မှာ ကိုယ့်လုပ်ငန်းကို ပုံတူကူးချမယ့် သူတွေရှိနေတက်ပါတယ်။

 

ဒီနေရာမှာ ကိုယ်ကသာ လုပ်ငန်းသုံး email ကို Gmail နဲ့သာ အသုံးပြုနေဦးမယ်ဆိုရင်၊ ကိုယ့်ပြိုင်ဘက်ကလည်း အလွန်ကူးချရန် လွယ်ကူသော Gmail account နာမည်ဆင်တူဖွင့်၍ လုပ်စားသွားနိုင်စရာ ရှိပါတယ်။


နောက်တစ်ခုက ကိုယ်ပိုင်နာမည်နှင့် email account ရဖို့က အနည်းဆုံး တစ်နှစ်စာကို တရားဝင် စာရင်းသွင်း ဝယ်ယူရပါတယ်။ ပြန်ဆက်ရရင် အခုလို Digital Age မှာ Email ကို ကောင်းကောင်းအသုံးချသင့်ပါတယ်။ Free Gmail က personal အသုံးပြုရန်အတွက်သာ ကောင်းပါတယ်။ ကိုယ်ပိုင်နာမည်ဖြင့် email ရှိထားခြင်းအားဖြင့် သင်၏ လုပ်ငန်းကိုပိုမို အထောက်ကူပြုစေနိုင်မှာဖြစ်ပါတယ်။

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)