၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင်ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာအကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့်ပြည်တွင်း/ပြည်ပရှိ Influencer၊ Blogger၊ Vlogger၊ Digital Marketing Agency များ၊ ကုမ္ပဏီများအနေဖြင့် (EOI) အဆိုပြုလွှာတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(က) EOI Form ရယူနိုင်သည့်နေရာ: ခရီးမြှင့်တင်ရေးဌာနခွဲ(Digital Marketing)
(ခ) ဆက်သွယ်ရန်လိပ်စာ: ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊နေပြည်တော်။
(ဂ) ဆက်သွယ်ရန်ဖုန်းနံပါတ်: ၀၆၇-၄၀၆၄၇၆
(ဃ) ပေးပို့ရမည့် Email:
This email address is being protected from spambots. You need JavaScript enabled to view it.;
This email address is being protected from spambots. You need JavaScript enabled to view it.
https://bit.ly/31LTKm2 တွင်လည်းကောင်း၊ အောက်ပါ QR Cod ကို Scan ဖတ်၍ လည်းကောင်းရယူနိုင်ပါသည်။
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန