-->
×

Warning

JUser: :_load: Unable to load user with ID: 29


Tom Cruise ဒေါ်လာသန်း ၁၀၀ စံချိန်ချိုးတဲ့ ‘Top Gun: Maverick’

Tom Cruise ဒေါ်လာသန်း ၁၀၀ စံချိန်ချိုးတဲ့ ‘Top Gun: Maverick’

 

Tom Cruise ရဲ့ မင်းသားသက်တမ်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မိုင်တိုင်ကို ပထမဆုံး ကျော်ဖြတ်နိုင်စေခဲ့တဲ့ ‘Top Gun: Maverick’ ကို မြောက်အမေရိကမှာ ရုံတင်ပြသခဲ့ရာ ပထမ ၃ ရက် ဝင်ငွေ ခန့်မှန်း‌ေြခအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၄ သန်း ရရှိခဲ့ပါတယ်လို့ Paramount Pictures က မေလ ၂၉ ရက် တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်လွှားမှာ ပြသတာကိုပါ ထည့်တွက်ရင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၈ သန်း ရရှိပါတယ်။

 

 အသက် ၅၉ နှစ်ရှိသူ မင်းသား Tom Cruise ပါဝင်တဲ့ ရုပ်ရှင်တွေ စပြခါစရက်ပိုင်းဝင်ငွေတွေမှာ ဒေါ်လာသန်း ၁၀၀ ကျော်ဖို့နေနေသာသာ သန်း ၁၀၀ အနားကိုတောင် မကပ်ခဲ့ပါဘူး။

 

သူပါဝင်သရုပ်ဆောင်ထားတဲ့ Steven Spielberg ရဲ့ “War of the Worlds” ၂၀၀၅ မှာ ရုံတင်တော့ ဒေါ်လာ ၆၄ သန်း စပြတဲ့ ရက်ပိုင်းမှာ ရခဲ့ပါတယ်။

၂၀၁၈ မှ ရုံတင်တဲ့ “Mission: Impossible — Fallout” မှာ ဒေါ်လာ ၆၁ သန်း ရခဲ့ပါတယ်။

 

“Top Gun: Maverick” ရုပ်ရှင်ရုံတွေရဲ့ ပိတ်ကားတွေပေါ် ရောက်လာဖို့ အချိန်အတော်ကြာခဲ့ပါတယ်။

ကွယ်လွန်သူ Tony Scott ရဲ့ “Top Gun” အတွဲစဉ်အဖြစ် ဖန်တီးထားတဲ့ ဇာတ်လမ်းဇာတ်ထုပ်ကို ၂၀၂၀ နွေရာသီမှာ ရုံတက်ပြသဖို့ ၂၀၁၉ ဇူလိုင်မှာ ရိုက်ကူးရေးစတင်ခဲ့ပါတယ်။

 

ဒါရိုက်တာ Joseph Kosinski ၊ ထုတ်လုပ်သူ Jerry Bruckheimer ၊ ပူးတွဲထုတ်လုပ်သူနှင့် ပူးတွဲငွေကြေးထည့်ဝင်သူ Skydance တို့ရဲ့ “Top Gun” အတွဲစဉ် ကုန်ကျစရိတ်က ဒေါ်လာ ၁၅၂ သန်း ဖြစ်ပါတယ်။ 

ကိုဗစ်ကြောင့် ရုံမတင်နိုင်တာ လတွေ နှစ်တွေညကြာနေပေမဲ့ အခြား ကုမ္ပဏီတွေလို အွန်လိုင်းနှင့် ရုပ်ရှင်ရုံ နှစ်မျိုးစပ် တင်ဆက်ခြင်းကို Cruise နှင့် Paramount PARA တို့က မလုပ်ကိုင်ကြဘဲ တောင့်ခံခဲ့ကြပါတယ်။ရုံမတင်ရလို့ အင်တာနက် အွန်လိုင်းမှာ ထုတ်လွှင့်ပြသတာကို မလုပ်ခဲ့ကြပါဘူး။

Cruise "အဲဒါကို ဘယ်တော့မှ အဖြစ်မခံဘူး" လို့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပြောကြားခဲ့ပါတယ်။

 

မြောက်အမေရိက(အမေရိကန်နှင့် ကနေဒါ)မှာ ရုပ်ရှင်ရုံ ၄,၇၃၅ ရုံ၊ နိုင်ငံတကာမှာ ၆၂ ရုံ တို့မှာ “Top Gun: Maverick” ကို ပြသပါတယ်။

 

 ကပ်ရောဂါကာလမှာ ရုံတင်ဝင်ငွေ စံချိန်များမှာ 

“Spider-Man: No Way Home” က ဒေါ်လာ သန်း ၂၆၀ ၊

 “Doctor Strange in the Multiverse of Madness” က ဒေါ်လာ ၁၈၇ သန်း၊ 

 “The Batman” က ဒေါ်လာ ၁၃၄ သန်း ရရှိပါတယ်။

“Top Gun: Maverick” က Spiderman ၊ Batman တို့လို စူပါဟီးရိုး မပါတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ကြည့်ရှုသူ ပရိသတ်မှာ ၅၅% ဝန်းကျင်က အသက် ၃၅ နှစ် အထက် ဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်မှာ ရုံတင်မယ့် “Jurassic World: Dominion” မလာခင်အထိ “Top Gun” က အရှိန်ဆက်ကောင်းနေမယ်လို့ ယူဆရပါတယ်။

အမေရိကန်နိုင်ငံနှင့် ကနေဒါ တို့ရှိ ရုပ်ရှင်ရုံများမှာ ပြသနေတဲ့ ရုပ်ရှင်ကားများရဲ့ ရုံလက်မှတ် ရောင်းရငွေ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက်စာကို Comscore က ခန့်မှန်းပေးထားပါတယ်။ 

1. “Top Gun: Maverick,” $124 million.

 2. “Doctor Strange in the Multiverse of Madness,” $16.4 million.

 3. “The Bob’s Burgers Movie,” $12.6 million.

 4. “Downton Abbey: A New Era,” $5.9 million.

 5. “The Bad Guys,” $4.6 million.

 6. “Sonic the Hedgehog 2,” $2.5 million.

 7. “Everything Everywhere All At Once,” $2.5 million.

 8. “The Lost City,” $1.8 million.

 9. “Men,” $1.2 million.

 10. “F3: Fun and Frustration,” $1 million.

 

MyanmarAdvertisingGuide

 

Read times
Rate this item
(0 votes)