-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမိုက်စားကြော်ငြာတစ်ခုဖြစ်လာဖို့ ဘယ်လိုဖန်တီးမလဲ?

အမိုက်စားကြော်ငြာတစ်ခုဖြစ်လာဖို့ ဘယ်လိုဖန်တီးမလဲ? google.com

ကျွန်တော်တို့တွေဟာ ကြော်ငြာတစ်ခုကိုဖန်တီးတော့မယ်ဆိုရင် အရင်ဆုံး Big Idea လို့ခေါ်တဲ့ အမိုက်စား Idea တစ်ခုအရင်စဉ်းစားရပါတယ်။

ပြီးရင် အဲဒီ Big Idea ကို Actual Ad execution လို့ခေါ်တဲ့ လက်တွေ့အသုံးဝင်တဲ့ကြော်ငြာတစ်ခုအကောင်အထည်ဖော်ခြင်းဆိုတဲ့ နေရာကိုရောက်အောင်ပို့ပေးရပါတယ်။

အသုံးဝင်တဲ့ကြော်ငြာကသာ Target Market ရဲ့စိတ်ဝင်စားမှုကိုအရယူနိုင်မှာကိုး။

ဒီအဆင့်တွေဟာဘာနဲ့တူသလဲလို့ ဥပမာပေးရရင် သစ်သားတုံးကြီးကို အရုပ်တစ်ခုပေါ်လာအောင် ထုဆစ်ရသလိုပါပဲ။

Big Idea လို့ခေါ်တဲ့ သစ်သားတုံးကြီးကို Actual Ad execution လို့ခေါ်တဲ့ထုဆစ်ခြင်းနဲ့စတင်ရမှာပါ။အဲဒိမှာ ဘယ်လိုထုဆစ်မလဲဆိုတဲ့ Execution Style ကအရေးကြီးလာပါပြီ။

Creative Team ကြီးဟာ Big Idea ကို Actual Ad execution လို့ခေါ်တဲ့ လက်တွေ့အသုံးဝင်တဲ့ကြော်ငြာတစ်ခုအကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ပုံဖော်မလဲဆိုတာဟာ အသေအလဲတိုက်ယူရတဲ့ စစ်ပွဲတစ်ခုလိုပါပဲ။

သူတို့ဟာ ဒီကြော်ငြာအတွက် အကောင်းဆုံးသော Approach, Style, Tone, Words နဲ့ Format တွေကိုရှာကြရပါတယ်။

အဲဒါတွေရပြီဆိုရင်တော့ Execution Styles လို့ခေါ်တဲ့ ပုံဖော်နည်းအမျိုးမျိုးနဲ့ပုံဖော်ကြရပါတယ်။

အဲဒီ Execution Styles တွေကိုဖော်ပြပေးလိုက်ပါတယ်။

 

1) Slice of Life

ဒီ style ဟာဆိုရင် လူအများစုဟာ သူ့ product ကိုပုံမှန်သုံးစွဲနေတဲ့အကြောင်း ဥပမာပေးပြီးကြော်ငြာတဲ့အမျိုးအစားဖြစ်ပါတယ်။

 

2) Lifestyle

ဒီ style ဟာဆိုရင် သူ့ product ဟာ လူတွေရဲ့နေ့စဉ်ဘ၀မှာဘယ်လိုအံဝင်ခွင်ကျဖြစ်နေတယ်ဆိုတဲ့အကြောင်းဥပမာပေးပြီးကြော်ငြာတဲ့အမျိုးအစားဖြစ်ပါတယ်။

 

3) Fantasy

ဒီ style ဟာဆိုရင် သူ့ product ကို သုံးစွဲမယ်ဆိုရင်မက်မောစရာစိတ်ကူးယဉ်ဝန်းကျင်တစ်ခုကိုရောက်သွားစေရမယ်ဆိုတဲ့အကြောင်းဥပမာပေးကြော်ငြာတဲ့ အမျိုးအစားဖြစ်ပါတယ်။

 

4) Mood or Image

ဒီ style ဟာဆိုရင် သူ့ product or service ကိုသုံးစွဲမယ်ဆိုရင် လှပနွေးထွေးတဲ့အရာလေးတွေဖြစ်ပေါ်ပိုင်ဆိုင်လာမယ်ဆိုတဲ့အကြောင်းဥပမာပေးကြော်ငြာတဲ့အမျိုးအစားဖြစ်ပါတယ်။

 

5) Musical

ဒီ style ဟာဆိုရင် မြန်မာပြည်မှာအရင်က အများဆုံးတွေရပါတယ်။

မင်းသား၊မင်းသမီးတွေ၊ကာတွန်းတွေဟာ product အကြောင်းကိုသီချင်းဆိုဖျော်ဖြေတဲ့ ပုံစံဖြစ်ပါတယ်။

 

6) Personality symbol

ဒီ style ဟာဆိုရင် သူ့ product နဲ့ သုံးစွဲသူတွေအထင်ကြီးလေးစားတဲ့ လူတစ်ဦးဦးနဲ့ နှိုင်းယှဉ်ကြော်ငြာတဲ့ အမျိုးအစားဖြစ်ပါတယ်။

 

7) Technical expertise

ဒီ style ဟာဆိုရင် သူ့ product ကိုဘယ်လိုကျွမ်းကျင်စွာထုတ်လုပ်ထားလို့ဘယ်လောက်စိတ်ချစွာသုံးစွဲနိုင်တဲ့အကြောင်းဖော်ပြကြော်ငြာတဲ့ အမျိုးအစားဖြစ်ပါတယ်။

 

8) Scientific Evidence

ဒီ style ဟာဆိုရင် သူ့ product ကို လူအထင်ကြီးသောသိပ္ပံနည်းကျလက်တွေ့သရုပ်ပြမှုများဖြင့်ပြသပြီးဆွဲဆောင်ကြော်ငြာတဲ့ အမျိုးအစားဖြစ်ပါတယ်။

 

9) Testimonial evidence or endorsement

ဒီ style ဟာဆိုရင် သူ့ product ဟာအရမ်းကိုယုံကြည်စိတ်ချပြီး သုံးလို့ကောင်းတယ်ဆိုတဲ့အကြောင်းကို တစ်ကယ့်သက်သေခံချက်နဲ့ဆွဲဆောင်ကြော်ငြာတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။

ယခုဖော်ပြသွားတဲ့ execution styles တွေဟာဆိုရင် ပုံမှန်ရိုးရိုး အမျိုးအစားတွေသာဖြစ်ပြီးအသုံးများပြီးအသုံးလည်းဝင်ပါတယ်။

ဒါတွေဟာတစ်သတ်မှတ်တည်းမှတ်ထားစရာအရာတွေမဟုတ်ပဲ အရာရာကိုဖောက်ထွင်းဆန်းသစ်ရမှာကျနော်တို့ တာဝန်ဖြစ်ပါတယ်။

Recommended for you-လူသိများစေချင်တာလား...?ယုံကြည်မှုရှိစေချင်တာလား...?

Source; advertising

Read times
Rate this item
(1 Vote)