-->
×
Warning
JUser: :_load: Unable to load user with ID: 29
လူမှုမီဒီယာပေါ်မှာ ကိုယ့်ထုတ်ကုန် ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ (၂ )
လူမှုမီဒီယာပေါ်မှာ ကိုယ့်ထုတ်ကုန် ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ (၂ ) google
မြန်မာနိုင်ငံမှာ အသုံးများဆုံး လူမှုမီဒီယာကဘာလဲ လို့မေးလိုက်တာနဲ့ ပရိသတ်အားလုံးရဲ့အဖြေက ~~~~~~
Facebook လို့တညီတသံတည်း ထွက်ကြမှာပါ။
Facebook ကို မြန်မာနိုင်ငံ နေရာအနှံ့ နယ်ရွာမှာတောင် အသုံးပြုကြတယ်။အခုကဖုန်းနံပါတ်နဲ့အလွယ်တကူ Facebook account ဖွင့်နိုင်တော့ ဖုန်းရှိတဲ့လူရဲ့၈၀ ရာခိုင်းနှုန်း(ခန့်မှန်း)လောက်က Facebook ကို အသုံးပြုလာကြတယ်
့ Facebook က မြန်မာနိုင်ငံမှာ အလွှမ်းမိုးဆုံး လူမှုမီဒီယာ ကွန်ရက်တစ်ခု ပဲဖြစ်ပါတယ်။
ိုFacebook ပေါ်မှာ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ က သူတို့ရဲ့လုပ်ငန်းတွေ သူတို့ရဲ့ထုတ်ကုန်တွေကို အပြိုင်အဆိုင်ကြေညာလာတယ်
ကိုယ်ပိုင် Page ထောင်တယ်။ Page မှာ ကိုယ့်လုပ်ငန်း ကိုယ့်ထုတ်ကုန်ရဲ့ အကြောင်း Facebook Post တင်တယ်။
အဲ့လို Postတင်တဲ့နေရာမှာ လိုအပ်တဲ့ အဓိက အချက်တွေနဲ့ ဘယ်လိုမျိုးတင်ပြီး လူတွေကို ဘယ်လိုစွဲဆောင်နိုင်မလဲဆိုတာ ပြောပြပေးပါ့မယ်။
လူမှုမီဒီယာပေါ်မှာ ကိုယ့်ထုတ်ကုန် ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ (၁)
Post မှာ စာ(Content)ရေးရင် ဒီတိုင်းရိုးရိုးရှင်းရှင်း ကြီး စာရေးသလိုမျိူးကြီးမရေးဘဲ စကားပြောလေးနဲ့ရေးပါ
ပြီးတော့ ခေတ်နဲ့အညီ စကားလေးတွေထည့်ရေးပါ (ဗန်းစကား) ။ အရှည်ကြီးတွေမရေးပါနဲ့ ၁မိနစ် ၂ မိနစ်စာလောက်ပဲရေးပါ လူတွေက စာရှည်တဲ့အခါ မဖတ်ကြတော့ပါဘူး
စာလုံးပေါင်းမှန်တာထက်စာရင် စာအရေးအသားကောင်းဖို့လိုပါတယ်
စာပိုဒ်အစ (နိဒါန်း) ကောင်းဖို့လည်း လိုပါတယ် ။ စာပိုဒ် အစ က post တစ်ခုလုံးရဲ့ အသက်ပါပဲ။လူများစုက စာပိုဒ်ရဲ့ အစ ကို ကြည့်ပြီးပဲ ဆက်ဖတ်သင့် မသင့် ဆုံးဖြတ်ကြတယ်။ အဲ့တော့စာပိုဒ် အစ လေး ကို အကောင်းဆုံး ဖန်တီးရေးဖို့ အရေးကြီးပါတယ်။
စာရေးပြီးပြီဆို ကိုကိုယ်တိုင် ဖတ်ကြည့်ပါ ။ ပြီးတော့ ကိုယ့်အသိလူတွေကို ပေးဖတ်ပါ။
သူတို့ဆီက အကြံဉာဏ်တောင်းပါ။ Comment (မှတ်ချက်)ပေးခိုင်းပါ။ ပြီးမှ အရာအားလုံးအဆင်ပြေမှ Post တင်ပါ။
အခုဒီအခြေခံအချက်လေးတွေ ကို ဖတ်ပြီး လူမှု မီဒီယာပေါ်မှာ ကိုယ့်ထုတ်ကုန်ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ လုပ်ဆောင်ရမဲ့ အခြေခံ စာ (Content) ရေးသားနည်း ကိုသိရှိသွားပီထင်ပါတယ်။
နောက်ထပ် အဲ့လို အကောင်းဆုံး Content တွေ ဖန်တီးပြီး Post တင်တဲ့အခါ လူများစုဆီရောက်အောင်လုပ်နည်း(၂)မျိုးရှိပါသေးတယ်။
အဲ့နည်း(၂)မျိုးကို လူမှု မီဒီယာပေါ်မှာ ကိုယ့်ထုတ်ကုန် ကိုယ့်လုပ်ငန်း အောင်မြင်စေဖို့ (၃ ) မှာဖော်ပြပေးသွားမှာပါ။
အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Pyae Phyo Naing (Xain)
<<<zawgyi>>>
=====================================
Post မှာ စာ(Content)ရေးရင် ဒီတိုင်းရိုးရိုးရှင်းရှင်း ကြီး စာရေးသလိုမျိုးကြီးမရေးဘဲ စကားပြောလေးနဲ့ရေးပါ
Pyae Phyo Naing (Xain)
Myanmar Advertising Directory 
Read times
Rate this item
(0 votes)