-->
×

Warning

JUser: :_load: Unable to load user with ID: 29


လက်ရှိ စီးပွားရေးလုပ်ငန်းအပြင် အသစ်တစ်ခုချဲ့ထွင်မယ်ဆိုရင် ဘာတွေလိုအပ်လဲ...?

လက်ရှိ စီးပွားရေးလုပ်ငန်းအပြင် အသစ်တစ်ခုချဲ့ထွင်မယ်ဆိုရင် ဘာတွေလိုအပ်လဲ...? Google

သင်က Business တစ်ခုလုပ်ကိုင်နေမယ် ဒါမှမဟုတ် သင့် company ဟာ ပုံမှန်အမြတ်အစွန်းနဲ့ လည်ပတ်နေနိုင်ပြီဆိုတဲ့နောက်မှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ကြီးထွားဖို့ တစ်နည်းအားဖြင့် Growth ဖြစ်ဖို့ လိုအပ်လာပါပြီ။

ဒါကို လုပ်ငန်းတိုးချဲ့ဖို့ အချိန်ကျရောက်လာပြီလို့လဲ ပြောလို့ရပါတယ်။ ဒီလို နောက်ထပ်တစ်ဆင့် Growth ဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ Growth Strategy သုံးမျိုးရှိပါတယ်။


၁။ Vertical Integration

အရင်က ကုန်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ရုံသာထုတ်လုပ်ပီး အခြားလက်လီဆိုင်တွေကို တင်သွင်းတယ်ဆိုရင် ပုံမှန်မြတ်စွန်းလာတဲ့အခါ တခြားလက်လီဆိုင်တွေသာမက မိမိကိုယ်ပိုင်ဆိုင်တစ်ခန်းထွက်ကာ လက်လီရောင်းချမယ် ဆိုရင်တော့ vertical forward Growth လို့ ခေါ် နိုင်ပါတယ်။ ဒါမှမဟုတ် မိမိထုတ်ကုန်အတွက် ကုန်ကြမ်းကို မိမိလုပ်ငန်းအတွက်သာ လက်လီဝယ်ယူနေရာက အရင်းအနှီးစိုက်ထုတ်ကာ လက်ကားဈေးနဲ့ဝယ် မိမိကုန် ပစ္စည်း ထုတ်ရာမှာလဲသုံး အခြားထုတ်လုပ်ရေးတွေကိုလဲ ပြန်ဖြန့်မယ်ဆိုရင် ဒါဟာ vertical backward growth strategy လို့ ပြောနိုင်ပါတယ်။

ဥပမာ ကမ္ဘာကျော် I Phone company ဟာ ထုတ်လုပ်ရုံသာမက Retail shop ပေါင်းများစွာကိုလဲ ပိုင်ဆိုင်ပါတယ်။ ပုံမှန်လည်ပတ်မှုရှိနေပြီဖြစ်တဲ့ SME လေးတွေဟာဆိုရင် Growth ဖြစ်ဖို့အတွက် ဒီ vertical growth strategy ဟာ အသင့်တော်လွယ်ကူဆုံး ဖြစ်သလို အန္တရာယ်လဲနည်းပါးပါတယ်။ ပထမဆုံး Growth ကို ဒီပုံစံနဲ့ရယူသင့်ပါတယ်။

သုံးစွဲသူရဲ့ လုပ်ဆောင်ချက်တွေကို အလိုအလျောက်ဖျက်ခွင့်ပေးလိုက်တဲ့ Google
၂။ Horizontal Integration

ဒီ strategy ကတော့ growth ဖြစ်ဖို့အတွက် မိမိ company နဲ့ လုပ်ငန်းတူ product တူ ထုတ်လုပ်တဲ့ပြိုင်ဖက် company ကို ဝယ်ယူပြီး growth ဖြစ်အောင်လုပ်တာ ဖြစ်ပါတယ်။ Horizontal strategy အရ ပြိုင်ဖက် company ကို ဝယ်ယူခြင်းဖြင့် နည်းပညာအသစ်များကို ရရှိနိုင်ခြင်းပြိုင်ဖက်ရဲ့ နည်းပညာနဲ့ မိမိနည်းပညာ ပေါင်းစပ်ကာ နည်းပညာသစ်များရရှိနိုင်ခြင်း၊ ပြိုင်ဖက် company ရဲ့ Brand အတိုင်း ဆက်ထုတ်နိုင်ကာ ဈေးကွက်ပိုမိုရရှိ နိုင်ခြင်း၊ competitor တစ်ယောက်ကိုလဲ အလဲထိုးပြီးဖြစ်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာရှိသလို Risk လဲ များလာတတ်ပါတယ်။

ဥပမာ ကမ္ဘာကျော် ကိုကာကိုလာမှ မြန်မာပြည်ကို စတင်ဝင်ရောက်လာတဲ့အခါမှာ ပြိုင်ဖက် Max company ကို ဝယ်ယူလိုက်တာမျိုးကို ဆိုလိုတာပါ။ Horizontal growth strategy ဟာ ပြိုင်ဖက် company ရဲ့ နည်းပညာ ဈေးကွက်ဝေစုနဲ့ Intangible Asset တွေဖြစ်တဲ့ Brand, good will, Trade mark စတာတွေအတွက် ဖြစ်လေ့ရှိပါတယ်။ ဒီ strategy ကို တော့ company ကြီးတွေကသာ အတော်များများ အသုံးပြုလေ့ရှိကြပါတယ်။


၃။ Diversification

ဒါကတော့ Growth ဖြစ်ဖို့အတွက် မိမိလက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ သဘောသဘာဝလုံးလုံးမတူတဲ့ အခြားလုပ်ငန်းတစ်ခုခုကို ပါ ပူးတွဲလုပ်ဆောင်တာမျိုးပါ ဒါကတော့ Business အသေးတွေမှာလဲ တွေ့ နိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်ကာ အစားအသောက်ရောင်းချရာကနေ ငွေဖြည့်ကဒ် လက်လီလက်ကား ထပ်တိုးချဲ့ ရောင်းတာမျိုးလို့ ပြောနိုင်ပါတယ်။ ဥပမာ UMG Myanmar ဖြစ်ပါတယ်။ Heavy mechanical များ ဖြန့်ချီတဲ့ business ကနေ Yangon water boom လိုဖျော်ဖြေရေး Wun Food လို အစားအသောက်စက်ရုံ၊ လယ်ယာသုံးစက်ပစ္စည်းစတဲ့ မတူကွဲပြားတဲ့ လုပ်ငန်းပေါင်းများစွာကို တိုးချဲ့လုပ်ကိုင်တာမျိုးဖြစ်ပါတယ်။

ဒီအတွက် လုပ်ငန်းတစ်ခုရဲ့သဘာဝအရ ဝင်ငွေနည်းပါးချိန်မှာ သူနဲ့လုပ်ငန်းသဘောမတူတဲ့ အခြား business က ဝင်ငွေရနေနိုင်တဲ့အတွက် အထောက်အပံ့ကာင်းကောင်း ဖြစ်စေနိုင်ပါတယ်။ Diversification နဲ့ growth ဖြစ်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာနယ်ပယ်မှ တစ်ကနေပြန်စရမှာဖြစ်သလို အခက်အခဲကတော့ အခြား strategy တွေ ထက်များနိုင်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အတွက် ကျွမ်းကျင်တဲ့ သူတွေကိုလည်း ရှာဖွေဖို့လိုအပ်ပါတယ်။


Credi; Kaung Hein Soe
Myanmar Advertising Directory

Read times
Rate this item
(1 Vote)