-->
×

Warning

JUser: :_load: Unable to load user with ID: 29


သုံးစွဲသူရဲ့ လုပ်ဆောင်ချက်တွေကို အလိုအလျောက်ဖျက်ခွင့်ပေးလိုက်တဲ့ Google

သုံးစွဲသူရဲ့ လုပ်ဆောင်ချက်တွေကို အလိုအလျောက်ဖျက်ခွင့်ပေးလိုက်တဲ့ Google Google

Google ဟာ သုံးစွဲသူတွေက Chrome နဲ့ app တွေအတွင်း အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်မှတ်တမ်းနဲ့ တည်နေရာ history အသေးစိတ်ကို မှတ်တမ်းထားလေ့ရှိပါတယ်။

သုံးစွဲသူတွေအနေနဲ့ အဲဒီမှတ်တမ်းတွေကို ဖျက်ပစ်မယ်ဆိုရင် အနည်းငယ်တော့ လက်ဝင်ပါတယ်။

သုံးစွဲသူအနေနဲ့ အဲဒီမှတ်တမ်းတွေကို အသုံးမပြုတဲ့အခါ Google ရဲ့ personalizaiton feature တွေများစွာကို အသုံးမပြုနိုင်ပါဘူး။ Google ဟာ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် တည်နေရာ history နဲ့ ဝက်ဘ်ဆိုက်နဲ့ app လုပ်ဆောင်ချက်တွေကို အလိုအလျောက် ဖျက်ပေးနိုင်တဲ့ feature ကို ထည့်သွင်းလိုက်ပါတယ်။

Youtube ဗီဒီယိုကနေ ကြော်ငြာခတွေ သန်းချီရနေကြတဲ့ နာမည်ကြီး (၁၀)ယောက်

သုံးစွဲသူရဲ့ အချက်အလက်တွေကို Google က ဘယ်လောက်ကြာကြာ ထိန်းသိမ်းနိုင်မယ့် အချိန်ကန့်သတ်ချက်ကို ချိန်ညှိအသုံးပြုနိုင်ပါတယ်။ Google အနေနဲ့ အချိန်ကန့်သတ်ချက်ကို ၃ လ ဒါမှမဟုတ် ၁၈ လ ဆိုပြီး ၂ ခုထည့်သွင်းထားပါတယ်။

အဲဒီကာလထက် ကြာမြင့်သွားတဲ့ အချက်အလက်တွေကို အလိုအလျောက် ဖျက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ feature ကြောင့် သုံးစွဲသူက Google ရဲ့အကြံပြုချက်တွေကို ဆက်လက်ရရှိမှာ ဖြစ်ပေမယ့် Google ဆာဗာမှာ သိမ်းဆည်းထားတဲ့ တစ်ကိုယ်ရေ အချက်အလက် ပမာဏနဲ့ အသုံးပြုနိုင်စွမ်းကို ကုမ္ပဏီက ကန့်သတ်သွားမှာ ဖြစ်ပါတယ်။

အကြံပြုချက်တွေက ဝေမျှထားတဲ့ အချက်အလက်အပေါ် အခြေခံမှာ ဖြစ်တဲ့အတွက် အရင်လောက်တော့ တိကျတော့မှာ မဟုတ်ပေမယ့် အသုံးဝင်ဦးမှာ ဖြစ်ပါတယ်။

Source; စိုးထက်
Myanmmar advertising Directory

 

Read times
Rate this item
(1 Vote)