-->
×

Warning

JUser: :_load: Unable to load user with ID: 29


Ooredoo နဲ့ Mizzima ပူးပေါင်းပြီး အထူးဒီဂျစ်တယ် ရုပ်သံလိုင်း ထုတ်လွှင့်ပြသမည်

မဇ္စျိမမီဒီယာကုမ္ပဏီ၏ Mizzima TV နှင့် ပူးပေါင်းကာ ဒီဂျစ်တယ် ရုပ်သံလိုင်းကို မိုဘိုင်းဖုန်းမှတဆင့် ကြည့်ရှုနိုင်သည့် အထူးသီးသန့် ဝန်ဆောင်မှုကို ပေးအပ်ရန်အတွက်

ယနေ့ ၂၀၁၉ခုနှစ် မတ်လ (၁)ရက်နေ့ တွင် ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

ဤအကျိုးတူပူးပေါင်းမှုမှတဆင့် အူရီဒူးသုံးစွဲသူများအနေဖြင့် ဒီဂျစ်တယ် ရုပ်သံလိုင်းဖြစ်သော Mizzima TV အား မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိုဘိုင်းအက်ပလီကေးရှင်းဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။ Mizzima TV တွင် ပြသခဲ့ပြီး ဖြစ်သော အစီအစဉ်များကိုလည်း အက်ပလီကေးရှင်း မှတစ်ဆင့် ပြန်လည်ကြည့်ရှု နိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ သုံးစွဲသူပြည်သူတွေရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေ ပိုမိုကောင်းမွန်စေဖို့ ဆန်းသစ်တဲ့ နည်းပညာတွေကို အမြဲလိုက်လံရှာဖွေနေပါတယ်။ အခုနောက်ပိုင်းဆိုရင် သတင်းအချက်အလက်နဲ့ ဗဟုသုတက တကယ်ကို အရေးကြီးလာတာဖြစ်ပြီး အားလုံးကလည်း သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ သိချင်ကြပါတယ်။

ပြည်တွင်းမှာရှိတဲ့ ဘယ်လိုလုပ်ငန်းတွေက ကြော်ငြာစရိတ် အများဆုံး သုံးနေကြလဲ

Mizzima TV နဲ့အတူ နားလည်မှုစာချွန်လွှာရေးထိုး ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ပလီကေးရှင်းကနေပြီး တကယ်ကို သတင်းအချက်အလက်နဲ့ ပြည်စုံတဲ့ ပညာရေးဆိုင်ရာ အစီအစဉ်တွေ အပြင် နောက်ဆုံးရသတင်းတွေကိုလည်းကိုလည်းတင်ဆက် ပြသပေးသောကြောင့် ဖြစ်ပါတယ်။ " ဟု အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma မှ ပြောကြားခဲ့သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်းတွင် ကြည့်ရှုခွင့်အစီအစဉ်အား မိမိစိတ်ကြိုက် နေ့စဉ် (၈၀ကျပ်) သို့မဟုတ် အပတ်စဉ် (၅၀၀) ကျပ်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ကြည့်ရှုခွင့်အစီအစဉ်သည် ကြည့်ရှုသူများအတွက် ၄င်းတို့၏ ငွေပေးချေသည့်အစီအစဉ် သက်တမ်းစေ့သွားသည့်အချိန်တွင်လည်း မည်သည့် အစီအစဉ်မျှ လက်လွှတ်မသွားစေရန် အတွက် အလိုအလျောက် သက်တမ်းတိုး ပေးသွားမည့်ဖြစ်သည်။

မဇ္စျိမမီဒီယာ လုပ်ငန်းစု၏ အယ်ဒီတာချုပ်နှင့် မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးမြင့် မှ “ကျွန်တော်တို့ရဲ့ဆောင်ပုဒ် “Be Different” ဆိုတာနဲ့အညီ ကွဲပြားခြားနားမှုတွေကို မဇ္စျိမက အမြဲလေးစားပြီး နားလည်လက်ခံပါတယ်။ ကျွန်တော်တို့ရဲ တီဗွီအစီအစဉ်တွေက လူငယ်နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအလေးထားတာကြောင့် အူရီဒူးရဲ့ ရည်သန်ချက်များ နဲ့လည်း ထပ်တူကျပါတယ်။ Mizzima TV အက်ပလီကေးရှင်း ကို အူရီဒူးသုံးစွဲ သူတွေအတွက် အရမ်းမြန်ပြီး ယုံကြည်စိတ်ချရတဲ့ ကွန်ရက်ပေါ်မှတဆင့် ကြည့်နိုင်အောင် အူရီဒူးနဲ့ ပူးပေါင်းရတာ ကျွန်တော်တို့အနေနဲ့ တကယ်ကိုဝမ်းသာပါတယ်။” ဟုပြောကြားခဲ့သည်။

သင်သာ ဝယ်သူဆိုရင် ဘယ်လိုကြော်ငြာမျိုးကို သဘောကျမလဲ?

Mizzima TV အက်ပလီကေးရှင်း အား Android ဖုန်းများတွင် http://bit.ly/2XivowJကိုဝင်ရောက်၍ ဒေါင်းလုတ် ပြုလုပ်နို်င်သည်။ အူရီဒူးဆင်းကတ်ဖြင့် သုံးစွဲသူများအနေဖြင့် အချိန်နေရာမရွေး Mizzima TV အက်ပလီကေးရှင်းပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်သည်။ Mizzima TV မိုဘိုင်း အက်ပလီကေးရှင်းမှတဆင့် Mizzima TV မှ ပြသပြီးခဲ့သော အစီအစဉ်များကိုလည်း ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Mizzima TV အက်ပလီကေးရှင်းတွင် လူငယ်များအတွက် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ကြည့်ရှုသူများမှ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် အပြန်အလှန် ဆွေးနွေးခွင့်ပေးသည့် ' 4 R Health Talk' ၊ အသိပညာပေး အစီအစဉ် ‘Surprise’၊ နိုင်ငံအတွင်းရှိ ထူးခြားသော နေရာများအားပြသသည့် ‘Tasty Trip’ ၊ ‘Colorful Myanmar’ နှင့် ‘Born to Travel’ ၊ အမျိုးသမီးများ အတွက် ‘Her World’ ၊ ‘Fitness’ နှင့် ‘Beauty Note’ အစရှိသည့် အစီအစဉ်များအား ကြည့်ရှုနိုင်သည့်အပြင် ဖျော်ဖြေရေး ၊ နိုင်ငံရေးသတင်း ၊ စီးပွားရေးသတင်း ၊ ပညာရေး ၊ အလှအပ ၊ အနုပညာ နှင့် ပြည်တွင်း ပြည်ပ မှ နောက်ဆုံးရသတင်းများ လည်းကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် နာမည်ကြီး Fox Network Group နှင့် ပူးပေါင်း၍လည်း Mizzima TV မှ မြန်မာနိုင်ငံ ကြည့်ရှုသူများအတွက် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား များအား တစ်ဦးတည်းမူပိုင်ပြသပေးသွားမည်ဖြစ်သည်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)